နုိင္ငံေရးမွားယြင္းခ်က္ေတြကုိ ေထာက္ျပဖို႔ လက္ဝဲလူငယ္အသင္း ႀကိဳးပမ္းမယ္ (႐ုပ္/သံ)

0
71

လက္ရွိႏိုင္ငံေရးရဲ႕ မွားယြင္းခ်က္ေတြကို ေဝဖန္ေထာက္ျပဖို႔ ႀကိဳးပမ္းသြားမယ္လို႔ ရန္ကုန္တကၠသိုလ္ လက္ဝဲလူငယ္အသင္းက ေျပာပါတယ္။ ဒီသတင္းကို MCN သတင္းေထာက္ စိုင္းဟန္က ေပးပို႔ထားပါတယ္။

ႏိုင္ငံတိုးတက္မႈကို တစ္ဖက္တစ္လမ္းက အေထာက္အကူျပဳႏိုင္ဖို႔ ေက်ာင္းသားလူငယ္ေတြအေနနဲ႔ လက္ရွိ ႏိုင္ငံေရးရဲ႕ မွားယြင္းခ်က္ေတြကို ေဝဖန္ေထာက္ျပဖို႔ ႀကိဳးပမ္းသြားမယ္လို႔ ရန္ကုန္တကၠသိုလ္ လက္ဝဲလူငယ္အသင္းက ေျပာပါတယ္။

ႏိုဝင္ဘာလ ၇ ရက္ေန႔က ရန္ကုန္ၿမိဳ႕ ရန္ကုန္တကၠသိုလ္ဆရာမ်ား သမဂၢ႐ုံးခန္းမွာ ေအာက္တိုဘာေတာ္လွန္ေရး ၁၀၁ ႏွစ္ျပည့္အထိမ္းအမွတ္ စာတမ္းဖတ္ပြဲ ျပဳလုပ္ခ့ဲတာပါ။

Soundbite- ကိုေအာင္ေဇယ်ာဟိန္း(တည္ေထာင္သူ)
ရန္ကုန္တကၠသိုလ္လက္ဝဲလူငယ္အသင္း

ဒါ့အျပင္ ရင္ဆိုင္ေနရတ့ဲ စီးပြားေရးအၾကပ္အတည္းေတြနဲ႔ ဘယ္လို ျပဳဳျပင္ေျပာင္းလဲရမလဲဆိုတာေတြကို ႏိုင္ငံေရးအေတြးအေခၚ စာေပအေဟာင္းေတြထဲက ေခတ္စနစ္ေတြနဲ႔ ကိုက္ညီတ့ဲ အေျခခံေတြယူၿပီး ႏိုင္ငံေခတ္စနစ္ ေျပာင္းလဲေရးမွာ အေထာက္အကူျပဳႏိုင္ဖို႔ ဒီစာတမ္းဖတ္ပြဲကို ျပဳလုပ္တာျဖစ္တယ္လို႔ ေျပာပါတယ္။

Soundbite- ကိုေအာင္ေဇယ်ာဟိန္း(တည္ေထာင္သူ)
ရန္ကုန္တကၠသိုလ္လက္၀ဲလူငယ္အသင္း

ရန္ကုန္တကၠသိုလ္မွာျပဳလုပ္တ့ဲ အ့ဲဒီစာတမ္းဖတ္ပြဲမွာေတာ့ ေအာက္တိုဘာေတာ္လွန္ေရး၊ လက္ဝဲ အေတြးအေခၚ၊ လက္႐ွိျမန္မာျပည္ အလုပ္သမားျပႆနာ စတဲ့စာတမ္း ၆ ေစာင္ဖတ္ၾကားခ့ဲျပီး ကဗ်ာရြတ္တာေတြ ေတးသ႐ုပ္ေဖာ္ အစီအစဥ္ေတြျပဳလုပ္ခ့ဲပါတယ္ ခင္ဗ်ာ။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

နိုင်ငံရေးမှားယွင်းချက်တွေကို ထောက်ပြဖို့ လက်ဝဲလူငယ်အသင်း ကြိုးပမ်းမယ်

လက်ရှိနိုင်ငံရေးရဲ့ မှားယွင်းချက်တွေကို ဝေဖန်ထောက်ပြဖို့ ကြိုးပမ်းသွားမယ်လို့ ရန်ကုန်တက္ကသိုလ် လက်ဝဲလူငယ်အသင်းက ပြောပါတယ်။ ဒီသတင်းကို MCN သတင်းထောက် စိုင်းဟန်က ပေးပို့ထားပါတယ်။

နိုင်ငံတိုးတက်မှုကို တစ်ဖက်တစ်လမ်းက အထောက်အကူပြုနိုင်ဖို့ ကျောင်းသားလူငယ်တွေအနေနဲ့ လက်ရှိ နိုင်ငံရေးရဲ့ မှားယွင်းချက်တွေကို ဝေဖန်ထောက်ပြဖို့ ကြိုးပမ်းသွားမယ်လို့ ရန်ကုန်တက္ကသိုလ် လက်ဝဲလူငယ်အသင်းက ပြောပါတယ်။

နိုဝင်ဘာလ ၇ ရက်နေ့က ရန်ကုန်မြို့ ရန်ကုန်တက္ကသိုလ်ဆရာများ သမဂ္ဂရုံးခန်းမှာ အောက်တိုဘာတော်လှန်ရေး ၁၀၁ နှစ်ပြည့်အထိမ်းအမှတ် စာတမ်းဖတ်ပွဲ ပြုလုပ်ခဲ့တာပါ။

Soundbite- ကိုအောင်ဇေယျာဟိန်း(တည်ထောင်သူ)
ရန်ကုန်တက္ကသိုလ်လက်ဝဲလူငယ်အသင်း

ဒါ့အပြင် ရင်ဆိုင်နေရတဲ့ စီးပွားရေးအကြပ်အတည်းတွေနဲ့ ဘယ်လို ပြုပြင်ပြောင်းလဲရမလဲဆိုတာတွေကို နိုင်ငံရေးအတွေးအခေါ် စာပေအဟောင်းတွေထဲက ခေတ်စနစ်တွေနဲ့ ကိုက်ညီတဲ့ အခြေခံတွေယူပြီး နိုင်ငံခေတ်စနစ် ပြောင်းလဲရေးမှာ အထောက်အကူပြုနိုင်ဖို့ ဒီစာတမ်းဖတ်ပွဲကို ပြုလုပ်တာဖြစ်တယ်လို့ ပြောပါတယ်။

Soundbite- ကိုအောင်ဇေယျာဟိန်း(တည်ထောင်သူ)
ရန်ကုန်တက္ကသိုလ်လက်ဝဲလူငယ်အသင်း

ရန်ကုန်တက္ကသိုလ်မှာပြုလုပ်တဲ့ အဲ့ဒီစာတမ်းဖတ်ပွဲမှာတော့ အောက်တိုဘာတော်လှန်ရေး၊ လက်ဝဲ အတွေးအခေါ်၊ လက်ရှိမြန်မာပြည် အလုပ်သမား ပြဿနာ စတဲ့ စာတမ်း ၆ စောင်ဖတ်ကြားခဲ့ပြီး ကဗျာရွတ်တာတွေ တေးသရုပ်ဖော် အစီအစဉ်တွေပြုလုပ်ခဲ့ပါတယ် ခင်ဗျာ။

?bph6