
0
60




>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ဇာတ်ညွှန်းကဏ္ဍ တိုးတက်ပြောင်းလဲမှုတွေ အများကြီးရှိကြောင်း ဒါရိုက်တာ ဏကြီး ပြော

မနှစ် ၂၀၁၇ ခုနှစ်ကစပြီး ဇာတ်ညွှန်ကဏ္ဍအတွက် တိုးတက်ပြောင်းလဲမှုတွေ အများကြီး တွေ့လာရတယ်လို့ ဒါရိုက်တာ ဏကြီးက ပြောပါတယ်။

ဒီဇင်ဘာလ ၁ ရက်နေ့က ရန်ကုန်မြို့ရှိ ရုပ်ရှင်ဖွံ့ဖြိုးတိုးတက်ရေး စင်တာမှာ ဒါရိုက်တာ ဏကြီး၊ ဇော်ဇော် (Ad.leono) နဲ့ L မင်းပြည့်မွန်တို့က “ဇာတ်ညွှန်းနှင့် စိန်ခေါ်မှုများ (၁)” ခေါင်းစဉ်နဲ့ ဆွေးနွေးခဲ့ကြပါတယ်။ ပြီးခဲ့တဲ့ နှစ်ပိုင်းကစပြီး ဇာတ်ညွှန်းကဏ္ဍအတွက် တိုးတက်ပြောင်းလဲမှုတွေ အများကြီးတွေ့လာရကြောင်း၊ တကယ် ကောင်းတဲ့ ဝတ္ထုတွေ ဝယ်လာကြပြီး ဇာတ်ညွှန်းရေးတဲ့ အချိန်မှာ သေသေချာချာ ရေးလာကြကြောင်း ဒါရိုက်တာ ဏကြီးက ပြောပါတယ်။

ဇာတ်ညွှန်းအခန်းကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး ဆွေးနွေးပွဲတွေကို နှစ်ပတ်ခြားတစ်ခါ စနေနေ့တိုင်း ဆက်လက်ကျင်းပ သွားမှာ ဖြစ်ပါတယ်။

?bph6