ေခ်ာင္းသာကမ္းေျခမွာ ခရီးသြားျမႇင့္တင္ေရး ေစ်းေရာင္းပြဲေတာ္ က်င္းပမယ္

0
62

ျပည္တြင္း၊ ျပည္ပ ခရီးသြားဧည္သည္မ်ား ပိုမိုဝင္ေရာက္ လာေစဖို႔နဲ႔ ေခ်ာင္းသာကမ္းေျခ ဖြံ႕ၿဖိဳးေရးအတြက္ ရည္ရြယ္ၿပီးေတာ့ ေခ်ာင္းသာကမ္းေျခမွာ ခရီးသြားျမႇင့္တင္ေရး ေစ်းေရာင္းပြဲေတာ္ကို ႏိုဝင္ဘာလ ၁၉ ရက္ကေန ၂၁ ရက္ေန႔အထိ (၃) ရက္တိုင္ က်င္းပသြားမွာျဖစ္ပါတယ္။

 

အဲဒီေစ်းေရာင္းပြဲေတာ္မွာ ေစ်းဆုိင္ခန္းေပါင္း ၁၀၀ ေက်ာ္ ပါ၀င္မွာျဖစ္ၿပီး ေဒသထြက္ပစၥည္းေတြ နဲ႔ အစားအစာေတြကို ေရာင္းခ်သြားမယ့္အျပင္ ညပိုင္းမွာေတာ့ ေတးသံရွင္ေတြက ေဖ်ာ္ေျဖေရးအစီအစဥ္ေတြနဲ႔ တင္ဆက္မွာျဖစ္ၿပီး ျမန္မာ့႐ိုးရာ လက္ေဝွ႔ၿပိဳင္ပြဲေတြကိုပါ ထည့္သြင္း က်င္းပသြားမွာျဖစ္ပါတယ္။

ဒါ့အျပင္ ေခ်ာင္းသာကမ္းေျခကို အခုႏွစ္ ဇန္နဝါရီလကေန ေအာက္တိုဘာလအထိ ျပည္တြင္း၊ ျပည္ပ ခရီးသြား ဧည့္သည္ သုံးသိန္းေျခာက္ေသာင္းေက်ာ္ ဝင္ေရာက္ခဲ့တာလည္း ျဖစ္ပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ချောင်းသာကမ်းခြေမှာ ခရီးသွားမြှင့်တင်ရေး ဈေးရောင်းပွဲတော် ကျင်းပမယ်

ပြည်တွင်း၊ ပြည်ပ ခရီးသွားဧည်သည်များ ပိုမိုဝင်ရောက် လာစေဖို့နဲ့ ချောင်းသာကမ်းခြေ ဖွံ့ဖြိုးရေးအတွက် ရည်ရွယ်ပြီးတော့ ချောင်းသာကမ်းခြေမှာ ခရီးသွားမြှင့်တင်ရေး ဈေးရောင်းပွဲတော်ကို နိုဝင်ဘာလ ၁၉ ရက်ကနေ ၂၁ ရက်နေ့အထိ (၃) ရက်တိုင် ကျင်းပသွားမှာဖြစ်ပါတယ်။

အဲဒီဈေးရောင်းပွဲတော်မှာ ဈေးဆိုင်ခန်းပေါင်း ၁၀ဝ ကျော် ပါဝင်မှာဖြစ်ပြီး ဒေသထွက်ပစ္စည်းတွေ နဲ့ အစားအစာတွေကို ရောင်းချသွားမယ့်အပြင် ညပိုင်းမှာတော့ တေးသံရှင်တွေက ဖျော်ဖြေရေးအစီအစဉ်တွေနဲ့ တင်ဆက်မှာဖြစ်ပြီး မြန်မာ့ရိုးရာ လက်ဝှေ့ပြိုင်ပွဲတွေကိုပါ ထည့်သွင်း ကျင်းပသွားမှာဖြစ်ပါတယ်။

ဒါ့အပြင် ချောင်းသာကမ်းခြေကို အခုနှစ် ဇန်နဝါရီလကနေ အောက်တိုဘာလအထိ ပြည်တွင်း၊ ပြည်ပ ခရီးသွား ဧည့်သည် သုံးသိန်းခြောက်သောင်းကျော် ဝင်ရောက် ခဲ့တာလည်း ဖြစ်ပါတယ်။

?bph6