
0
502


 



 

<>>>>>>>>>>>>>>>>>>>>>>>>

 

တရုတ် ယဉ်ကျေးမှုစင်တာမှာ သင်တန်း သုံးခု အခမဲ့ဖွင့်လှစ် သင်ကြားပေးမယ်
ရန်ကုန်မြို့ရှိ တရုတ် ယဉ်ကျေးမှုစင်တာမှာ အခု နိုဝင်ဘာလအတွင်း သင်တန်းသစ်တွေအဖြစ် သင်တန်း သုံးခုကို အခမဲ့ ဖွင့်လှစ်သင်ကြားပေးမယ်လို့ ဆင်ဟွာ သတင်းဌာနက ဖော်ပြပါတယ်။
အသစ်ဖွင့်လှစ်မယ့် သင်တန်းတွေက တရုတ်ရိုးရာ အကသင်တန်း၊ တရုတ်စာ လက်ရေးလှနဲ့ ရိုးရာ ပန်းချီဆွဲသင်တန်း၊ တရုတ်ရိုးရာ ဟူလူစီ တီးမှုတ် တူရိယာသင်တန်းတွေကို အခမဲ့ ဖွင့်လှစ်သင်ကြားမှာ ဖြစ်ပါတယ်။
သင်တန်းတွေကို လာမယ့် နိုဝင်ဘာလ ၂၉ ရက်ကနေ ဒီဇင်ဘာလ ၆ ရက်နေ့အထိ မနက်ပိုင်းမှာ ၆ နာရီ ၄၅ မိနစ်ကနေ ၈ နာရီ ၁၅ မိနစ်အထိနဲ့ ညနေပိုင်းမှာ ၆ နာရီခွဲကနေ ၈ နာရီအထိ သင်ကြားပေးမှာ ဖြစ်ပါတယ်။ တရုတ် ယဉ်ကျေးမှုစင်တာဟာ အလုံမြို့နယ်၊ မင်းရဲကျော်စွာလမ်း၊ အမှတ် (၃၉)၊ ဒုတိယထပ်မှာ တည်ရှိပါတယ်။