လူကုန္ကူးခံရတဲ့ ျမန္မာအလုပ္သမား ၃၄ ဦးကုိ ကယ္တင္ႏုိင္ခဲ့

0
98

ထိုင္းႏုိင္ငံ စမုစခြန္ခ႐ုိင္၊ မဟာခ်ိဳင္ရွိ ေကာ္ပစၥည္းစက္႐ုံတစ္ခုကုိ အလုပ္လုပ္ဖုိ႔ ေရာက္ရွိေနတဲ့ ျမန္မာလုပ္သားေတြကုိ ေရာက္ရွိၿပီး ေနာက္တစ္ေန႔မနက္မွာ ထိုင္းနိုင္ငံဘက္ တာဝန္ရွိသူေတြက စစ္ေဆးေရးေတြ ေရာက္ရွိခ်ိန္မွာ အျခားေနရာတစ္ခုမွာ တိမ္းေရွာင္ေစခဲ့တာေၾကာင့္ အလုပ္သမား သံအရာရွိကုိ ဆက္သြယ္ၿပီး အကူအညီေတာင္းခံခဲ့တာ ျဖစ္ပါတယ္။

အလုပ္သမားေတြရဲ႕ အကူအညီေတာင္းခံမႈအရ နယ္ေျမလူမႈအဖြဲ႕အစည္း MWRN နဲ႔ အလုပ္သမားသံအရာရွိ တစ္ဦးတုိ႔ သြားေရာက္ရွာေဖြရာ အလုပ္သမား ၁၃ ဦးကို ေတြ႕ရွိခဲ့ၿပီး အလုပ္သမားေတြရဲ႕ ေနထုိင္စာရြက္စာတမ္းေတြကုိ စစ္ေဆးရာမွာ ဗီဇာတုံး အတုေတြနဲ႔ ႐ုိက္ႏွိပ္ထားေၾကာင္း ေတြ႕ရွိခဲ့ရတာ ျဖစ္ပါတယ္။

အဲဒီကေနမွတဆင့္ က်န္ရွိ အလုပ္သမား၂၁ ဦးကုိ MOEAF က ေခၚယူေစခဲ့ၿပီး ထုိင္းႏုိင္ငံရွိ တာဝန္ရွိသူေတြနဲ႔ ညိွႏႈိင္းၿပီး ျမန္မာႏုိင္ငံကုိ ျပန္လည္ပုိ႔ေဆာင္ေပးခဲ့တာ ျဖစ္ပါတယ္။ ထိုင္းႏိုင္ငံ လူဝင္မႈႀကီးၾကပ္ေရး ဥပေဒအရ စာရြက္စာတမ္းအတု ျပဳလုပ္သူေတြကုိ ေထာင္ဒဏ္ ၁ ႏွစ္ အထက္က်ခံ ရမွာျဖစ္ၿပီး စာရြက္စာတမ္း အတုကိုင္ေဆာင္သူေတြကုိ ေထာင္ဒဏ္ ၆ လအထိ က်ခံရမွာ ျဖစ္ပါတယ္။

ထိုင္းႏိုင္ငံကုိ အေၾကာင္းအမ်ဳိးမ်ဳိးနဲ႔ ဗီဇာအတု ပက္စပိုစ့္အတုေတြနဲ႔ ေရာက္ရွိလာတဲ့ ျမန္မာအလုပ္သမားေတြအေနနဲ႔ အခက္အခဲျဖစ္ေပၚေနပါက အခုလုိ အလုပ္သမားသံအရာရွိ႐ုံးကုိ ဆက္သြယ္ အကူအညီေတာင္း ခံႏုိင္မွာ ျဖစ္ပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>

လူကုန်ကူးခံရတဲ့ မြန်မာအလုပ်သမား ၃၄ ဦးကို ကယ်တင်နိုင်ခဲ့

ထိုင်းနိုင်ငံ စမုစခွန်ခရိုင်၊ မဟာချိုင်ရှိ ကော်ပစ္စည်းစက်ရုံတစ်ခုကို အလုပ်လုပ်ဖို့ရောက်ရှိနေတဲ့ မြန်မာလုပ်သားတွေကို ရောက်ရှိပြီး နောက်တစ်နေ့မနက်မှာ ထိုင်းနိုင်ငံဘက် တာဝန်ရှိသူတွေက စစ်ဆေးရေးတွေ ရောက်ရှိချိန်မှာ အခြားနေရာတစ်ခုမှာ တိမ်းရှောင်စေခဲ့တာကြောင့် အလုပ်သမား သံအရာရှိကို ဆက်သွယ်ပြီး အကူအညီတောင်းခံခဲ့တာဖြစ်ပါတယ်။

အလုပ်သမားတွေရဲ့ အကူအညီတောင်းခံမှုအရ နယ်မြေလူမှုအဖွဲ့အစည်း MWRN နဲ့ အလုပ်သမားသံအရာရှိ တစ်ဦးတို့ သွားရောက်ရှာဖွေရာ အလုပ်သမား ၁၃ ဦးကို တွေ့ရှိခဲ့ပြီး အလုပ်သမားတွေရဲ့ နေထိုင်စာရွက်စာတမ်းတွေကို စစ်ဆေးရာမှာ ဗီဇာတုံး အတုတွေနဲ့ ရိုက်နှိပ်ထားကြောင်း တွေ့ရှိခဲ့ရတာ ဖြစ်ပါတယ်။

အဲဒီကနေမှတဆင့် ကျန်ရှိ အလုပ်သမား၂၁ ဦးကို MOEAF က ခေါ်ယူစေခဲ့ပြီး ထိုင်းနိုင်ငံရှိ တာဝန်ရှိသူတွေနဲ့ ညှိနှိုင်းပြီး မြန်မာနိုင်ငံကို ပြန်လည်ပို့ဆောင်ပေးခဲ့တာ ဖြစ်ပါတယ်။ ထိုင်းနိုင်ငံ လူဝင်မှုကြီးကြပ်ရေး ဥပဒေအရ စာရွက်စာတမ်းအတု ပြုလုပ်သူတွေကို ထောင်ဒဏ် ၁ နှစ် အထက်ကျခံ ရမှာဖြစ်ပြီး စာရွက်စာတမ်း အတုကိုင်ဆောင်သူတွေကို ထောင်ဒဏ် ၆ လအထိ ကျခံရမှာ ဖြစ်ပါတယ်။

ထိုင်းနိုင်ငံကို အကြောင်းအမျိုးမျိုးနဲ့ ဗီဇာအတု ပက်စပိုစ့်အတုတွေနဲ့ ရောက်ရှိလာတဲ့ မြန်မာအလုပ်သမားတွေ အနေနဲ့ အခက်အခဲဖြစ်ပေါ်နေပါက အခုလို အလုပ်သမားသံအရာရှိရုံးကို ဆက်သွယ် အကူအညီတောင်း ခံနိုင်မှာ ဖြစ်ပါတယ်။