လုပ္ငန္းခြင္ဝင္ဖုိ႔ အခက္အခဲရွိေနတဲ့ ဘြဲ႔ရလူငယ္ေတြရဲ႕ ျပႆနာေျဖရွင္းဖုိ႔ လိုအပ္ (႐ုပ္/သံ)

0
65

ဘဲြ႔ရလူငယ္ေတြရဲ႕ အလုပ္အကိုင္အခြင့္အလမ္း ျပႆနာကို အစိုးရက ေျဖရွင္းေပးဖို႔ လိုအပ္ေနတယ္လို႔ ျမန္မာႏိုင္ငံ အင္ဂ်င္နီယာအသင္းက ေျပာဆိုလိုက္ပါတယ္။ ဒီသတင္းကိုေတာ့ MCN သတင္းေထာက္ သႏၱာမိုးက ေပးပို႔ထားပါတယ္။

ျမန္မာႏိုင္ငံ တကၠသိုလ္အသီးသီးက လူငယ္ေတြဟာ ကြ်မ္းက်င္ရာ ဘာသာရပ္အလိုက္ ဘြဲ႔ရေပမယ္႔ လုပ္ငန္းခြင္အတြင္းမွာ အလုပ္ရမယ္ဆိုတဲ့ အာမခံခ်က္မရွိတာေၾကာင့္ လုပ္ငန္းခြင္ဝင္ဖို႔ အခက္အခဲေတြရွိေနတဲ့ ျပႆနာေတြကို အစုိးရနဲ႔ လုပ္ငန္းရွင္ေတြ ပူးေပါင္းေဆာင္ရြက္ဖုိ႔ လုိအပ္ေနတယ္လို႔ ျမန္မာနုိင္ငံ အင္ဂ်င္နီယာအသင္းက ေျပာပါတယ္။

လက္ရွိ ဘြဲ႔ရ လူငယ္ေတြအေနနဲ႔ အထူးျပဳသင္ၾကားထားၿပီး ရရွိထားတဲ့ ဘြဲ႔ေတြနဲ႔ ျပင္ပလုပ္ငန္းခြင္က လိုအပ္ခ်က္ေတြဟာ ကြဲလြဲေနတာေၾကာင့္ အလုပ္အကုိင္ရရွိဖို႔ အခက္အခဲ ရွိေနတာပါ။

Soundbite ဦးေဌး (ဒုတိယဥကၠ႒) ျမန္မာနုိင္ငံအင္ဂ်င္နီယာအသင္း

ဒ့ါအျပင္ ဘြဲ႔ရလူငယ္ေတြဟာ လုပ္ငန္းခြင္၀င္ဖို႔အတြက္ တကၠသိုလ္က ရရွိထားတဲ့ အထူးျပဳ ဘာသာရပ္ သက္ဆိုင္ရာ ဘြဲ႔ေတြအျပင္ ကုမၸဏီေတြ၊ လုပ္ငန္းခြင္ေတြနဲ႔ ကိုက္ညီတဲ့ ပညာရပ္ဆိုင္ရာေတြကို ေက်ာင္းျပင္ပမွာ ျပန္လည္ သင္ၾကားေနရတာလည္း ျဖစ္ပါတယ္။

Soundbite ဦးေဌး (ဒုတိယဥကၠ႒) ျမန္မာနုိင္ငံအင္ဂ်င္နီယာအသင္း

လက္ရွိအစိုးရအေနနဲ႔ ပညာေရးဝန္ႀကီးဌာန၊ စက္မႈဝန္ႀကီးဌာနနဲ႔ အလုပ္သမားဝန္ႀကီးဌာနကေနတဆင့္ ဘြဲ႕မရရွိေသးတဲ႔ လူငယ္ေတြကုိ အလုပ္အကုိင္ရရွိေစဖုိ႔ သင္တန္းေတြ ပို႔ခ်ေပးေနေပမယ့္ ဘြဲ႔ရ လူငယ္ေတြအတြက္ကေတာ့ အခုခ်ိန္ အလုပ္အကိုင္ရရွိဖို႔ အခက္အခဲတခ်ိဳ႕ ရွိေနဆဲျဖစ္ပါတယ္ရွင္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

