ကမၻာ့ဘိလိယက္နဲ႔ စႏူကာ ခ်န္ပီယံရွစ္ ၿပိဳင္ပြဲ ျမန္မာႏိုင္ငံမွာ ပထမဆံုး က်င္းပမယ္

0
60

ကမၻာ့ဘိလိယက္နဲ႔ စႏူကာ ခ်န္ပီယံရွစ္ၿပိဳင္ပြဲႀကီးကို ျမန္မာႏိုင္ငံက ပထမဆုံးအႀကိမ္ အိမ္ရွင္အျဖစ္ ႏိုဝင္ဘာလ ၁၂ ရက္ေန႔ကေန ၂၇ ရက္ေန႔အထိ လက္ခံက်င္းပသြားမွာ ျဖစ္ပါတယ္။

ဒီၿပိဳင္ပြဲႀကီးကို ျမန္မာႏိုင္ငံအပါအဝင္ ႏိုင္ငံေပါင္း ၃၆ ႏိုင္ငံက ကမၻာေက်ာ္ ဘိလိယက္နဲ႔ စႏူကာအားကစားသမားေတြ လာေရာက္ယွဥ္ၿပိဳင္ၾကမွာျဖစ္ၿပီး ဘိလိယက္ၿပိဳင္ပြဲအမ်ဳိးအစားႏွစ္မ်ဳိးနဲ႔ စႏူကာၿပိဳင္ပြဲ အမ်ဳိးအစား သုံးမ်ဳိးယွဥ္ၿပိဳင္သြားမွာ ျဖစ္ပါတယ္။

ဒီၿပိဳင္ပြဲကို ရန္ကုန္ၿမိဳ႕ ေတာင္ဥကၠလာပၿမိဳ႕နယ္ ဂရန္း မာက်ဴရီဟိုတယ္မွာ က်င္းပမွာျဖစ္ၿပီး ၿပိဳင္ပြဲအမ်ဳိးအစား ငါးခုစလုံးအတြက္ ဆုေၾကးေငြ အေမရိကန္ေဒၚလာ ၄၆ဝဝဝ ကို ဆုအလိုက္ ခြဲေဝေပးသြားမွာ ျဖစ္ပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ကမ္ဘာ့ဘိလိယက်နဲ့ စနူကာ ချန်ပီယံရှစ် ပြိုင်ပွဲ မြန်မာနိုင်ငံမှာ ပထမဆုံး ကျင်းပမယ်

ကမ္ဘာ့ဘိလိယက်နဲ့ စနူကာ ချန်ပီယံရှစ်ပြိုင်ပွဲကြီးကို မြန်မာနိုင်ငံက ပထမဆုံးအကြိမ် အိမ်ရှင်အဖြစ် နိုဝင်ဘာလ ၁၂ ရက်နေ့ကနေ ၂၇ ရက်နေ့အထိ လက်ခံကျင်းပသွားမှာ ဖြစ်ပါတယ်။

ဒီပြိုင်ပွဲကြီးကို မြန်မာနိုင်ငံအပါအဝင် နိုင်ငံပေါင်း ၃၆ နိုင်ငံက ကမ္ဘာကျော် ဘိလိယက်နဲ့ စနူကာအားကစားသမားတွေ လာရောက်ယှဉ်ပြိုင်ကြမှာဖြစ်ပြီး ဘိလိယက်ပြိုင်ပွဲအမျိုးအစားနှစ်မျိုးနဲ့ စနူကာပြိုင်ပွဲ အမျိုးအစား သုံးမျိုးယှဉ်ပြိုင်သွားမှာ ဖြစ်ပါတယ်။

ဒီပြိုင်ပွဲကို ရန်ကုန်မြို့ တောင်ဥက္ကလာပမြို့နယ် ဂရန်း မာကျူရီဟိုတယ်မှာ ကျင်းပမှာဖြစ်ပြီး ပြိုင်ပွဲအမျိုးအစား ငါးခုစလုံးအတွက် ဆုကြေးငွေ အမေရိကန်ဒေါ်လာ ၄၆ဝဝဝ ကို ဆုအလိုက် ခွဲဝေပေးသွားမှာ ဖြစ်ပါတယ်။

?bph6