လူငယ္မူဝါဒ အမ်ဳိးသားအဆင့္ မဟာဗ်ဴဟာ ၂၀၁၉ မွာ အေကာင္အထည္ေဖာ္မယ္ (႐ုပ္/သံ)

0
52

လူငယ္မူဝါဒ အမ်ဳိးသားအဆင့္ မဟာဗ်ဴဟာကို လာမယ့္ ၂၀၁၉ ခုႏွစ္မွာ လက္ေတြ႕အေကာင္အထည္ေဖာ္ ေဆာင္ရြက္ႏိုင္မွာ ျဖစ္ပါတယ္။ ဒီသတင္းကို MCN သတင္းေထာက္ေဌးေဌးက ေပးပို႔ထားပါတယ္။

လူငယ္ေရးရာမူ၀ါဒ အမ်ဳိးသားအဆင့္ မဟာဗ်ဴဟာေရးဆြဲေရးလုပ္ငန္းကို ၿပီးခဲ့တဲ့ မတ္လက စတင္ေရး ဆြဲခဲ့တာျဖစ္ၿပီး ဒီလုပ္ငန္းစဥ္ကို တစ္ႏွစ္အတြင္းမွာ အၿပီးသတ္ေရးဆြဲဖို႔ ရည္ရြယ္ထားတာေၾကာင့္ လာမယ့္ႏွစ္က စတင္ၿပီး မဟာဗ်ဴဟာကို လက္ေတြ႕အေကာင္အထည္ေဖာ္ ေဆာင္ရြက္ႏိုင္ေတာ့မွာ ျဖစ္ပါတယ္။

ဒီမဟာဗ်ဴဟာ ေရးဆြဲေရးလုပ္ငန္းမွာ ၿပီးသေလာက္အေနအထားကို ေရာက္ရွိေနၿပီး သက္ဆိုင္ရာ တိုင္းနဲ႔ျပည္နယ္က လူငယ္ေတြနဲ႔ အေခ်ာသတ္ ေဆြးေႏြးမႈ ၿပီးစီးပါက မဟာဗ်ဴဟာထြက္ရွိႏိုင္မွာလည္း ျဖစ္ပါတယ္။

Soundbite; ကိုထက္ပိုင္စိုး (ျပည္ေထာင္စုကိုယ္စားလွယ္)
ရန္ကုန္တိုင္းေဒသႀကီး လူငယ္ေရးရာေကာ္မတီ၊

အဲဒီမဟာဗ်ဴဟာထဲမွာ က႑ ၁၆ ခုပါရွိၿပီး ပညာေရး၊ က်န္းမာေရး၊ အလုပ္အကိုင္ စတာေတြ ပါဝင္ၿပီး ဒီအခ်က္ေတြက ဝန္ႀကီးဌာနေတြနဲ႔ လူငယ္ေတြရဲ႕ အေျခခံလိုအပ္ခ်က္ေတြ ျဖစ္သလို တစ္ဖက္ကလည္း လူငယ္ေတြလိုလားေနၾကတဲ့ အုပ္ခ်ဳပ္ေရးအပိုင္းနဲ႔ ဥပေဒျပဳေရးအပိုင္းေတြမွာလည္း လူငယ္ေတြပိုမိုပါ၀င္ႏိုင္ဖို႔ ေကာ္မတီအေနနဲ႔ ေဆြးေႏြးထားပါတယ္။

ဒါ့အျပင္ လူငယ္ေတြ အုပ္ခ်ဳပ္ေရးနဲ႔ ဥပေဒျပဳေရးအပိုင္းေတြမွာ ပိုမိုပါ၀င္ႏိုင္ဖို႔အတြက္ လႊတ္ေတာ္ပိုင္းဆိုင္ရာမွာ လူငယ္ေတြရဲ႕ အသက္ ကန္႔သတ္ခ်က္ေတြကို ေျဖေလ်ာ့ေပးဖို႔ လိုအပ္တယ္လို႔လည္း ေျပာပါတယ္။

Soundbite; ကိုထက္ပိုင္စိုး (ျပည္ေထာင္စုကိုယ္စားလွယ္)
ရန္ကုန္တိုင္းေဒသႀကီး လူငယ္ေရးရာေကာ္မတီ၊

မဟာဗ်ဴဟာ စတင္နိုင္ဖို႔အတြက္ ႏိုင္ငံေတာ္က ထုတ္ေပးမယ့္ ဘတ္ဂ်က္အေပၚ မူတည္ၿပီး တစ္ႏိုင္ငံလံုး အတိုင္းအတာနဲ႔ ေဆာင္ရြက္ရမွာျဖစ္တာေၾကာင့္ ေမွ်ာ္မွန္းထားတဲ့ရလာဒ္ထြက္ရွိဖို႔ဆိုရင္ အစိုးရမဟုတ္တဲ့ အဖြဲ႕အစည္းေတြကလည္း ေငြအား၊ လူအားနဲ႔ ပညာရပ္ပိုင္းဆိုင္ရာေတြ ပူးေပါင္းပါ<င္ ေဆာင္ရြက္ၾကဖို႔လည္း လိုအပ္ေနပါတယ္ရွင္။ >>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

