လြယ္ကထံုပြဲမတိုင္မီ တရားမ၀င္အလုပ္သမားေတြ  ပေပ်ာက္ေစဖုိ႔ ထုိင္းလ၀က စစ္ေဆးမႈေတြ ျပဳလုပ္ေန

0
1313

ထိုင္း႐ိုးရာ လြယ္ကထံု (ေခၚ) ဆီမီးေမွ်ာပြဲေတာ္မတိုင္မီ ခၽြန္ဘူရီခရိုင္အတြင္း  တရားမဝင္ အလုပ္သမားမ်ား ပေပ်ာက္ေစဖုိ႔အတြက္ နုိ၀င္ဘာလ ၁၈ ရက္ေန႔က ခြၽန္ဘူရီခ႐ိုင္အတြင္း ျမန္မာအလုပ္သမား အမ်ားဆံုး ေနထုိင္ရာနဲ႔ ခရီးသည္လာေရာက္မႈ အမ်ားဆံုးေဒသေတြျဖစ္ၾကတဲ့ ဖတၳရာနယ္ေျမ၊ စီလာခ်ာ နယ္ေျမ၊ မီ(င္)ရာနယ္ေျမတို႔ရွိ ရပ္ကြက္စုစုေပါင္း(၂၃)ေနရာမွာ ထုိင္းလူ၀င္မႈႀကီးၾကပ္ေရးနဲ႔ ဌာနဆုိင္ရာ အရာရွိေတြက စစ္ေဆးမႈေတြ လုပ္ေဆာင္ေနတာျဖစ္ပါတယ္။

 

အဲဒီလို ဖမ္းဆီးစစ္ေဆးရာမွာ တရားမ၀င္အလုပ္သမား  ၂၅ ဦးကုိဖမ္းဆီးရမိခဲ့ၿပီး အဲဒီထဲ မွာျမန္မာ အလုပ္သမား အမ်ားဆုံး ပါ၀င္ေနတာလည္းျဖစ္ပါတယ္။ ဒါ့အျပင္ တရားမ၀င္ လက္ခံေနထုိင္ခြင့္ျပဳခဲ့တဲ့  ထုိင္းနုိင္ငံသားအခန္းပုိင္ရွင္ ၅ ဦး ကုိထုိင္းလူ၀င္မႈႀကီးၾကပ္ေရးႏွင့္ အက္ဥပေဒနဲ႔ အေရးယူသြားမွာလည္းျဖစ္ပါ တယ္။

MOU စနစ္နဲ႔ တရားဝင္ လာေရာက္တဲ့ ျမန္မာနုိင္ငံသားေတြအေနနဲ႔  အေထာက္ အထားေတြကို ကိုယ္ နဲ႔ မကြာ ကိုင္ေဆာင္ထားၾကဖုိ႔နဲ႔ ခရီးသြားေရာက္ဖုိ႔ရွိပါကလည္း အကူအညီေတာင္း ခံႏိုင္ဖိုိ႔ အလုပ္႐ွင္ေတြနဲ႔ တာ၀န္ရွိသူ ေတြကုိ အေၾကာင္းၾကားၿပီး မွသာ သြားလာဖို႔လိုအပ္ေၾကာင္း   MOEAF ကသတိေပး ေျပာဆုိထားပါတယ္။

 

<>>>>>>>>>>>>>>>>>>>>>>>>>>>>

 

လွယ်ကထုံပွဲမတိုင်မီ တရားမဝင်အလုပ်သမားတွေ  ပပျောက်စေဖို့ ထိုင်းလဝက စစ်ဆေးမှုတွေ ပြုလုပ်နေ

ထိုင်းရိုးရာ လွယ်ကထုံ (ခေါ်) ဆီမီးမျှောပွဲတော်မတိုင်မီ ချွန်ဘူရီခရိုင်အတွင်း  တရားမဝင် အလုပ်သမားများ ပပျောက်စေဖို့အတွက် နိုဝင်ဘာလ ၁၈ ရက်နေ့က ချွန်ဘူရီခရိုင်အတွင်း မြန်မာအလုပ်သမား အများဆုံး နေထိုင်ရာနဲ့ ခရီးသည်လာရောက်မှု အများဆုံးဒေသတွေဖြစ်ကြတဲ့ ဖတ္ထရာနယ်မြေ၊ စီလာချာ နယ်မြေ၊ မီ(င်)ရာနယ်မြေတို့ရှိ ရပ်ကွက်စုစုပေါင်း(၂၃)နေရာမှာ ထိုင်းလူဝင်မှုကြီးကြပ်ရေးနဲ့ ဌာနဆိုင်ရာ အရာရှိတွေက စစ်ဆေးမှုတွေ လုပ်ဆောင်နေတာဖြစ်ပါတယ်။

အဲဒီလို ဖမ်းဆီးစစ်ဆေးရာမှာ တရားမဝင်အလုပ်သမား  ၂၅ ဦးကိုဖမ်းဆီးရမိခဲ့ပြီး အဲဒီထဲ မှာမြန်မာ အလုပ်သမား အများဆုံး ပါဝင်နေတာလည်းဖြစ်ပါတယ်။ ဒါ့အပြင် တရားမဝင် လက်ခံနေထိုင်ခွင့်ပြုခဲ့တဲ့  ထိုင်းနိုင်ငံသားအခန်းပိုင်ရှင် ၅ ဦး ကိုထိုင်းလူဝင်မှုကြီးကြပ်ရေးနှင့် အက်ဥပဒေနဲ့ အရေးယူသွားမှာလည်းဖြစ်ပါ တယ်။

MOU စနစ်နဲ့ တရားဝင် လာရောက်တဲ့ မြန်မာနိုင်ငံသားတွေအနေနဲ့  အထောက် အထားတွေကို ကိုယ် နဲ့ မကွာ ကိုင်ဆောင်ထားကြဖို့နဲ့ ခရီးသွားရောက်ဖို့ရှိပါကလည်း အကူအညီတောင်း ခံနိုင်ဖိို့ အလုပ်ရှင်တွေနဲ့ တာဝန်ရှိသူ တွေကို အကြောင်းကြားပြီး မှသာ သွားလာဖို့လိုအပ်ကြောင်း   MOEAF ကသတိပေး ပြောဆိုထားပါတယ်။