ျပန္လည္ေနရာခ်ထားရာမွာ  မုိင္းရွင္းလင္းေရးကိစၥဟာ အေရးႀကီးဆုံး ကိစၥရပ္ျဖစ္ေၾကာင္း လူကယ္ျပန္၀န္ႀကီးေျပာၾကား

0
481

ဒုကၡသည္စခန္းေတြကုိပိတ္သိမ္းၿပီး ျပန္လည္ေနရာခ်ထားရာမွာ မုိင္းရွင္းလင္းေရးကိစၥဟာ အလြန္အေရးႀကီးတဲ့ ကိစၥရပ္တစ္ခုျဖစ္ေၾကာင္း ကယ္ဆယ္ေရးႏွင့္ျပန္လည္ေနရာခ်ထားေရး ၀န္ႀကီးဌာန ျပည္ေထာင္စု၀န္ႀကီး ေဒါက္တာ၀င္းျမတ္ေအးက ေျပာၾကားလုိက္ပါတယ္။

နုိ၀င္ဘာလ ၂၉ရက္ေန႔က ေနျပည္ေတာ္ရွိ Horizon Lake view ဟုိတယ္မွာျပဳလုပ္တဲ့ ျမန္မာနုိင္ငံအတြင္း အေၾကာင္းအမ်ိဳးမ်ဳိးေၾကာင့္ ဖြင့္လွစ္ထားရွိတဲ့ IDP စခန္းေတြ ပိတ္သိမ္းနုိင္ေရး အတြက္ အမ်ဳိးသားအဆင့္ မဟာ ဗ်ဴဟာ ေရးဆြဲေရးဆုိင္ရာ အလုပ္ရုံေဆြးေႏြးပြဲျပဳလုပ္ခဲ့တာျဖစ္ပါတယ္။

ကခ်င္ျပည္နယ္နဲ႔ရွမ္းျပည္နယ္ဘက္မွာ  ျပန္လည္ေနရာခ်ထားေရးကိစၥေတြ ေဆာင္ရြက္တဲ့အခါမွာ မုိင္းရွင္းလင္းေရးကိစၥရပ္ဟာ အေရးႀကီးေၾကာင္းနဲ႔ မုိင္းရွင္းလင္းေရးနဲ႔ပက္သက္ၿပီး တာ၀န္ရွိသူေတြ အားလုံး ပူးေပါင္းပါ၀င္ၾကဖို႔ လိုအပ္ေၾကာင္း ျပည္ေထာင္စု ၀န္ႀကီးတုိက္တြန္းေျပာၾကားခဲ့တာျဖစ္ပါတယ္။

နုိင္ငံအတြင္းရွိ ဒုကၡသည္စခန္းတစ္ခုခ်င္းစီရဲ႕ ျဖစ္ပ်က္မႈေတြဟာ မတူညီၾကတဲ့အတြက္ နုိင္ငံေရးအရ စဥ္းစားရမွာျဖစ္သလုိ လူမႈေရးအရ စဥ္းစားရမွာျဖစ္ေၾကာင္းမိန္႔ခြန္းမွာထည့္သြင္းေျပာၾကားခဲ့ပါတယ္။

 

<>>>>>>>>>>>>>>>>>>>>>>>

 

ပြန်လည်နေရာချထားရာမှာ မိုင်းရှင်းလင်းရေးကိစ္စဟာ အရေးကြီးဆုံး ကိစ္စရပ်ဖြစ်ကြောင်း လူကယ်ပြန်ဝန်ကြီးပြောကြား

ဒုက္ခသည်စခန်းတွေကိုပိတ်သိမ်းပြီး ပြန်လည်နေရာချထားရာမှာ မိုင်းရှင်းလင်းရေးကိစ္စဟာ အလွန်အရေးကြီးတဲ့ ကိစ္စရပ်တစ်ခုဖြစ်ကြောင်း ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက ပြောကြားလိုက်ပါတယ်။

နိုဝင်ဘာလ ၂၉ရက်နေ့က နေပြည်တော်ရှိ Horizon Lake view ဟိုတယ်မှာပြုလုပ်တဲ့ မြန်မာနိုင်ငံအတွင်း အကြောင်းအမျိုးမျိုးကြောင့် ဖွင့်လှစ်ထားရှိတဲ့ IDP စခန်းတွေ ပိတ်သိမ်းနိုင်ရေး အတွက် အမျိုးသားအဆင့် မဟာ ဗျူဟာ ရေးဆွဲရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲပြုလုပ်ခဲ့တာဖြစ်ပါတယ်။

ကချင်ပြည်နယ်နဲ့ရှမ်းပြည်နယ်ဘက်မှာ ပြန်လည်နေရာချထားရေးကိစ္စတွေ ဆောင်ရွက်တဲ့အခါမှာ မိုင်းရှင်းလင်းရေးကိစ္စရပ်ဟာ အရေးကြီးကြောင်းနဲ့ မိုင်းရှင်းလင်းရေးနဲ့ပက်သက်ပြီး တာဝန်ရှိသူတွေ အားလုံး ပူးပေါင်းပါဝင်ကြဖို့ လိုအပ်ကြောင်း ပြည်ထောင်စု ဝန်ကြီးတိုက်တွန်းပြောကြားခဲ့တာဖြစ်ပါတယ်။

နိုင်ငံအတွင်းရှိ ဒုက္ခသည်စခန်းတစ်ခုချင်းစီရဲ့ ဖြစ်ပျက်မှုတွေဟာ မတူညီကြတဲ့အတွက် နိုင်ငံရေးအရ စဉ်းစားရမှာဖြစ်သလို လူမှုရေးအရ စဉ်းစားရမှာဖြစ်ကြောင်းမိန့်ခွန်းမှာထည့်သွင်းပြောကြားခဲ့ပါတယ်။