ျမန္မာ-တ႐ုတ္ ပူးေပါင္းအဖြဲ႔ လူနာ ၂၀၀ ကို မ်က္စိ ခြဲစိတ္ေပး

1
121

ျမန္မာနဲ႔ တ႐ုတ္ ဆရာဝန္ေတြ ပါဝင္တဲ့အဖြဲ႔ဟာ မႏၱေလးတိုင္းေဒသႀကီးမွာ လူနာ ၂၀၀ ကို အခမဲ့ မ်က္စိခြဲစိတ္ ကုသေပးခဲ့ပါတယ္။

အတြင္းတိမ္ အခဲမဲ့ ခြဲစိတ္ကုသေပးေရး အစီအစဥ္အရ လူနာ ၁ ေထာင္ေက်ာ္ကို ကုသေပးၿပီး ျဖစ္ေၾကာင္း၊ အခုတစ္ႀကိမ္ ခြဲစိတ္ကုသေပးမႈက ငါးႀကိမ္ေျမာက္ ျဖစ္ေၾကာင္း မိခင္ႏိုင္ငံကို ျပန္အေျခခ်ေသာ တ႐ုတ္လူမ်ိဳးမ်ား ဖက္ဒေရးရွင္းအဖြဲ႔ (ACFROC) ရဲ႕ ဥကၠ႒ ဝမ္ လီကြ်န္က ေျပာပါတယ္။

တ႐ုတ္-ျမန္မာ စီးပြားေရး စႀကႍလိုပဲ အခု မ်က္စိ အခမဲ့ ခြဲစိတ္ေပးထားဟာ အက်ိဳးမ်ားတဲ့ ႏွစ္ႏိုင္ငံ ပူးေပါင္းေဆာင္ရြက္မႈျဖစ္ေၾကာင္း၊ ေဒသခံျပည္သူေတြ ဖြံ႔ၿဖိဳး တိုးတက္ေရးအတြက္ မႏၱေလးတိုင္းေဒသႀကီး အစိုးရနဲ႔ ဆက္လက္ ပူးေပါင္း ေဆာင္ရြက္ဖို႔ သႏၷိ႒ာန္ ခ်ထားေၾကာင္း မႏၱေလး ေကာင္စစ္ဝန္ခ်ဳပ္ ဝမ္ ေဇာင္ဂ်င္းက ေျပာပါတယ္။

အလင္းခရီးစဥ္ အစီအစဥ္အရ တ႐ုတ္ႏိုင္ငံ၊ ကူမင္းက ဆရာဝန္အဖြဲ႔နဲ႔ ျမန္မာဆရာဝန္အဖြဲ႔တို႔ ပူးေပါင္းကာ ခ်မ္းျမသာစည္ၿမိဳ႕နယ္ရွိ မႏၱေလး ဇီဝိတဒါန သံဃာ့ေဆး႐ံုမွာ ရဟန္းရွင္လူ ျပည္သူေတြကို အတြင္းတိမ္ အခမဲ့ ခြဲစိတ္ေပးခဲ့တာ ျဖစ္ပါတယ္။

 

<<<>>>>>>>>>>>>>>>>>>>>>>>>>

 

မြန်မာ-တရုတ် ပူးပေါင်းအဖွဲ့ လူနာ ၂၀ဝ ကို မျက်စိ ခွဲစိတ်ပေး
မြန်မာနဲ့ တရုတ် ဆရာဝန်တွေ ပါဝင်တဲ့အဖွဲ့ဟာ မန္တလေးတိုင်းဒေသကြီးမှာ လူနာ ၂၀ဝ ကို အခမဲ့ မျက်စိခွဲစိတ် ကုသပေးခဲ့ပါတယ်။
အတွင်းတိမ် အခဲမဲ့ ခွဲစိတ်ကုသပေးရေး အစီအစဉ်အရ လူနာ ၁ ထောင်ကျော်ကို ကုသပေးပြီး ဖြစ်ကြောင်း၊ အခုတစ်ကြိမ် ခွဲစိတ်ကုသပေးမှုက ငါးကြိမ်မြောက် ဖြစ်ကြောင်း မိခင်နိုင်ငံကို ပြန်အခြေချသော တရုတ်လူမျိုးများ ဖက်ဒရေးရှင်းအဖွဲ့ (ACFROC) ရဲ့ ဥက္ကဋ္ဌ ဝမ် လီကျွန်က ပြောပါတယ်။
တရုတ်-မြန်မာ စီးပွားရေး စင်္ကြံလိုပဲ အခု မျက်စိ အခမဲ့ ခွဲစိတ်ပေးထားဟာ အကျိုးများတဲ့ နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှုဖြစ်ကြောင်း၊ ဒေသခံပြည်သူတွေ ဖွံ့ဖြိုး တိုးတက်ရေးအတွက် မန္တလေးတိုင်းဒေသကြီး အစိုးရနဲ့ ဆက်လက် ပူးပေါင်း ဆောင်ရွက်ဖို့ သန္နိဋ္ဌာန် ချထားကြောင်း မန္တလေး ကောင်စစ်ဝန်ချုပ် ဝမ် ဇောင်ဂျင်းက ပြောပါတယ်။
အလင်းခရီးစဉ် အစီအစဉ်အရ တရုတ်နိုင်ငံ၊ ကူမင်းက ဆရာဝန်အဖွဲ့နဲ့ မြန်မာဆရာဝန်အဖွဲ့တို့ ပူးပေါင်းကာ ချမ်းမြသာစည်မြို့နယ်ရှိ မန္တလေး ဇီဝိတဒါန သံဃာ့ဆေးရုံမှာ ရဟန်းရှင်လူ ပြည်သူတွေကို အတွင်းတိမ် အခမဲ့ ခွဲစိတ်ပေးခဲ့တာ ဖြစ်ပါတယ်။

?bph6