တာခ်ီလိတ္ နယ္စပ္ေပါက္ကေန တစ္ပတ္အတြင္း ခရီးသည္ ၂ ေသာင္းေက်ာ္ ဝင္ေရာက္

0
525

ရွမ္းျပည္နယ္ အေရွ႕ပိုင္း၊ တာခ်ီလိတ္နယ္စပ္ ဝင္ေပါက္ကေန တစ္ပတ္အတြင္း ႏိုင္ငံျခားသားခရီးသည္ ၂၂၅၀၀ ေက်ာ္ ဝင္ေရာက္ခဲ့ပါတယ္။

ႏိုဝင္ဘာ ၂ ရက္ေန႔ကေန ႏိုဝင္ဘာ ၈ ရက္ေန႔အထိ ေန႔ခ်င္းျပန္၊ ညအိပ္ခရီးစဥ္နဲ႔ ျပည္တြင္းခရီးစဥ္ကို ဗီဇာကင္းလြတ္ခြင့္နဲ႔ ႏိုင္ငံျခားသား ခရီးသည္ေတြ လာေရာက္လည္ပတ္ခဲ့တာ ျဖစ္ပါတယ္။ တာခ်ီလိတ္ကေန ထိုင္းႏိုင္ငံသား ၂ ေသာင္းေက်ာ္နဲ႔ တတိယႏိုင္ငံသား ၁၇၀ ေက်ာ္၊ မိုင္းျဖတ္ၿမိဳ႕နဲ႔ က်ိဳင္းတံုၿမိဳ႕ခရီးစဥ္ကို ထိုင္းနဲ႔ တတိယႏိုင္ငံသား ၂၉၀ ေက်ာ္၊ ျပည္တြင္းခရီးစဥ္ကို ဗီဇာကင္းလြတ္ခြင့္နဲ႔ ႏိုင္ငံျခားသားခရီးသည္ ၁ ေထာင္ေက်ာ္ ဝင္ေရာက္ခဲ့ပါတယ္။

ျပည္တြင္း ခရီးစဥ္အျဖစ္ တာခ်ီလိတ္ကေန ေလယာဥ္နဲ႔ ဟဲဟိုး၊ ရန္ကုန္၊ မႏၱေလး၊ ျမစ္ႀကီးနား၊ လား႐ိႈးၿမိဳ႕ေတြကတဆင့္ အထင္ကရ ေနရာေတြကို သြားေရာက္လည္ပတ္ခဲ့ၾကပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

တာချီလိတ် နယ်စပ်ပေါက်ကနေ တစ်ပတ်အတွင်း ခရီးသည် ၂ သောင်းကျော် ဝင်ရောက်

ရှမ်းပြည်နယ် အရှေ့ပိုင်း၊ တာချီလိတ်နယ်စပ် ဝင်ပေါက်ကနေ တစ်ပတ်အတွင်း နိုင်ငံခြားသားခရီးသည် ၂၂၅၀ဝ ကျော် ဝင်ရောက်ခဲ့ပါတယ်။

နိုဝင်ဘာ ၂ ရက်နေ့ကနေ နိုဝင်ဘာ ၈ ရက်နေ့အထိ နေ့ချင်းပြန်၊ ညအိပ်ခရီးစဉ်နဲ့ ပြည်တွင်းခရီးစဉ်ကို ဗီဇာကင်းလွတ်ခွင့်နဲ့ နိုင်ငံခြားသား ခရီးသည်တွေ လာရောက်လည်ပတ်ခဲ့တာ ဖြစ်ပါတယ်။ တာချီလိတ်ကနေ ထိုင်းနိုင်ငံသား ၂ သောင်းကျော်နဲ့ တတိယနိုင်ငံသား ၁၇၀ ကျော်၊ မိုင်းဖြတ်မြို့နဲ့ ကျိုင်းတုံမြို့ခရီးစဉ်ကို ထိုင်းနဲ့ တတိယနိုင်ငံသား ၂၉၀ ကျော်၊ ပြည်တွင်းခရီးစဉ်ကို ဗီဇာကင်းလွတ်ခွင့်နဲ့ နိုင်ငံခြားသားခရီးသည် ၁ ထောင်ကျော် ဝင်ရောက်ခဲ့ပါတယ်။

ပြည်တွင်း ခရီးစဉ်အဖြစ် တာချီလိတ်ကနေ လေယာဉ်နဲ့ ဟဲဟိုး၊ ရန်ကုန်၊ မန္တလေး၊ မြစ်ကြီးနား၊ လားရှိုးမြို့တွေကတဆင့် အထင်ကရ နေရာတွေကို သွားရောက်လည်ပတ်ခဲ့ကြပါတယ်။