နုိင္ငံျခားသားအမ်ားစု အခြန္ကင္းလြတ္ေနေၾကာင္း လႊတ္ေတာ္ ကိုယ္စားလွယ္ ေထာက္ျပ

0
674

အခြန္ေတြကုိ နုိင္ငံသားေတြအေပၚ သာႀကပ္မတ္ၿပီး ျပည္တြင္းအလုပ္လုပ္ေနတဲ့ နုိင္ငံျခားသားေတြ ထံကေန ၀င္ေငြခြန္ေကာက္ခံမႈ လက္ရွိဥပေဒမွာ ေလ်ာ့့့့ရဲေနတာေၾကာင့္ နုိင္ငံျခားသား အခြန္လြတ္ေနေၾကာင္း မြန္ျပည္နယ္ မဲဆႏၵနယ္အမွတ္(၈) အမ်ဳိးသားလႊတ္ေတာ္ကုိယ္စားလွယ္ ဦးမ်ဳိး၀င္းက ေျပာၾကားခဲ့တာျဖစ္ပါတယ္။

နုိ၀င္ဘာလ ၁၉ရက္ေန႔က  ျပည္ေထာင္စုအစုိးရအဖြဲ႔ေပးပို႔တဲ့ အခြန္ဆုိင္ရာ စီမံခန္႔ခြဲမႈဥပေဒၾကမ္းနဲ႔ ပက္သက္ၿပီး ျပည္ေထာင္စုလႊတ္ေတာ္အစည္းအေ၀းမွာ လႊတ္ေတာ္ကုိယ္စားလွယ္ေတြ ေဆြးေႏြးမႈ အစီအစဥ္မွာ ေထာက္ျပေျပာၾကားခဲ့တာျဖစ္ပါတယ္။

လက္ရွိျပဌာန္းထားတဲ့ ဥပေဒမွာ နုိင္ငံထဲကုိ ၀င္ေရာက္လုပ္ကိုင္ေနၾကတဲ့ နုိင္ငံျခားသားေတြနဲ႔ပက္သက္တဲ့ သတ္မွတ္ခ်က္ေတြမွာ စည္းၾကပ္မဲ့ အခြန္ပုံစံေတြ ျပဌာန္းခ်က္ေတြလည္း မေတြ႔ရတာေၾကာင့္ အခုဥပေဒႀကမ္းမွာ ထည့္သြင္းေရးဆြဲမလား ဒါမဟုတ္ ၀င္ေငြခြန္ဥပေဒထဲမွာ ထပ္ျဖည့္မလားဆုိတဲ့ကိစၥရပ္ေတြကုိလႊတ္ေတာ္မွာ ထည့္သြင္းေျပာၾကားခဲ့တာျဖစ္ပါတယ္။

အခြန္ဆုိင္ရာ စီမံအုပ္ခ်ဳပ္မႈ ဥပေဒၾကမ္းဟာ နုိင္ငံေတာ္အတြက္အေရးႀကီးတဲ့ ဥပေဒၾကမ္းပူးေပါငး္ေကာ္မတီ အေနနဲ႔ လိုအပ္ပါက သက္ဆုိင္ရာေကာ္မတီမ်ား၊ျပည္ေထာင္စု အဆင့္အဖြဲ႕အစည္းမ်ားေဆြးေႏြးသြားၾကတဲ့ လႊတ္ေတ္ာ္ကုိယ္စားလွယ္ေတြနဲ႔အခ်ိန္မီ ျပန္လည္ေဆြးေႏြးဖို႔ ျပည္ေထာင္စုလႊတ္ေတာ္ နာယက ကေျပာၾကားခဲ့ပါတယ္။

 

<>>>>>>>>>>>>>>>>>>>>>

 

နိုင်ငံခြားသားအများစု အခွန်ကင်းလွတ်နေကြောင်း လွှတ်တော် ကိုယ်စားလှယ် ထောက်ပြ

အခွန်တွေကို နိုင်ငံသားတွေအပေါ် သာကြပ်မတ်ပြီး ပြည်တွင်းအလုပ်လုပ်နေတဲ့ နိုင်ငံခြားသားတွေ ထံကနေ ဝင်ငွေခွန်ကောက်ခံမှု လက်ရှိဥပဒေမှာ လျော့ရဲနေတာကြောင့် နိုင်ငံခြားသား အခွန်လွတ်နေကြောင်း မွန်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၈) အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးမျိုးဝင်းက ပြောကြားခဲ့တာဖြစ်ပါတယ်။

နိုဝင်ဘာလ ၁၉ရက်နေ့က  ပြည်ထောင်စုအစိုးရအဖွဲ့ပေးပို့တဲ့ အခွန်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေကြမ်းနဲ့ ပက်သက်ပြီး ပြည်ထောင်စုလွှတ်တော်အစည်းအဝေးမှာ လွှတ်တော်ကိုယ်စားလှယ်တွေ ဆွေးနွေးမှု အစီအစဉ်မှာ ထောက်ပြပြောကြားခဲ့တာဖြစ်ပါတယ်။

လက်ရှိပြဌာန်းထားတဲ့ ဥပဒေမှာ နိုင်ငံထဲကို ဝင်ရောက်လုပ်ကိုင်နေကြတဲ့ နိုင်ငံခြားသားတွေနဲ့ပက်သက်တဲ့ သတ်မှတ်ချက်တွေမှာ စည်းကြပ်မဲ့ အခွန်ပုံစံတွေ ပြဌာန်းချက်တွေလည်း မတွေ့ရတာကြောင့် အခုဥပဒေကြမ်းမှာ ထည့်သွင်းရေးဆွဲမလား ဒါမဟုတ် ဝင်ငွေခွန်ဥပဒေထဲမှာ ထပ်ဖြည့်မလားဆိုတဲ့ကိစ္စရပ်တွေကိုလွှတ်တော်မှာ ထည့်သွင်းပြောကြားခဲ့တာဖြစ်ပါတယ်။

အခွန်ဆိုင်ရာ စီမံအုပ်ချုပ်မှု ဥပဒေကြမ်းဟာ နိုင်ငံတော်အတွက်အရေးကြီးတဲ့ ဥပဒေကြမ်းပူးပေါငး်ကော်မတီ အနေနဲ့ လိုအပ်ပါက သက်ဆိုင်ရာကော်မတီများ၊ပြည်ထောင်စု အဆင့်အဖွဲ့အစည်းများဆွေးနွေးသွားကြတဲ့ လွှတ်တော််ကိုယ်စားလှယ်တွေနဲ့အချိန်မီ ပြန်လည်ဆွေးနွေးဖို့ ပြည်ထောင်စုလွှတ်တော် နာယက ကပြောကြားခဲ့ပါတယ်။