
0
207





>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

အပ်စိုက်ကုပညာ တရားဝင်ဖြစ်ရေး လွှတ်တော်အထူးဥပဒေကော်မရှင်ကို တင်ပြထား

အပ်စိုက်ကုနည်း ပညာကို မြန်မာနိုင်ငံမှာ တရားဝင်ဖြစ်စေဖို့ လွှတ်တော်အထူးဥပဒေကော်မရှင်မှာ လျှောက်ထားပြီးဖြစ်ကြောင်း အပ်စိုက်ပညာရှင် ဦးမောင်မောင်လှိုင်က ပြောပါတယ်။

နိုဝင်ဘာလ ၁၅ ရက်နေ့က ရန်ကုန်မြို့ အောဂစ်ဟိုတယ်မှာ ပထမဆုံးအကြိမ်ပြုလုပ်တဲ့ ကမ္ဘာ့အပ်စိုက်ကုသနေ့ အခမ်းအနားမှာ အခုလို ပြောဆိုခဲ့တာ ဖြစ်ပါတယ်။

အပ်စိုက်ကုသရာမှာ လေဖြတ်နေသူတွေ၊ အာရုံကြောအားနည်းနေသူတွေ အပါအဝင် နားမကြားသူတွေနဲ့ ဒူးနာ၊ ခါးနာ၊ ဝေဒနာခံစားနေရတဲ့ သူတွေကို အဓိကထား ကုသနေတာ ဖြစ်ပါတယ်။

အပ်စိုက်ပညာရပ်ဟာ သမိုင်းမှတ်တမ်းတွေအရ တရုတ်ပြည်ကနေ စတင်ခဲ့တာဖြစ်ပြီး တရုတ်ပြည်မှာ အဲဒီ အတတ်ပညာ ထွန်းကားခဲ့တာလည်း ဖြစ်ပါတယ်။

?bph6