အမ်ိဳးသမီးယာဥ္ေမာင္းေတြ ေမာင္းႏွင္တဲ့ ဘတ္စ္ကားလိုင္းမွာ ယာဥ္တိုက္မႈ ကင္းရွင္း

0
176

ရန္ကုန္ဘတ္စ္ကား ယာဥ္လိုင္းစနစ္မွာ ေမာင္းႏွင္ေနတဲ့ အမ်ဳိးသမီးယာဥ္ေမာင္းေတြနဲ႔ ပတ္သက္ၿပီး မေက်နပ္လို႔ တိုင္ၾကားတာ မရွိသလို ယာဥ္တိုက္မႈျဖစ္စဥ္ေတြလည္း မရွိခဲ့ဘူးလို႔ Power Eleven Co.,ltd က ေျပာပါတယ္။ ဒီသတင္းကို MCN သတင္းေထာက္ ေဌးေဌးက ေပးပို႔ ထားပါတယ္။

အရင္က ေမာ္ေတာ္ယာဥ္လိုင္းေပါင္းစံု ထိန္းသိမ္းေရးႀကီးၾကပ္မႈ ဗဟိုေကာ္မတီ (မထသ) လက္ထက္ ၂၀၁၄ ခုႏွစ္က စတင္ၿပီး အမ်ဳိးသမီးစပယ္ယာလိုင္စင္ ေျဖဆိုခြင့္ကို ပထမဆံုးအႀကိမ္ခြင့္ျပဳခဲ့တာေၾကာင့္ အမ်ဳိးသမီးယာဥ္အကူေတြ ထြက္ေပၚလာခဲ့ပါတယ္။

မထသ ကေန YBS စနစ္ေျပာင္းလဲၿပီး ခရီးသြားျပည္သူေတြကို ပို႔ေဆာင္ေပးေနတဲ့ စီးတီးဘတ္စ္ကားႀကီးေတြကို အမ်ိဳးသမီးယာဥ္ေမာင္းေတြ ေမာင္းႏွင္ႏိုင္ဖို႔ စနစ္တက်ေလ့ က်င့္သင္ၾကားေပးခဲ့တာေၾကာင့္ ခရီးသည္သယ္ယူပို႔ေဆာင္ေရးက႑အတြက္ အမ်ဳိးသမီးယာဥ္ေမာင္းေတြ ထြက္ေပၚလာခဲ့တာျဖစ္ပါတယ္။

ရန္ကုန္ဘတ္စ္ကား အမ်ားပိုင္ကုမၸဏီဖြဲ႕စည္းခဲ့တဲ့ ၂ ႏွစ္တာကာလအတြင္း အမ်ဳိးသမီးယာဥ္ေမာင္းေတြ ေမာင္းႏွင္တဲ့ ဘတ္စ္ကားလိုင္းေတြမွာ ခရီးသည္ေတြနဲ႔ ျပသနာတစ္စံုတစ္ရာျဖစ္ေပၚခဲ့တာနဲ႔ ယာဥ္တိုက္မႈျဖစ္စဥ္ေတြ လုံး၀မရွိခဲ့ဘူးလို႔ Power Eleven Co.,ltd ရဲ႕ မန္ေနဂ်င္းဒါ႐ိုက္တာက ေျပာပါတယ္။

Soundbite; ကိုတရုတ္ေလး ( မန္ေနးဂ်င္းဒါရိုက္တာ )
(Power Eleven Co,ltd)

လက္ရွိ YBS ယာဥ္လိုင္းေတြျဖစ္တဲ့ လူထုမိတ္ေဆြယာဥ္လိုင္းကို ေမာင္းႏွင္ေနတဲ့ အမ်ဳိးသမီးယာဥ္ေမာင္း ၃ ဦးနဲ႔ အင္းစိန္လမ္းေၾကာင္းကို ေမာင္းႏွင္ေနတဲ့ အမ်ဳိးသမီးယာဥ္ေမာင္း ၆ ဦးအထိ ရွိပါတယ္။
ဒါ့အျပင္ လိုင္စင္သက္တမ္း ၅ ႏွစ္မျပည့္ေသးလို႔ ေစာင့္ဆိုင္းေနတဲ့ အမ်ဳိးသမီးယာဥ္ေမာင္းအခ်ဳိ႕လည္း ရွိၿပီး လိုင္စင္သက္တမ္း သံုးႏွစ္ျပည့္မွ YRTA ကေခၚယူမယ့္ သင္တန္းကို ၀င္ေရာက္ေျဖဆိုႏိုင္မွာ ျဖစ္တယ္လို႔ ေျပာပါတယ္။

Soundbite; ကိုတရုတ္ေလး ( မန္ေနးဂ်င္းဒါရိုက္တာ )
(Power Eleven Co,ltd)