လူငယ်မူဝါဒ အမျိုးသားအဆင့် မဟာဗျူဟာ ၂၀၁၉ မှာ အကောင်အထည်ဖော်မယ်

လူငယ်မူဝါဒ အမျိုးသားအဆင့် မဟာဗျူဟာကို လာမယ့် ၂၀၁၉ ခုနှစ်မှာ လက်တွေ့အကောင်အထည်ဖော် ဆောင်ရွက်နိုင်မှာ ဖြစ်ပါတယ်။ ဒီသတင်းကို MCN သတင်းထောက်ဌေးဌေးက ပေးပို့ထားပါတယ်။

လူငယ်ရေးရာမူဝါဒ အမျိုးသားအဆင့် မဟာဗျူဟာရေးဆွဲရေးလုပ်ငန်းကို ပြီးခဲ့တဲ့ မတ်လက စတင်ရေး ဆွဲခဲ့တာဖြစ်ပြီး ဒီလုပ်ငန်းစဉ်ကို တစ်နှစ်အတွင်းမှာ အပြီးသတ်ရေးဆွဲဖို့ ရည်ရွယ်ထားတာကြောင့် လာမယ့်နှစ်က စတင်ပြီး မဟာဗျူဟာကို လက်တွေ့အကောင်အထည်ဖော် ဆောင်ရွက်နိုင်တော့မှာ ဖြစ်ပါတယ်။

ဒီမဟာဗျူဟာ ရေးဆွဲရေးလုပ်ငန်းမှာ ပြီးသလောက်အနေအထားကို ရောက်ရှိနေပြီး သက်ဆိုင်ရာ တိုင်းနဲ့ပြည်နယ်က လူငယ်တွေနဲ့ အချောသတ် ဆွေးနွေးမှု ပြီးစီးပါက မဟာဗျူဟာထွက်ရှိနိုင်မှာလည်း ဖြစ်ပါတယ်။

Soundbite; ကိုထက်ပိုင်စိုး (ပြည်ထောင်စုကိုယ်စားလှယ်)
ရန်ကုန်တိုင်းဒေသကြီး လူငယ်ရေးရာကော်မတီ၊

အဲဒီမဟာဗျူဟာထဲမှာ ကဏ္ဍ ၁၆ ခုပါရှိပြီး ပညာရေး၊ ကျန်းမာရေး၊ အလုပ်အကိုင် စတာတွေ ပါဝင်ပြီး ဒီအချက်တွေက ဝန်ကြီးဌာနတွေနဲ့ လူငယ်တွေရဲ့ အခြေခံလိုအပ်ချက်တွေ ဖြစ်သလို တစ်ဖက်ကလည်း လူငယ်တွေလိုလားနေကြတဲ့ အုပ်ချုပ်ရေးအပိုင်းနဲ့ ဥပဒေပြုရေးအပိုင်းတွေမှာလည်း လူငယ်တွေပိုမိုပါဝင်နိုင်ဖို့ ကော်မတီအနေနဲ့ ဆွေးနွေးထားပါတယ်။

ဒါ့အပြင် လူငယ်တွေ အုပ်ချုပ်ရေးနဲ့ ဥပဒေပြုရေးအပိုင်းတွေမှာ ပိုမိုပါဝင်နိုင်ဖို့အတွက် လွှတ်တော်ပိုင်းဆိုင်ရာမှာ လူငယ်တွေရဲ့ အသက် ကန့်သတ်ချက်တွေကို ဖြေလျော့ပေးဖို့ လိုအပ်တယ်လို့လည်း ပြောပါတယ်။

Soundbite; ကိုထက်ပိုင်စိုး (ပြည်ထောင်စုကိုယ်စားလှယ်)
ရန်ကုန်တိုင်းဒေသကြီး လူငယ်ရေးရာကော်မတီ၊

မဟာဗျူဟာ စတင်နိုင်ဖို့အတွက် နိုင်ငံတော်က ထုတ်ပေးမယ့် ဘတ်ဂျက်အပေါ် မူတည်ပြီး တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ ဆောင်ရွက်ရမှာဖြစ်တာကြောင့် မျှော်မှန်းထားတဲ့ရလာဒ်ထွက်ရှိဖို့ဆိုရင် အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းတွေကလည်း ငွေအား၊ လူအားနဲ့ ပညာရပ်ပိုင်းဆိုင်ရာတွေ ပူးပေါင်းပါဝင် ဆောင်ရွက်ကြဖို့လည်း လိုအပ်နေပါတယ်ရှင်။

?bph6