မေကြးမွာ သန္႔ရွင္းမႈ အားနည္းတဲ့ ေရသန္႔လုပ္ငန္းေတြကို ျဖန္႔ျဖဴးခြင့္ ပိတ္သိမ္း

0
119

မေကြးတိုင္းမွာ အိမ္သံုးစက္နဲ႔ ေရသန္႔ထုတ္လုပ္ေနတဲ့ ေရသန္႔လုပ္ငန္းေတြနဲ႔ သန္႔ရွင္းမႈ အားနည္းတဲ့ ေရသန္႔စက္႐ံု ၁၆ ခုတို႔ကို ျဖန္႔ျဖဴးခြင့္ ပိတ္သိမ္းလိုက္ပါတယ္။

မေကြးတိုင္းမွာ ေအာက္တိုဘာလကုန္ စာရင္းအရ ေရသန္႔စက္႐ံုေပါင္း ၈၀ ေက်ာ္ ရွိၿပီး ၆ လတစ္ႀကိမ္ စစ္ေဆးေနပါတယ္။ ေရွာင္တခင္ စစ္ေဆးမႈအရ ပိတ္သိမ္းခံရတဲ့ ေရသန္႔စက္႐ံုေတြအနက္ အိမ္သံုးစက္ေတြနဲ႔ ထုတ္လုပ္ေရာင္းခ်တဲ့ စက္႐ံု ၁၂ ႐ံု၊ FDA ေလွ်ာက္ထားျခင္း မရွိဘဲ ျဖန္႔ုျဖဴးေနတဲ့ စက္႐ံု ၄ ႐ံု၊ စုစုေပါင္း ၁၆ ႐ံု ရွိပါတယ္။

အိမ္သံုးနဲ႔ တရားမဝင္ စက္႐ံုေတြဟာ ဂန္႔ေဂါခ႐ိုင္မ်ာ အမ်ားဆံုး ျဖစ္ၿပီး တစ္တိုင္းလံုးရဲ႕ အေရးယူရတဲ့စက္႐ံု သံုးပံု တစ္ပံုေလာက္ ရွိေနပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

မကွေးမှာ သန့်ရှင်းမှု အားနည်းတဲ့ ရေသန့်လုပ်ငန်းတွေကို ဖြန့်ဖြူးခွင့် ပိတ်သိမ်း

မကွေးတိုင်းမှာ အိမ်သုံးစက်နဲ့ ရေသန့်ထုတ်လုပ်နေတဲ့ ရေသန့်လုပ်ငန်းတွေနဲ့ သန့်ရှင်းမှု အားနည်းတဲ့ ရေသန့်စက်ရုံ ၁၆ ခုတို့ကို ဖြန့်ဖြူးခွင့် ပိတ်သိမ်းလိုက်ပါတယ်။

မကွေးတိုင်းမှာ အောက်တိုဘာလကုန် စာရင်းအရ ရေသန့်စက်ရုံပေါင်း ၈၀ ကျော် ရှိပြီး ၆ လတစ်ကြိမ် စစ်ဆေးနေပါတယ်။ ရှောင်တခင် စစ်ဆေးမှုအရ ပိတ်သိမ်းခံရတဲ့ ရေသန့်စက်ရုံတွေအနက် အိမ်သုံးစက်တွေနဲ့ ထုတ်လုပ်ရောင်းချတဲ့ စက်ရုံ ၁၂ ရုံ၊ FDA လျှောက်ထားခြင်း မရှိဘဲ ဖြန်ု့ဖြူးနေတဲ့ စက်ရုံ ၄ ရုံ၊ စုစုပေါင်း ၁၆ ရုံ ရှိပါတယ်။

အိမ်သုံးနဲ့ တရားမဝင် စက်ရုံတွေဟာ ဂန့်ဂေါခရိုင်မျာ အများဆုံး ဖြစ်ပြီး တစ်တိုင်းလုံးရဲ့ အရေးယူရတဲ့စက်ရုံ သုံးပုံ တစ်ပုံလောက် ရှိနေပါတယ်။

?bph6