ျပည္ပအလုပ္အကုိင္ထက္ ျပည္တြင္းအလုပ္အကုိင္ကုိ ဦးစားေပးလုပ္ေဆာင္မယ္ (႐ုပ္/သံ)

0
50

လုပ္ငန္းကၽြမ္းက်င္မႈအရ ျပည္ပအလုပ္အကုိင္ထက္ ျပည္တြင္းအလုပ္အကုိင္ကုိသာ ဦးစားေပးလုပ္ေဆာင္သြားမယ္လို႔ ကြ်မ္းက်င္မႈေလ့က်င့္ေရး သင္တန္းေက်ာင္းက ေျပာပါတယ္။ ဒီသတင္းကုိ MCN သတင္းေထာက္သႏၱာမုိးက ေပးပုိ႔ထားပါတယ္။

ျမန္မာနုိင္ငံရဲ႕လုိအပ္ခ်က္အရ ျပည္တြင္းတြက္သာ ကၽြမ္းက်င္လုပ္သားေတြ ေမြးထုတ္ေပးနုိင္ဖုိ႔ အဓိကျဖစ္လုိ႔ ျပည္ပအလုပ္အကုိင္ထက္ ဦးစားေပးလုပ္ေဆာင္ေနတာျဖစ္တယ္လုိ႔ ကြ်မ္းက်င္မႈ ေလ႔က်င္႔ေရး သင္တန္းေက်ာင္း၊ ေက်ာင္းအုပ္ႀကီး ေဒၚခင္မာေအးက ေျပာပါတယ္။

ျပည္တြင္း အလုပ္အကိုင္ေတြမွာ ကၽြမ္းက်င္လုပ္သားလိုအပ္ခ်က္ေတြ ရွိေနတာနဲ႔ ပတ္သက္ၿပီး ေမးျမန္းရာမွာ အခုလို ေျပာခဲ့တာပါ။

Soundbite ေဒၚခင္မာေအး (ကြ်မ္းက်င္မႈေလ႔က်င္႔ေရးသင္တန္းေက်ာင္း၊ ေက်ာင္းအုပ္ႀကီး)
အလုပ္သမားဝန္ႀကီးဌာန

ဒါ့အျပင္ ကၽြမ္းက်င္မႈစံသင္တန္းလက္မွတ္ေတြ ရရွိထားတဲ႔ လုပ္သားေတြကုိ လုပ္ခလစာ တုိးျမွင္႔ေပးနုိင္မယ္ဆိုရင္ ျပည္ပသြားေရာက္လုပ္ကုိင္သူေတြ ေလ်ာ႔နည္းလာမွာျဖစ္တယ္လုိ႔လည္း ျမန္မာနုိင္ငံ အင္ဂ်င္နီယာအသင္း ဒုတိယဥကၠ႒က ေျပာပါတယ္။

Soundbite ဦးေဌး (ဒုတိယဥကၠ႒)
ျမန္မာႏုိင္ငံအင္ဂ်င္နီယာအသင္း

အလုပ္သမားလူဝင္မႈႀကီးၾကပ္ေရးနဲ႔ ျပည္သူ႔အင္အားဝန္ႀကီးဌာနအေနနဲ႔ အာဆီယံ ၁၀ နုိင္ငံ အသိအမွတ္ျပဳ အလုပ္အကုိင္ ၃၅ မ်ဳိးအတြက္ လုပ္ငန္းကၽြမ္းက်င္မႈစံလက္မွတ္ေတြ ထုတ္ေပးထားတဲ့ ကၽြမ္းက်င္လုပ္သား ၈ ေထာင္ေက်ာ္ကုိ ေမြးထုတ္ထားပါတယ္ရွင္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ပြည်ပအလုပ်အကိုင်ထက် ပြည်တွင်းအလုပ်အကိုင်ကို ဦးစားပေးလုပ်ဆောင်မယ်

လုပ်ငန်းကျွမ်းကျင်မှုအရ ပြည်ပအလုပ်အကိုင်ထက် ပြည်တွင်းအလုပ်အကိုင်ကိုသာ ဦးစားပေးလုပ်ဆောင်သွားမယ်လို့ ကျွမ်းကျင်မှုလေ့ကျင့်ရေး သင်တန်းကျောင်းက ပြောပါတယ်။ ဒီသတင်းကို MCN သတင်းထောက်သန္တာမိုးက ပေးပို့ထားပါတယ်။

မြန်မာနိုင်ငံရဲ့လိုအပ်ချက်အရ ပြည်တွင်းတွက်သာ ကျွမ်းကျင်လုပ်သားတွေ မွေးထုတ်ပေးနိုင်ဖို့ အဓိကဖြစ်လို့ ပြည်ပအလုပ်အကိုင်ထက် ဦးစားပေးလုပ်ဆောင်နေတာဖြစ်တယ်လို့ ကျွမ်းကျင်မှု လေ့ကျင့်ရေး သင်တန်းကျောင်း၊ ကျောင်းအုပ်ကြီး ဒေါ်ခင်မာအေးက ပြောပါတယ်။

ပြည်တွင်း အလုပ်အကိုင်တွေမှာ ကျွမ်းကျင်လုပ်သားလိုအပ်ချက်တွေ ရှိနေတာနဲ့ ပတ်သက်ပြီး မေးမြန်းရာမှာ အခုလို ပြောခဲ့တာပါ။

Soundbite ဒေါ်ခင်မာအေး (ကျွမ်းကျင်မှုလေ့ကျင့်ရေးသင်တန်းကျောင်း၊ ကျောင်းအုပ်ကြီး)
အလုပ်သမားဝန်ကြီးဌာန

ဒါ့အပြင် ကျွမ်းကျင်မှုစံသင်တန်းလက်မှတ်တွေ ရရှိထားတဲ့ လုပ်သားတွေကို လုပ်ခလစာ တိုးမြှင့်ပေးနိုင်မယ်ဆိုရင် ပြည်ပသွားရောက်လုပ်ကိုင်သူတွေ လျော့နည်းလာမှာဖြစ်တယ်လို့လည်း မြန်မာနိုင်ငံ အင်ဂျင်နီယာအသင်း ဒုတိယဥက္ကဋ္ဌက ပြောပါတယ်။

Soundbite ဦးဌေး (ဒုတိယဥက္ကဋ္ဌ)
မြန်မာနိုင်ငံအင်ဂျင်နီယာအသင်း

အလုပ်သမားလူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဝန်ကြီးဌာနအနေနဲ့ အာဆီယံ ၁၀ နိုင်ငံ အသိအမှတ်ပြု အလုပ်အကိုင် ၃၅ မျိုးအတွက် လုပ်ငန်းကျွမ်းကျင်မှုစံလက်မှတ်တွေ ထုတ်ပေးထားတဲ့ ကျွမ်းကျင်လုပ်သား ၈ ထောင်ကျော်ကို မွေးထုတ်ထားပါတယ်ရှင်။

?bph6