လုပ်ငန်းခွင်ဝင်ဖို့ အခက်အခဲရှိနေတဲ့ ဘွဲ့ရလူငယ်တွေရဲ့ ပြဿနာဖြေရှင်းဖို့ လိုအပ်

ဘွဲ့ရလူငယ်တွေရဲ့ အလုပ်အကိုင်အခွင့်အလမ်း ပြဿနာကို အစိုးရက ဖြေရှင်းပေးဖို့ လိုအပ်နေတယ်လို့ မြန်မာနိုင်ငံ အင်ဂျင်နီယာအသင်းက ပြောဆိုလိုက်ပါတယ်။ ဒီသတင်းကိုတော့ MCN သတင်းထောက် သန္တာမိုးက ပေးပို့ထားပါတယ်။

မြန်မာနိုင်ငံ တက္ကသိုလ်အသီးသီးက လူငယ်တွေဟာ ကျွမ်းကျင်ရာ ဘာသာရပ်အလိုက် ဘွဲ့ရပေမယ့် လုပ်ငန်းခွင်အတွင်းမှာ အလုပ်ရမယ်ဆိုတဲ့ အာမခံချက်မရှိတာကြောင့် လုပ်ငန်းခွင်ဝင်ဖို့ အခက်အခဲတွေ ရှိနေတဲ့ ပြဿနာတွေကို အစိုးရနဲ့ လုပ်ငန်းရှင်တွေ ပူးပေါင်းဆောင်ရွက်ဖို့ လိုအပ်နေတယ်လို့ မြန်မာနိုင်ငံ အင်ဂျင်နီယာအသင်းက ပြောပါတယ်။

လက်ရှိ ဘွဲ့ရ လူငယ်တွေအနေနဲ့ အထူးပြုသင်ကြားထားပြီး ရရှိထားတဲ့ ဘွဲ့တွေနဲ့ ပြင်ပလုပ်ငန်းခွင်က လိုအပ်ချက်တွေဟာ ကွဲလွဲနေတာကြောင့် အလုပ်အကိုင်ရရှိဖို့ အခက်အခဲ ရှိနေတာပါ။

Soundbite ဦးဌေး (ဒုတိယဥက္ကဋ္ဌ) မြန်မာနိုင်ငံအင်ဂျင်နီယာအသင်း

ဒါ့အပြင် ဘွဲ့ရလူငယ်တွေဟာ လုပ်ငန်းခွင်ဝင်ဖို့အတွက် တက္ကသိုလ်က ရရှိထားတဲ့ အထူးပြု ဘာသာရပ် သက်ဆိုင်ရာ ဘွဲ့တွေအပြင် ကုမ္ပဏီတွေ၊ လုပ်ငန်းခွင်တွေနဲ့ ကိုက်ညီတဲ့ ပညာရပ်ဆိုင်ရာတွေကို ကျောင်းပြင်ပမှာ ပြန်လည် သင်ကြားနေရတာလည်း ဖြစ်ပါတယ်။

Soundbite ဦးဌေး (ဒုတိယဥက္ကဋ္ဌ) မြန်မာနိုင်ငံအင်ဂျင်နီယာအသင်း

လက်ရှိအစိုးရအနေနဲ့ ပညာရေးဝန်ကြီးဌာန၊ စက်မှုဝန်ကြီးဌာနနဲ့ အလုပ်သမားဝန်ကြီးဌာနကနေတဆင့် ဘွဲ့မရရှိသေးတဲ့ လူငယ်တွေကို အလုပ်အကိုင်ရရှိစေဖို့ သင်တန်းတွေ ပို့ချပေးနေပေမယ့် ဘွဲ့ရ လူငယ်တွေအတွက်ကတော့ အခုချိန် အလုပ်အကိုင်ရရှိဖို့ အခက်အခဲတချို့ ရှိနေဆဲဖြစ်ပါတယ်ရှင်။

?bph6