ခရီးသည္တင္ ဘတ္စ္ကားေမာင္းႏွင္ဖို႔ စိတ္၀င္စားတဲ့ အမ်ဳိးသမီးေတြကို ယာဥ္ေမာင္းေခၚယူရာမွာ ပညာအရည္အခ်င္းကို အဓိကမထားဘဲ က်န္းမာေရးေကာင္းမြန္ၿပီး ၀ါသနာပါသူ အနာဂတ္ရည္မွန္းခ်က္ ရွိသူ ဘယ္သူမဆို ေလွ်ာက္ထားႏိုင္တယ္လို႔ေျပာပါတယ္ရွင္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ရန်ကုန်ဘတ်စ်ကား ယာဉ်လိုင်းစနစ်မှာ မောင်းနှင်နေတဲ့ အမျိုးသမီးယာဉ်မောင်းတွေနဲ့ ပတ်သက်ပြီး မကျေနပ်လို့ တိုင်ကြားတာ မရှိသလို ယာဉ်တိုက်မှုဖြစ်စဉ်တွေလည်း မရှိခဲ့ဘူးလို့ Power Eleven Co.,ltd က ပြောပါတယ်။ ဒီသတင်းကို MCN သတင်းထောက် ဌေးဌေးက ပေးပို့ ထားပါတယ်။

အရင်က မော်တော်ယာဉ်လိုင်းပေါင်းစုံ ထိန်းသိမ်းရေးကြီးကြပ်မှု ဗဟိုကော်မတီ (မထသ) လက်ထက် ၂၀၁၄ ခုနှစ်က စတင်ပြီး အမျိုးသမီးစပယ်ယာလိုင်စင် ဖြေဆိုခွင့်ကို ပထမဆုံးအကြိမ်ခွင့်ပြုခဲ့တာကြောင့် အမျိုးသမီးယာဉ်အကူတွေ ထွက်ပေါ်လာခဲ့ပါတယ်။

မထသ ကနေ YBS စနစ်ပြောင်းလဲပြီး ခရီးသွားပြည်သူတွေကို ပို့ဆောင်ပေးနေတဲ့ စီးတီးဘတ်စ်ကားကြီးတွေကို အမျိုးသမီးယာဉ်မောင်းတွေ မောင်းနှင်နိုင်ဖို့ စနစ်တကျလေ့ ကျင့်သင်ကြားပေးခဲ့တာကြောင့် ခရီးသည်သယ်ယူပို့ဆောင်ရေးကဏ္ဍအတွက် အမျိုးသမီးယာဉ်မောင်းတွေ ထွက်ပေါ်လာခဲ့တာဖြစ်ပါတယ်။

ရန်ကုန်ဘတ်စ်ကား အများပိုင်ကုမ္ပဏီဖွဲ့စည်းခဲ့တဲ့ ၂ နှစ်တာကာလအတွင်း အမျိုးသမီးယာဉ်မောင်းတွေ မောင်းနှင်တဲ့ ဘတ်စ်ကားလိုင်းတွေမှာ ခရီးသည်တွေနဲ့ ပြသနာတစ်စုံတစ်ရာဖြစ်ပေါ်ခဲ့တာနဲ့ ယာဉ်တိုက်မှုဖြစ်စဉ်တွေ လုံးဝမရှိခဲ့ဘူးလို့ Power Eleven Co.,ltd ရဲ့ မန်နေဂျင်းဒါရိုက်တာက ပြောပါတယ်။

Soundbite; ကိုတရုတ်လေး ( မန်နေးဂျင်းဒါရိုက်တာ )
(Power Eleven Co,ltd)

လက်ရှိ YBS ယာဉ်လိုင်းတွေဖြစ်တဲ့ လူထုမိတ်ဆွေယာဉ်လိုင်းကို မောင်းနှင်နေတဲ့ အမျိုးသမီးယာဉ်မောင်း ၃ ဦးနဲ့ အင်းစိန်လမ်းကြောင်းကို မောင်းနှင်နေတဲ့ အမျိုးသမီးယာဉ်မောင်း ၆ ဦးအထိ ရှိပါတယ်။
ဒါ့အပြင် လိုင်စင်သက်တမ်း ၅ နှစ်မပြည့်သေးလို့ စောင့်ဆိုင်းနေတဲ့ အမျိုးသမီးယာဉ်မောင်းအချို့လည်း ရှိပြီး လိုင်စင်သက်တမ်း သုံးနှစ်ပြည့်မှ YRTA ကခေါ်ယူမယ့် သင်တန်းကို ဝင်ရောက်ဖြေဆိုနိုင်မှာ ဖြစ်တယ်လို့ ပြောပါတယ်။

Soundbite; ကိုတရုတ်လေး ( မန်နေးဂျင်းဒါရိုက်တာ )
(Power Eleven Co,ltd)

ခရီးသည်တင် ဘတ်စ်ကားမောင်းနှင်ဖို့ စိတ်ဝင်စားတဲ့ အမျိုးသမီးတွေကို ယာဉ်မောင်းခေါ်ယူရာမှာ ပညာအရည်အချင်းကို အဓိကမထားဘဲ ကျန်းမာရေးကောင်းမွန်ပြီး ဝါသနာပါသူ အနာဂတ်ရည်မှန်းချက် ရှိသူ ဘယ်သူမဆို လျှောက်ထားနိုင်တယ်လို့ပြောပါတယ်ရှင်။

?bph6