
0
551




>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ပြည်သူ့အစိုးရ ဦးဆောင်မှုအတိုင်း တပ်မတော်ကလိုက်နာဖို့ လိုအပ်တယ်လို့ ဗိုလ်ကြီးဟောင်း နေမျိုးဇင်ပြော

ပြည်သူ့အစိုးရ ဦးဆောင်မှုအတိုင်း တပ်မတော်က လိုက်နာဖို့လိုအပ်ပြီး ဒါဟာ ပြည်သူချစ်တဲ့ တပ်မတော် တစ်ရပ်ဖြစ်လာဖို့အတွက် အသွင်ကူးပြောင်းခြင်း တစ်ခုဖြစ်တယ်လို့ ဗိုလ်ကြီးဟောင်း နေမျိုးဇင်က သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာပေါ်မှာ နိုဝင်ဘာလ ၁၆ ရက်နေ့က တိုက်တွန်း ရေးသားခဲ့ပါတယ်။

ဒါ့အပြင် နိုင်ငံတော်ရဲ့ တရားဥပဒေစိုးမိုးရေး ပြန်လည်တည်ဆောက်ဖို့ ၊ တိုင်းပြည်စီးပွားရေး ပြန်လည် ဦးမော့လာစေဖို့ နဲ့ ပြည်ထောင်စုငြိမ်းချမ်းတည်ငြိမ်လာစေဖို့ လိုအပ်တာဟာ တစ်ခုတည်းဖြစ်တယ်လို့ ရေးသား ခဲ့ပါတယ်။

အခုလို ရေးသားခဲ့တဲ့အပေါ်မှာလည်း သဘောကျပြီး လက်ခံတဲ့ လူမှုကွန်ရက် အသုံးပြုသူတွေအနေနဲ့ ပြန်လည် မျှဝေဖို့အတွက်ပါ သူက တောင်းဆိုခဲ့ပါတယ်။