ဒီမိုကေရစီဖက္ဒရယ္ျပည္ေထာင္စုျဖစ္ဖို႔ အစိုးရနဲ႔အတူ တိုင္းရင္းသားအားလံုး ပူးေပါင္းၾကဖို႔ တိုက္တြန္း

0
79

ဒီမိုကေရစီဖက္ဒရယ္ျပည္ေထာင္စုအျဖစ္ ႀကိဳးပမ္းရာမွာ အခက္အခဲေတြနဲ႔ စိန္ေခၚမႈေတြကို အစိုးရနဲ႔အတူ တိုင္းရင္းသားအားလုံး လက္တြဲပူးေပါင္းပါဝင္ၾကဖို႔ ႏိုင္ငံေတာ္သမၼတ ဦးဝင္းျမင့္က တိုက္တြန္းလိုက္ပါတယ္။

ႏိုင္၀င္ဘာလ ၇ ရက္ေန႔က ၆၃ ႏွစ္ေျမာက္ ကရင္ျပည္နယ္ေန႔အခမ္းအနားကို ေပးပို႔တဲ့ ႏိုင္ငံေတာ္သမၼတ သ၀ဏ္လႊာမွာ အခုလို တိုက္တြန္းေျပာၾကားလိုက္တာပါ။

အရင္က ျပည္တြင္းလက္နက္ကိုင္ ပဋိပကၡဒဏ္ ျပင္းျပင္းထန္ထန္ ခံစားခဲ့ရတဲ့ ကရင္ျပည္နယ္ဟာ အခုဆိုရင္ ေသနတ္သံေတြ တိတ္သေလာက္ ျဖစ္ေနၿပီ ျဖစ္ေၾကာင္းနဲ႔ ၿငိမ္းခ်မ္းေရးအတြက္ သတၱိရွိရွိ လက္တြဲလာမႈနဲ႔ ပူးေပါင္းေဆာင္ရြက္မႈေတြေၾကာင့္ ၿငိမ္းခ်မ္းေရးနဲ႔ ဖြံ႕ၿဖိဳးတိုးတက္မႈေတြရဲ႕ အသီးအပြင့္ေတြကို ခံစားရေနၿပီ ျဖစ္တယ္လို႔လည္း ႏိုင္ငံေတာ္သမၼတက ေျပာပါတယ္။

ဒါ့အျပင္ ဖြံ႕ၿဖိဳးတိုးတက္တဲ့ ကရင္ျပည္နယ္ႀကီးျဖစ္ေပၚလာဖို႔ စုစည္းညီညြတ္စြာ လက္တြဲၿပီး အေကာင္အထည္ေဖာ္ၾကဖို႔ကိုလည္း တိုက္တြန္းထားပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုဖြစ်ဖို့ အစိုးရနဲ့အတူ တိုင်းရင်းသားအားလုံး ပူးပေါင်းကြဖို့ တိုက်တွန်း

ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုအဖြစ် ကြိုးပမ်းရာမှာ အခက်အခဲတွေနဲ့ စိန်ခေါ်မှုတွေကို အစိုးရနဲ့အတူ တိုင်းရင်းသားအားလုံး လက်တွဲပူးပေါင်းပါဝင်ကြဖို့ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်က တိုက်တွန်းလိုက်ပါတယ်။

နိုင်ဝင်ဘာလ ၇ ရက်နေ့က ၆၃ နှစ်မြောက် ကရင်ပြည်နယ်နေ့အခမ်းအနားကို ပေးပို့တဲ့ နိုင်ငံတော်သမ္မတ သဝဏ်လွှာမှာ အခုလို တိုက်တွန်းပြောကြားလိုက်တာပါ။

အရင်က ပြည်တွင်းလက်နက်ကိုင် ပဋိပက္ခဒဏ် ပြင်းပြင်းထန်ထန် ခံစားခဲ့ရတဲ့ ကရင်ပြည်နယ်ဟာ အခုဆိုရင် သေနတ်သံတွေ တိတ်သလောက် ဖြစ်နေပြီ ဖြစ်ကြောင်းနဲ့ ငြိမ်းချမ်းရေးအတွက် သတ္တိရှိရှိ လက်တွဲလာမှုနဲ့ ပူးပေါင်းဆောင်ရွက်မှုတွေကြောင့် ငြိမ်းချမ်းရေးနဲ့ ဖွံ့ဖြိုးတိုးတက်မှုတွေရဲ့ အသီးအပွင့်တွေကို ခံစားရနေပြီ ဖြစ်တယ်လို့လည်း နိုင်ငံတော်သမ္မတက ပြောပါတယ်။

ဒါ့အပြင် ဖွံ့ဖြိုးတိုးတက်တဲ့ ကရင်ပြည်နယ်ကြီးဖြစ်ပေါ်လာဖို့ စုစည်းညီညွတ်စွာ လက်တွဲပြီး အကောင်အထည်ဖော်ကြဖို့ကိုလည်း တိုက်တွန်းထားပါတယ်။

?bph6