
0
124

နိုင်ငံတကာနဲ့ ရင်ဘောင်တန်း ဖွံ့ဖြိုးတိုးတက်လာစေဖို့ ပြည်ထောင်စုသား အားလုံးအနေနဲ့ သမိုင်းကြောင်း သင်ခန်းစာတွေ ရယူပြီး လက်တွဲကြိုးပမ်း တည်ဆောက်ကြဖို့ သမ္မတ ဦးဝင်းမြင့်က တိုက်တွန်းပြောကြားလိုက်ပါတယ်။



>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

နိုင်ငံတကာနဲ့ ရင်ဘောင်တန်းရေး သမိုင်းသင်ခန်းစာယူဖို့ သမ္မတ ဦးဝင်းမြင့် ပြော

နိုင်ငံတကာနဲ့ ရင်ဘောင်တန်း ဖွံ့ဖြိုးတိုးတက်လာစေဖို့ ပြည်ထောင်စုသား အားလုံးအနေနဲ့ သမိုင်းကြောင်း သင်ခန်းစာတွေ ရယူပြီး လက်တွဲကြိုးပမ်း တည်ဆောက်ကြဖို့ သမ္မတ ဦးဝင်းမြင့်က တိုက်တွန်းပြောကြားလိ်ုကပါတယ်။

မနေ့က ဒီဇင်ဘာလ ၂ ရက်နေ့မှာ ကျရောက်တဲ့ (၉၈) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် အခမ်းအနားကို ပေးပို့တဲ့ သဝဏ်လွှာမှာ အခုလို တိုက်တွန်းထားတာ ဖြစ်ပါတယ်။ လွတ်လပ်ရေး ရပြီးနောက် တိုင်းရင်းသားတွေအကြား ပေါ်ပေါက်ခဲ့တဲ့ နိုင်ငံရေးခံယူချက် အမျိုးမျိုးကွဲပြားမှု၊ အချင်းချင်းသံသယ ထားရှိခဲ့မှုတွေကြောင့် ပြည်တွင်းပဋိပက္ခ ရှည်ကြာပြီး ဖွံ့ဖြိုးမှု နောက်ကျခဲ့တယ်လို့ သမ္မတ ဦးဝင်းမြင့်က ပြောပါတယ်။

သမိုင်းကြောင်း သင်ခန်းစာယူပြီး လက်တွဲကြိုးပမ်းမှသာ မျိုးဆက်သစ်အတွင် ဒီမိုကရေစီ ဖက်ဒရယ် ပြည်ထောင်စုကြီးအဖြစ် အမွေအနှစ်ကို လက်ဆင့်ကမ်းပေးနိုင်လိမ့်မယ်လို့လည်း သမ္မတ ဦးဝင်းမြင့်က ပြောပါတယ်။

?bph6