ပထမအသုတ္ ေနရပ္ျပန္မယ့္ လူစာရင္းထဲမွာ အၾကမ္းဖက္ အဖြဲ႕၀င္ေတြ ပါ၀င္ေန

0
76

ဘဂၤါလီ ဒုကၡသည္ေတြ ေနရပ္ျပန္ႏိုင္ေရး ႏွစ္ႏိုင္ငံသေဘာတူညီခ်က္အရ ဘဂၤလားေဒ့ရွ္ဘက္က ေပးပို႔တဲ့ လူစာရင္းထဲမွာ အေယာက္ ၅၀ ေလာက္က အၾကမ္းဖက္အဖြဲ႔၀င္ေတြအျဖစ္ ျမန္မာႏိုင္ငံဘက္က သတ္မွတ္ေၾကာင္း ဥေရာပ ေကာ္မရွင္က ထုတ္ျပန္ပါတယ္။

 

ဘဂၤလားေဒ့ရွ္ အစိုးရဘက္က ကနဦးေပးပို႔ခဲ့တဲ့ လူ ၈ ေထာင္စာရင္းထဲက လူ ႏွစ္ေထာင္ကို တရား၀င္အျဖစ္ ျမန္မာဘက္က ျပန္လည္အေၾကာင္းၾကားခဲ့ၿပီး၊ လူ ၅၀ ကိုေတာ့ အၾကမ္းဖက္သမားေတြအျဖစ္ ေတြ႔ရွိသတ္ မွတ္ေၾကာင္း အေၾကာင္းျပန္ခဲ့တယ္လို႔ RFA သတင္းဌာနမွာ ေဖာ္ျပထားပါတယ္။

ႏွစ္ႏိုင္ငံ သေဘာတူညီခ်က္အရ အခု ႏို၀င္ဘာလလယ္ပိုင္းမွာ ဒုကၡသည္ပထမ အသုတ္ကို စတင္လက္ခံမွာ ျဖစ္ပါတယ္။

ဒါ့အျပင္ ေနရပ္ျပန္ေရး သေဘာတူညီခဲ့ၾကတဲ့ကိစၥမွာ ကုလသမဂၢ ဒုကၡသည္မ်ားဆိုင္ရာ မဟာမင္းႀကီးရံုး UNHCR နဲ႔ ဘဂၤလားေဒ့ရွ္ အဖြဲ႔အစည္းေတြကို တိုင္ပင္တာလည္းမရွိသလို ေၾကညာခ်က္ထုတ္ျပန္တာလည္း မေတြ႔ရဘူးလို႔ ဥေရာပေကာ္မရွင္က ထုတ္ျပန္ထားပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ပထမအသုတ် နေရပ်ပြန်မယ့် လူစာရင်းထဲမှာ အကြမ်းဖက်အဖွဲ့ဝင်တွေ ပါဝင်နေ

ဘင်္ဂါလီ ဒုက္ခသည်တွေ နေရပ်ပြန်နိုင်ရေး နှစ်နိုင်ငံသဘောတူညီချက်အရ ဘင်္ဂလားဒေ့ရှ်ဘက်က ပေးပို့တဲ့ လူစာရင်းထဲမှာ အယောက် ၅၀ လောက်က အကြမ်းဖက်အဖွဲ့ဝင်တွေအဖြစ် မြန်မာနိုင်ငံဘက်က သတ်မှတ်ကြောင်း ဥရောပ ကော်မရှင်က ထုတ်ပြန်ပါတယ်။

ဘင်္ဂလားဒေ့ရှ် အစိုးရဘက်က ကနဦးပေးပို့ခဲ့တဲ့ လူ ၈ ထောင်စာရင်းထဲက လူ နှစ်ထောင်ကို တရားဝင်အဖြစ် မြန်မာဘက်က ပြန်လည်အကြောင်းကြားခဲ့ပြီး၊ လူ ၅၀ ကိုတော့ အကြမ်းဖက်သမားတွေအဖြစ် တွေ့ရှိသတ် မှတ်ကြောင်း အကြောင်းပြန်ခဲ့တယ်လို့ RFA သတင်းဌာနမှာ ဖော်ပြထားပါတယ်။

နှစ်နိုင်ငံ သဘောတူညီချက်အရ အခု နိုဝင်ဘာလလယ်ပိုင်းမှာ ဒုက္ခသည်ပထမ အသုတ်ကို စတင်လက်ခံမှာ ဖြစ်ပါတယ်။

ဒါ့အပြင် နေရပ်ပြန်ရေး သဘောတူညီခဲ့ကြတဲ့ကိစ္စမှာ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး UNHCR နဲ့ ဘင်္ဂလားဒေ့ရှ် အဖွဲ့အစည်းတွေကို တိုင်ပင်တာလည်းမရှိသလို ကြေညာချက်ထုတ်ပြန်တာလည်း မတွေ့ရဘူးလို့ ဥရောပကော်မရှင်က ထုတ်ပြန်ထားပါတယ်။

?bph6