မြေသိမ်းဥပဒေကြမ်းမှာ ဥပဒေမဲ့ မြေသိမ်းဆည်းတဲ့ ကိစ္စ ဖြေရှင်းနိုင်မယ့် အချက် မပါဝင်

0
362








>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

၂၀၁၇ ခုနှစ်မြေသိမ်းဥပဒေကြမ်းမှာ ဥပဒေမဲ့ မြေသိမ်းဆည်းခဲ့တဲ့ ကိစ္စရပ်တွေ ဖြေရှင်းနိုင်မယ့် အချက်တွေ မပါဝင်ဘူးလို့ အရက်ဖက်အဖွဲ့အစည်းတွေက ပြောပါတယ်။ ဒီသတင်းကို MCN သတင်းထောက် တင်မောင်ထွေးက ပေးပို့ထားပါတယ်။

၂၀၁၇ ခုနှစ် အောက်တိုဘာလမှာ ပြည်ထောင်စု လွှတ်တော်က ၂၀၁၇ ခုနှစ် မြေသိမ်းဥပဒေကြမ်းကို ထုတ်ပြန်ခဲ့ပြီး အဲဒီဥပဒေကြမ်းကို ဒုတိယအကြိမ် အမျိုးသားလွှတ်တော် နဝမပုံမှန်အစည်းအဝေးမှာ ပြင်ဆင်အတည်ပြုခဲ့ပါတယ်။
အဲဒီဥပဒေကြမ်းထဲမှာ မြေသိမ်းဆည်းရာမှာ ဥပဒေနဲ့အညီ သိမ်းဆည်းမှု ဖြစ်ပေါ်စေဖို့နဲ့ သိမ်းဆည်းခံရသူတွေရဲ့ အကျိုးစီးပွားကို ကာကွယ်ပေးဖို့ စတဲ့အချက်တွေပါဝင်ပါတယ်။

နိုဝင်ဘာလ ၁၇ ရက်နေ့က ရန်ကုန်မြို့ Park Royal ဟိုတယ်မှာ ၂၀၁၇ ခုနှစ် မြေသိမ်းဥပဒေကြမ်းဆိုင်ရာ ဆွေးနွေးပွဲ ပြုလုပ်ခဲ့တာပါ။

Soundbite ဒေါက်တာ သောင်းထွန်း (အမှုဆောင်ဒါရိုက်တာ) မုတ်သုံကျေးလက်ဖွံ့ဖြိုးရေးအဖွဲ့

ဒါ့အပြင် အဲဒီဥပဒေကြမ်းဆွေးနွေးပွဲမှာ မြေယာနဲ့ ပတ်သက်တဲ့ အရပ်ဖက်အဖွဲ့အစည်းတွေ ပါဝင်မှုနည်းတယ် လို့ အရပ်ဖက်အဖွဲ့အစည်းတွေက ပြောပါတယ်။
ဒါကြောင့် ဒီဥပဒေကြမ်းမှာ ဥပဒေမဲ့ မြေသိမ်းမှုတွေကို ဖြေရှင်းရမယ့် လမ်းကြောင်းတွေ တစ်ခုမှ မပါဘူးလို့လည်း ပြောပါတယ်။

Soundbite ဦးဟန်ရှင်း (တရားလွှတ်တော်ရှေ့နေ)

ပြည်သူ့လွှတ်တော် ပုံမှန်အစည်းအဝေးမှာ ၂၀၁၇ ခုနှစ် မြေသိမ်းဥပဒေကြမ်းနဲ့ ပတ်သက်ပြီး ဆွေးနွေးရာမှာ ဥပဒေမဲ့ မြေသိမ်းဆည်းခဲ့တဲ့ ကိစ္စရပ်တွေ ဖြေရှင်းနိုင်မယ့် အချက်တွေကို ဖြည့်စွက်ဖို့ အရပ်ဖက်အဖွဲ့အစည်းတွေက လိုလားနေကြတာ ဖြစ်ပါတယ် ခင်ဗျာ။

?bph6