ပဋိပကၡေဒသေတြမွာ အမ်ိဳးသမီးေတြ အဓမၼျပဳက်င့္ခံရမႈ တရားမွ်တမႈ လိုအပ္

0
576

ျမန္မာ၊ ႏိုင္ဂ်ီးရီးယားနဲ႔ အီရတ္တို႔လို ပဋိပကၡျဖစ္ပြားတဲ့ ေဒသေတြရွိေနတဲ့ ႏိုင္ငံေတြမွာ အၾကမ္းဖက္သမားေတြနဲ႔ လက္နက္ကိုင္ အဖြဲ႔ေတြက အမ်ိဳးသမီးေတြအေပၚ အဓမၼျပဳက်င့္မႈေတြကို တရားမွ်တမႈရွိေအာင္ ထုတ္ေဖာ္လုပ္ေဆာင္ဖို႔ လိုတယ္လို႔ ၿဗိတိန္ ႏိုင္ငံျခားေရး ဝန္ႀကီးေဟာင္းက ေတာင္းဆိုလိုက္ပါတယ္။

 

ၿဗိတိန္ ႏိုင္ငံျခားေရး ဝန္ႀကီးေဟာင္း ဝီလွ်ံ ဟိတ္နဲ႔ ေဟာလိဝုဒ္ မင္းသမီး အင္ဂ်လီနာ ဂ်ိဳလီတို႔က ေျခာက္ႏွစ္ၾကာ စံုစမ္းေလ့လာမႈေတြ လုပ္ခဲ့ၿပီးေနာက္ အခုလို ေတာင္းဆိုတာ ျဖစ္ပါတယ္။ ဟိတ္နဲ႔ ဂ်ိဳလီတို႔ ၂၀၁၂ ခုႏွစ္က စတင္ၿပီး ေလ့လာျပဳစုခဲ့တဲ့ လိင္ပိုင္းဆိုင္ရာ အၾကမ္းဖက္မႈ တားဆီးေရး အစီရင္ခံစာမွာ ပဋိပကၡျဖစ္ပြားရာ ေဒသအတြင္း အဓၶမျပဳက်င့္မႈေတြ ရပ္တန္႔ဖို႔၊ သားေကာင္ျဖစ္ခဲ့ရသူေတြ ျပန္လည္ထူေထာင္ေရး အကူအညီေပးဖို႔ လုပ္ေဆာင္မႈေတြမွာ ထူးျခားတဲ့ ရလဒ္ေတြ မရွိခဲ့ဘူးလို႔ ေဝဖန္ထားပါတယ္။

လိင္ပိုင္းဆိုင္ရာ အၾကမ္းဖက္မႈေတြနဲ႔ ပတ္သက္လို႔ IS အစၥလာမ္ အစြန္းေရာက္အဖြဲ႔၊ ဘိုကိုဟာရမ္ အၾကမ္းဖက္အဖြဲ႔၊ ျမန္မာႏိုင္ငံရွိ လက္နက္ကိုင္အဖြဲ႔ေတြထဲက အဖြဲ႔ဝင္ တစ္ဦးကိုမွ တရား႐ံုးကို တင္ႏိုင္တာ မရွိဘူးလို႔ မစၥတာ ဟိတ္က ေျပာပါတယ္။

 

<>>>>>>>>>>>>>>>>>>>>>>>

 

ပဋိပက္ခဒေသတွေမှာ အမျိုးသမီးတွေ အဓမ္မပြုကျင့်ခံရမှု တရားမျှတမှု လိုအပ်
မြန်မာ၊ နိုင်ဂျီးရီးယားနဲ့ အီရတ်တို့လို ပဋိပက္ခဖြစ်ပွားတဲ့ ဒေသတွေရှိနေတဲ့ နိုင်ငံတွေမှာ အကြမ်းဖက်သမားတွေနဲ့ လက်နက်ကိုင် အဖွဲ့တွေက အမျိုးသမီးတွေအပေါ် အဓမ္မပြုကျင့်မှုတွေကို တရားမျှတမှုရှိအောင် ထုတ်ဖော်လုပ်ဆောင်ဖို့ လိုတယ်လို့ ဗြိတိန် နိုင်ငံခြားရေး ဝန်ကြီးဟောင်းက တောင်းဆိုလိုက်ပါတယ်။
ဗြိတိန် နိုင်ငံခြားရေး ဝန်ကြီးဟောင်း ဝီလျှံ ဟိတ်နဲ့ ဟောလိဝုဒ် မင်းသမီး အင်ဂျလီနာ ဂျိုလီတို့က ခြောက်နှစ်ကြာ စုံစမ်းလေ့လာမှုတွေ လုပ်ခဲ့ပြီးနောက် အခုလို တောင်းဆိုတာ ဖြစ်ပါတယ်။ ဟိတ်နဲ့ ဂျိုလီတို့ ၂၀၁၂ ခုနှစ်က စတင်ပြီး လေ့လာပြုစုခဲ့တဲ့ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု တားဆီးရေး အစီရင်ခံစာမှာ ပဋိပက္ခဖြစ်ပွားရာ ဒေသအတွင်း အဓ္ဓမပြုကျင့်မှုတွေ ရပ်တန့်ဖို့၊ သားကောင်ဖြစ်ခဲ့ရသူတွေ ပြန်လည်ထူထောင်ရေး အကူအညီပေးဖို့ လုပ်ဆောင်မှုတွေမှာ ထူးခြားတဲ့ ရလဒ်တွေ မရှိခဲ့ဘူးလို့ ဝေဖန်ထားပါတယ်။
လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေနဲ့ ပတ်သက်လို့ IS အစ္စလာမ် အစွန်းရောက်အဖွဲ့၊ ဘိုကိုဟာရမ် အကြမ်းဖက်အဖွဲ့၊ မြန်မာနိုင်ငံရှိ လက်နက်ကိုင်အဖွဲ့တွေထဲက အဖွဲ့ဝင် တစ်ဦးကိုမှ တရားရုံးကို တင်နိုင်တာ မရှိဘူးလို့ မစ္စတာ ဟိတ်က ပြောပါတယ်။