ဘဂၤါလီေတြ ေနရပ္ျပန္ေရး တကယ္ မျဖစ္ႏိုင္ေၾကာင္း ကုလ အရာရွိေျပာ

0
128

ဘဂၤလားေဒ့ရွ္ရွိ မြတ္စလင္ဒုကၡသည္ေတြကို ေနရပ္ျပန္ပို႔ဖို႔ ႀကိဳးပမ္းေနၾကေပမယ့္ တကယ္တမ္း လက္ေတြ႔မွာ မျဖစ္ႏိုင္ဘူးလို႔ ေကာက္ဘဇားရွိ ကုလသမဂၢ ပူးေပါင္းေဆာင္ရြက္ေရး အဆင့္ျမင့္ အရာရွိ မစၥ ဆြန္ဘူလ္ ရစ္ဇဗီက ေျပာပါတယ္။

UNHCR ရယ္၊ UNDP ရယ္၊ ျမန္မာတာဝန္ရွိသူေတြရယ္က ဒုကၡသည္ေတြ ေနရပ္ျပန္ေရး အျပဳသေဘာေဆာင္တဲ့ ပတ္ဝန္းက်င္ ဖန္တီးႏိုင္ဖို႔ ေဆြးေႏြးေနၾကပါေၾကာင္း၊ ဒါေပမယ့္ ေနရပ္ျပန္ေရးဟာ တကယ္တမ္း မျဖစ္ႏိုင္ေသးေၾကာင္း သူက ေျပာတာ ျဖစ္ပါတယ္။

အိႏၵိယႏိုင္ငံက ကာလ္ကတၱား သုေတသနအဖြဲ႔က ဦးစီးၿပီး ေျခာက္ရက္ၾကာ က်င္းပတဲ့ “ဒုကၡသည္မ်ားႏွင့္ ေရႊ႕ေျပာင္းဝင္ေရာက္သူမ်ား အကာအကြယ္ေပးေရး စနစ္” ေဆြးေႏြးပြဲမွာ မစၥ ရစ္ဇဗီက ဘဂၤါလီ ဒုကၡသည္ ၉ သိန္းအနက္ ၈၀ ရာခိုင္ႏႈန္းက အမ်ိဳးသမီးနဲ႔ ကေလးေတြ ျဖစ္ေၾကာင္း၊ ႏွိမ္နင္းခံမွာကို ေၾကာက္လန္႔ေနတဲ့ ဒီေလာက္မ်ားတဲ့ လူဦးေရးကို မျမင္ဖူးခဲ့ေၾကာင္း ေျပာပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ဘင်္ဂါလီတွေ နေရပ်ပြန်ရေး တကယ် မဖြစ်နိုင်ကြောင်း ကုလ အရာရှိပြော

ဘင်္ဂလားဒေ့ရှ်ရှိ မွတ်စလင်ဒုက္ခသည်တွေကို နေရပ်ပြန်ပို့ဖို့ ကြိုးပမ်းနေကြပေမယ့် တကယ်တမ်း လက်တွေ့မှာ မဖြစ်နိုင်ဘူးလို့ ကောက်ဘဇားရှိ ကုလသမဂ္ဂ ပူးပေါင်းဆောင်ရွက်ရေး အဆင့်မြင့် အရာရှိ မစ္စ ဆွန်ဘူလ် ရစ်ဇဗီက ပြောပါတယ်။

UNHCR ရယ်၊ UNDP ရယ်၊ မြန်မာတာဝန်ရှိသူတွေရယ်က ဒုက္ခသည်တွေ နေရပ်ပြန်ရေး အပြုသဘောဆောင်တဲ့ ပတ်ဝန်းကျင် ဖန်တီးနိုင်ဖို့ ဆွေးနွေးနေကြပါကြောင်း၊ ဒါပေမယ့် နေရပ်ပြန်ရေးဟာ တကယ်တမ်း မဖြစ်နိုင်သေးကြောင်း သူက ပြောတာ ဖြစ်ပါတယ်။

အိန္ဒိယနိုင်ငံက ကာလ်ကတ္တား သုတေသနအဖွဲ့က ဦးစီးပြီး ခြောက်ရက်ကြာ ကျင်းပတဲ့ “ဒုက္ခသည်များနှင့် ရွှေ့ပြောင်းဝင်ရောက်သူများ အကာအကွယ်ပေးရေး စနစ်” ဆွေးနွေးပွဲမှာ မစ္စ ရစ်ဇဗီက ဘင်္ဂါလီ ဒုက္ခသည် ၉ သိန်းအနက် ၈၀ ရာခိုင်နှုန်းက အမျိုးသမီးနဲ့ ကလေးတွေ ဖြစ်ကြောင်း၊ နှိမ်နင်းခံမှာကို ကြောက်လန့်နေတဲ့ ဒီလောက်များတဲ့ လူဦးရေးကို မမြင်ဖူးခဲ့ကြောင်း ပြောပါတယ်။

?bph6