လူငယ်မူဝါဒပြဌာန်းချက်ထဲမှ အချက်အလက်တွေ အကောင်အထည်ဖော်ဖို့ ကြန့်ကြာနေဆဲ

0
700







လူငယ်မူဝါဒပြဌာန်းခဲ့တာ တစ်နှစ်ပြည့်တော့မယ့် အချိန်အထိ မူဝါဒထဲမှာပါတဲ့ အချက်အလက်တွေကို အကောင်အထည်ဖော်ဖို့ ကြန့်ကြာနေဆဲပဲလို့ ပြည်ထောင်စုကိုယ်စားလှယ်ကပြောပါတယ်။ ဒီသတင်းကိုတော့ MCN သတင်းထောက် စိုင်းဟန်က ပေးပို့ထားပါတယ်။

လူငယ်မူဝါဒကို ဝ၁၈ခုနှစ် နှစ်ဆန်းပိုင်းကတည်းက ပြဌာန်းခဲ့ပေမယ့် မူဝါဒထဲမှာပါတဲ့ အချက်အလက်တွေကို အကောင်အထည်ဖော်တဲ့နေရာမှာ သက်ဆိုင်ရာအစိုးရအဖွဲ့အစည်းတွေ၊ လူငယ်အဖွဲ့အစည်းတွေနဲ့ အရပ်ဖက်အဖွဲ့အစည်းတွေရဲ့ ပူးပေါင်းလုပ်ဆောင်မှုအားနည်းနေတာကြာင့် ကြန့်ကြာနေတယ်လို့ ပြည်ထောင်စုကိုယ်စားလှယ် ကိုထက်ပိုင်းစိုးကပြောပါတယ်။
နိုဝင်ဘာလ ၂၈ရက်က ရန်ကုန်မြို့ လူမှုဝန်ထမ်းဦးစီးဌာန အတတ်သင်သိပံ္ပ ကျောင်း(ကျိုက်ဝိုင်း)မှာ လူငယ် မူဝါဒဆိုင်ရာ မဟာဗျူဟာကို အကောင်အထည်ဖော်နိုင်ရေး လုပ်ငန်းအကြို ညှိနှိုင်းဆွေးနွေး ပွဲမှာ အခုလိုပြောဆိုခဲ့တာပါ။

Soundbite- ကိုထက်ပိုင်စိုး (ပြည်ထောင်စုကိုယ်စားလှယ်)ရန်ကုန်တိုင်းဒေသကြီး လူငယ်ရေးရာကော်မတီ

ဒါ့အပြင် မြန်မာနိုင်ငံတစ်ဝန်းမှာရှိတဲ့ ပြည်နယ် နဲ့ တိုင်းဒေသကြီးက လူငယ်တွေရဲ့ အသံတွေနဲ့ အခက်အခဲလိုအပ်ချက်တွေ အားလုံးပါဝင်လာနိုင်ဖို့အတွက် လုပ်ဆောင်နေရတာကြောင့် မူဝါဒထဲမှာပါတဲ့ အချက်အလက်တွေကို အကောင်အထည်ဖော်ဖို့ ကြန့်ကြာနေရတာဖြစ်ပါတယ်။

Soundbite- ကိုထက်ပိုင်စိုး (ပြည်ထောင်စုကိုယ်စားလှယ်)ရန်ကုန်တိုင်းဒေသကြီး လူငယ်ရေးရာကော်မတီ

၂၀၁၈ခုနှစ် ဇန်နဝါရီလမှာ ထုတ်ပြန်ခဲ့တဲ့ လူငယ်ရေးရာမူဝါဒကို အမျိုးသားအဆင့် မဟာဗျူဟာ ရေးဆွဲနေတာ တစ်နှစ်နီးပါးကြာမြင့်လာတဲ့အထိ လူငယ်တွေအတွက် အကာအကွယ်ပေးမှု နဲ့ တာဝန်ယူမှုနဲ့ တာဝန်ခံမှုတွေ တစ်စုံတစ်ရာ ပြုလုပ်နိုင်ခြင်းမရှိသေးတာကြောင့် အရပ်ဘက်လူငယ်အဖွဲ့အစည်းတွေက ဝေဖန်မှုတွေရှိနေတာဖြစ်ပါတယ်ခင်ဗျား။