အလုပ္ေျပာင္းေရႊ႕ရာက အခက္အခဲ ေတြ႔ႀကံဳခဲ့ရတဲ့ ျမန္မာအလုပ္ သမားေတြကို MOEAF ကူညီ

0
63

ထိုင္းႏုိင္ငံ၊ ပထုန္ဌာနီၿမိဳ႕ရွိ သြားတိုက္ေဆး စက္႐ံုမွာ အလုပ္သြင္းေပးမယ္ဆုိၿပီး ပြဲစားေတြ ေျပာထားတာေၾကာင့္ အလုပ္ရဖုိ႔ ေစာင့္ဆုိင္းေနစဥ္ ပြဲစားေတြ အဖမ္းခံရၿပီး အခက္အခဲ ႀကံဳေတြ႔ခဲ့ရတဲ့ ျမန္မာ အလုပ္သမား ၉ ဦးကုိ ထုိင္းဌာနဆိုင္ရာေတြက ဘန္ေကာက္ၿမိဳ႕ရွိ MOEAF Call Centre ကုိ ၿပီးခဲ့တဲ့ ႏိုဝင္ဘာလ ၃၀ ရက္ေန႔က လာေရာက္အပ္ႏွံေပးခဲ့ပါတယ္။

လူမႈကြန္ရက္ Facebook က ေၾကာ္ညာေတြကတစ္ဆင့္ ပြဲစားတစ္ဦးနဲ႔ အလြယ္တကူ ဆက္သြယ္မိၿပီး အဲဒီကေန ေနာက္ထပ္ပြဲစားတစ္ဦးနဲ႔ ခ်ိတ္ေပးခဲ့ တာျဖစ္ေၾကာင္း၊ သြားတုိက္ေဆး စက္႐ံုမွာ အလုပ္ရမယ္ဆုိၿပီး ေစာင္ေ့နစဥ္ ပြဲစားေတြ ဖမ္းဆီးခံခဲ့ရတဲ့အတြက္ အခုလုိ ဒုကၡေရာက္ခဲ့တာ ျဖစ္တယ္လို႔ အလုပ္သမား ကုိေဇာ္မင္းသိန္းက ေျပာပါတယ္။ အလုပ္ရွာေဖြမႈ ဝန္ေဆာင္ခအျဖစ္ အလုပ္သမားတစ္ဦးကုိ ဘတ္ေငြ ၂၅၀၀ ကေန ဘတ္ ၅၀၀၀ အထိပြဲစားေတြကုိ ေပးခဲ့ရေၾကာင္း အလုပ္သမားေတြက ေျပာပါတယ္။

အလုပ္သမား ၉ ဦးထဲမွာ MoU စနစ္နဲ႔ လာေရာက္လုပ္ကိုင္သူေတြ ပါဝင္ေနပါတယ္။ အလုပ္သမားေတြဟာ သက္ဆုိင္ရာ ေအဂ်င္စီေတြကို အေၾကာင္းမၾကားဘဲ မိမိတို႔ သေဘာဆႏၵနဲ႔ ထြက္သြားၾကတဲ့ အလုပ္သမားေတြ ျဖစ္ေၾကာင္း MOEAF အဖြဲ႕ခ်ဳပ္ အေထြေထြအတြင္းေရးမွဴး ဦးေက်ာ္ေဇာက ေျပာပါတယ္။ အဲဒီျမန္မာ အလုပ္သမားေတြကုိ ထိုင္းေအဂ်င္စီမ်ား အသင္းခ်ဳပ္တခုျဖစ္တဲ့ LTDA နဲ႔ MOEAF တို႔ ပူးေပါင္း ကူညီလုပ္ေဆာင္ေပးခဲ့တာလည္း ျဖစ္ပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

အလုပ်ပြောင်းရွှေ့ရာက အခက်အခဲ တွေ့ကြုံခဲ့ရတဲ့ မြန်မာအလုပ်သမားတွေကို MOEAF ကူညီ

ထိုင်းနိုင်ငံ၊ ပထုန်ဌာနီမြို့ရှိ သွားတိုက်ဆေး စက်ရုံမှာ အလုပ်သွင်းပေးမယ်ဆိုပြီး ပွဲစားတွေ ပြောထားတာကြောင့် အလုပ်ရဖို့ စောင့်ဆိုင်းနေစဉ် ပွဲစားတွေ အဖမ်းခံရပြီး အခက်အခဲ ကြုံတွေ့ခဲ့ရတဲ့ မြန်မာ အလုပ်သမား ၉ ဦးကို ထိုင်းဌာနဆိုင်ရာတွေက ဘန်ကောက်မြို့ရှိ MOEAF Call Centre ကို ပြီးခဲ့တဲ့ နိုဝင်ဘာလ ၃၀ ရက်နေ့က လာရောက်အပ်နှံပေးခဲ့ပါတယ်။

လူမှုကွန်ရက် Facebook က ကြော်ညာတွေကတစ်ဆင့် ပွဲစားတစ်ဦးနဲ့ အလွယ်တကူ ဆက်သွယ်မိပြီး အဲဒီကနေ နောက်ထပ်ပွဲစားတစ်ဦးနဲ့ ချိတ်ပေးခဲ့ တာဖြစ်ကြောင်း၊ သွားတိုက်ဆေး စက်ရုံမှာ အလုပ်ရမယ်ဆိုပြီး စောငေ့်နစဉ် ပွဲစားတွေ ဖမ်းဆီးခံခဲ့ရတဲ့အတွက် အခုလို ဒုက္ခရောက်ခဲ့တာ ဖြစ်တယ်လို့ အလုပ်သမား ကိုဇော်မင်းသိန်းက ပြောပါတယ်။ အလုပ်ရှာဖွေမှု ဝန်ဆောင်ခအဖြစ် အလုပ်သမားတစ်ဦးကို ဘတ်ငွေ ၂၅၀ဝ ကနေ ဘတ် ၅၀ဝ၀ အထိပွဲစားတွေကို ပေးခဲ့ရကြောင်း အလုပ်သမားတွေက ပြောပါတယ်။

အလုပ်သမား ၉ ဦးထဲမှာ MoU စနစ်နဲ့ လာရောက်လုပ်ကိုင်သူတွေ ပါဝင်နေပါတယ်။ အလုပ်သမားတွေဟာ သက်ဆိုင်ရာ အေဂျင်စီတွေကို အကြောင်းမကြားဘဲ မိမိတို့ သဘောဆန္ဒနဲ့ ထွက်သွားကြတဲ့ အလုပ်သမားတွေ ဖြစ်ကြောင်း MOEAF အဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး ဦးကျော်ဇောက ပြောပါတယ်။ အဲဒီမြန်မာ အလုပ်သမားတွေကို ထိုင်းအေဂျင်စီများ အသင်းချုပ်တခုဖြစ်တဲ့ LTDA နဲ့ MOEAF တို့ ပူးပေါင်း ကူညီလုပ်ဆောင်ပေးခဲ့တာလည်း ဖြစ်ပါတယ်။

?bph6