သဃၤန္းကြ်န္းမွာ တ႐ုတ္ဘုန္းႀကီးတု ႏွစ္ဦးကို စစ္ေမးၿပီး အလွဴမခံဖို႔ ခံဝန္ထိုးခိုင္း

0
484

ရန္ကုန္တိုင္း၊ သဃၤန္းကြ်န္းၿမိဳ႕နယ္မွာ အလွဴခံေနတဲ့ တ႐ုတ္ ဘုန္းႀကီးတု ႏွစ္ဦးကို ေခၚယူစစ္ေမးၿပီး အလွဴမခံဖို႔နဲ႔ တ႐ုတ္ႏို္င္ငံကို ျပန္ဖို႔ ခံဝန္ကတိ လက္မွတ္ေရးထိုးခိုင္းခဲ့ပါတယ္။

ပန္းပဲတန္းၿမိဳ႕နယ္မွာ တ႐ုတ္ ဘုန္ႀကီးတု တစ္ဦးကို စစ္ေမးၿပီး လူဝတ္လဲေပးစဥ္ (ဓာတ္ပံု – Chinatown/Facebook)

သဃၤန္းကၽြန္းၿမိဳ႕နယ္၊ BKK Shopping Center ေရွ႕မွာ လွည့္လည္ အလွဴခံေနတဲ့အတြက္ သဃၤန္းကၽြန္းၿမိဳ႕မရဲစခန္းက ေခၚယူစစ္ေဆးခဲ့ပါတယ္။ လြန္ခဲ့တဲ့ ႏွစ္ပတ္က တ႐ုတ္ႏိုင္ငံကေန ျမန္မာႏိုင္ငံကို ေလေၾကာင္းခရီးက ေရာက္လာၿပီး လသာၿမိဳ႕နယ္ရွိ Yangon Regency ဟိုတယ္မွာ တည္းခိုကာ အလွဴခံၿပီး ေနထိုင္စားေသာက္ေနတာ ျဖစ္ပါတယ္။

သဃၤန္းကၽြန္းၿမိဳ႕နယ္ အုပ္ခ်ဳပ္ေရးမႉး႐ုံးကို ေခၚေဆာင္ၿပီး ၿမိဳ႕နယ္ သံဃမဟာနာယကအဖြဲ႔ စည္းကမ္း ထိန္းသိမ္းေရးအဖြဲ႔ ဥကၠ႒ ဆရာေတာ္ ဘဒၵႏၲ ဝါေသ႒ (ရတနာသိပၸံေက်ာင္း) ဦးစီးအဖြဲ႔က စစ္ေမးၿပီး ျမန္မာႏိုင္ငံအတြင္း တရားမဝင္ အလွဴခံျခင္းမျပဳလုပ္ဖို႔နဲ႔ မိမိႏိုင္ငံကို အျမန္ဆုံးျပန္ဖို႔ ေျပာဆိုၿပီး ဝန္ခံကတိလက္မွတ္ ေရးထိုးေစကာ ျပန္လည္ေစလႊတ္ခဲ့ပါတယ္။

တ႐ုတ္ရဟန္းေတြဟာ လမ္းေပၚထြက္ လွည့္လည္ အလွဴခံျခင္း မရွိသလို ျမန္မာႏိုင္ငံမွာလည္း အလွဴခံျခင္း မရွိေၾကာင္း၊ ေတြရွိပါက ဖုန္းနံပါတ္ 098501660 ကို တိုင္ၾကားႏိုင္တယ္လို႔ ရန္ကုန္ ကြမ္ရင္စန္းတာ့ပိန္ ေက်ာင္းတိုက္ဆရာေတာ္ အရွင္ ဓမၼရကၡိတက မိန္႔တယ္လို႔ ခ်ိဳင္းနားေတာင္း Facebook မွာ ေဖာ္ျပထားပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

သင်္ဃန်းကျွန်းမှာ တရုတ်ဘုန်းကြီးတု နှစ်ဦးကို စစ်မေးပြီး အလှူမခံဖို့ ခံဝန်ထိုးခိုင်း

ရန်ကုန်တိုင်း၊ သင်္ဃန်းကျွန်းမြို့နယ်မှာ အလှူခံနေတဲ့ တရုတ် ဘုန်းကြီးတု နှစ်ဦးကို ခေါ်ယူစစ်မေးပြီး အလှူမခံဖို့နဲ့ တရုတ်နိ်ုင်ငံကို ပြန်ဖို့ ခံဝန်ကတိ လက်မှတ်ရေးထိုးခိုင်းခဲ့ပါတယ်။

သင်္ဃန်းကျွန်းမြို့နယ်၊ BKK Shopping Center ရှေ့မှာ လှည့်လည် အလှူခံနေတဲ့အတွက် သင်္ဃန်းကျွန်းမြို့မရဲစခန်းက ခေါ်ယူစစ်ဆေးခဲ့ပါတယ်။ လွန်ခဲ့တဲ့ နှစ်ပတ်က တရုတ်နိုင်ငံကနေ မြန်မာနိုင်ငံကို လေကြောင်းခရီးက ရောက်လာပြီး လသာမြို့နယ်ရှိ Yangon Regency ဟိုတယ်မှာ တည်းခိုကာ အလှူခံပြီး နေထိုင်စားသောက်နေတာ ဖြစ်ပါတယ်။

သင်္ဃန်းကျွန်းမြို့နယ် အုပ်ချုပ်ရေးမှူးရုံးကို ခေါ်ဆောင်ပြီး မြို့နယ် သံဃမဟာနာယကအဖွဲ့ စည်းကမ်း ထိန်းသိမ်းရေးအဖွဲ့ ဥက္ကဋ္ဌ ဆရာတော် ဘဒ္ဒန္တ ဝါသေဋ္ဌ (ရတနာသိပ္ပံကျောင်း) ဦးစီးအဖွဲ့က စစ်မေးပြီး မြန်မာနိုင်ငံအတွင်း တရားမဝင် အလှူခံခြင်းမပြုလုပ်ဖို့နဲ့ မိမိနိုင်ငံကို အမြန်ဆုံးပြန်ဖို့ ပြောဆိုပြီး ဝန်ခံကတိလက်မှတ် ရေးထိုးစေကာ ပြန်လည်စေလွှတ်ခဲ့ပါတယ်။

တရုတ်ရဟန်းတွေဟာ လမ်းပေါ်ထွက် လှည့်လည် အလှူခံခြင်း မရှိသလို မြန်မာနိုင်ငံမှာလည်း အလှူခံခြင်း မရှိကြောင်း၊ တွေရှိပါက ဖုန်းနံပါတ် 098501660 ကို တိုင်ကြားနိုင်တယ်လို့ ရန်ကုန် ကွမ်ရင်စန်းတာ့ပိန် ကျောင်းတိုက်ဆရာတော် အရှင် ဓမ္မရက္ခိတက မိန့်တယ်လို့ ချိုင်းနားတောင်း Facebook မှာ ဖော်ပြထားပါတယ်။