မင္းလွၿမိဳ႕နယ္မွာ ယာဥ္တိုက္မႈ ၅ ဦးေသ၊ ၂၀ ဒဏ္ရာရ

0
97

ပဲခူးတိုင္း၊ သာယာဝတီခ႐ိုင္၊ မင္းလွၿမိဳ႕နယ္မွာ ဘုရားပြဲေစ်းတန္းအတြင္း ဘရိတ္ေပါက္သြားတဲ့ ကားက ဝင္ေရာက္ တိုက္မိလို႔ လူ ၅ ဦး ေသဆံုးၿပီး လူ ၂၀ ဒဏ္ရာ ရရခဲ့ပါတယ္။

မေန႔က ဒီဇင္ဘာလ ၂ ရက္ေန႔ စိန္ကန္႔လန္႔ရြာ၊ ေရႊႀကီးျမင့္ ဘုန္းႀကီးေက်ာင္း ဘုရားပြဲေစ်းတန္းကုိ တင္ေမာင္ဝင္း (၃၈ ႏွစ္) ေမာင္းလာတဲ့ Faw ေျခာက္ဘီးယာဥ္က ဘရိတ္ေပါက္ၿပီး လူအုပ္ထဲ ဝင္တိုက္မိခဲ့တာ ျဖစ္ပါတယ္။ အမ်ိဳးသား ၂ ဦးနဲ႔ အမ်ိဳးသမီး ၃ ဦး၊ စုစုေပါင္း ၅ ဦး ေသဆံုးၿပီး အမ်ိဳးသား ၁၁ ဦးနဲ႔ အမ်ိဳးသမီး ၉ ဦးတို႔ ဒဏ္ရာေတြ ရရွိခဲ့ပါတယ္။

ဒဏ္ရာရသူတြကို မင္းလွျပည္သူ႔ေဆး႐ံုကို ပို႔ေဆာင္ခဲ့ၿပီး ယာဥ္ေမာင္း တင္ေမာင္ဝင္းကို ေပါ့ေလ်ာ့မႈေၾကာင့္ လူေသမႈ၊ ျပင္းထန္/သာမာန္ နာက်င္ေစမႈေတြနဲ႔ အမႈဖြင့္ စစ္ေဆးေနပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

မင်းလှမြို့နယ်မှာ ယာဉ်တိုက်မှု ၅ ဦးသေ၊ ၂၀ ဒဏ်ရာရ

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်မှာ ဘုရားပွဲဈေးတန်းအတွင်း ဘရိတ်ပေါက်သွားတဲ့ ကားက ဝင်ရောက် တိုက်မိလို့ လူ ၅ ဦး သေဆုံးပြီး လူ ၂၀ ဒဏ်ရာ ရရခဲ့ပါတယ်။

မနေ့က ဒီဇင်ဘာလ ၂ ရက်နေ့ စိန်ကန့်လန့်ရွာ၊ ရွှေကြီးမြင့် ဘုန်းကြီးကျောင်း ဘုရားပွဲဈေးတန်းကို တင်မောင်ဝင်း (၃၈ နှစ်) မောင်းလာတဲ့ Faw ခြောက်ဘီးယာဉ်က ဘရိတ်ပေါက်ပြီး လူအုပ်ထဲ ဝင်တိုက်မိခဲ့တာ ဖြစ်ပါတယ်။ အမျိုးသား ၂ ဦးနဲ့ အမျိုးသမီး ၃ ဦး၊ စုစုပေါင်း ၅ ဦး သေဆုံးပြီး အမျိုးသား ၁၁ ဦးနဲ့ အမျိုးသမီး ၉ ဦးတို့ ဒဏ်ရာတွေ ရရှိခဲ့ပါတယ်။

ဒဏ်ရာရသူတွကို မင်းလှပြည်သူ့ဆေးရုံကို ပို့ဆောင်ခဲ့ပြီး ယာဉ်မောင်း တင်မောင်ဝင်းကို ပေါ့လျော့မှုကြောင့် လူသေမှု၊ ပြင်းထန်/သာမာန် နာကျင်စေမှုတွေနဲ့ အမှုဖွင့် စစ်ဆေးနေပါတယ်။

?bph6