အဆိုေတာ္ သားေထြး ကြယ္လြန္

0
82

လြတ္လပ္ၿငိမ္းခ်မ္း ပန္းရဲ႕လမ္း ဂီတအဖြဲ႔က ေတးေရး၊ ေတးဆို ကိုသားေထြး (၅၀ ႏွစ္) ဟာ ရန္ကုန္ၿမိဳ႕၊ ေအာင္ရတနာ ေဆး႐ံုမွာ အသည္းေရာဂါနဲ႔ ဒီေန႔ ႏိုဝင္ဘာ ၆ ရက္၊ မနက္ ၇ နာရီ ၁၅ မိနစ္မွာ ကြယ္လြန္သြားပါတယ္။

အဆိုေတာ္ သားေထြးဟာ ပ်ိဳး၊ အတူတူေနခ်င္တယ္၊ အခ်စ္မဲ့သေဘာ၊ မႏြမ္းပန္း အေခြေတြ ထြက္ရွိခဲ့ၿပီး စုေပါင္းေခြေတြမွာလည္း ပါဝင္ သီဆိုခဲ့ပါတယ္။ ပ်ိဳး၊ ခ်စ္ရတဲ့သူ စတဲ့ သီခ်င္းေတြဟာ ေၾကာ္ၾကားပါတယ္။ ၁၉၉၀ ျပည့္ႏွစ္ ေရြးေကာက္ပြဲမွာ အမ်ိဳးသား ဒီမိုကေရစီ အဖြဲ႔ခ်ဳပ္ (NLD) ပါတီ မဲဆြယ္ပြဲအတြက္ သီခ်င္းေတြ သီဆိုေပးခဲ့ပါတယ္။ ၂၀၁၂ ခုႏွစ္မွာ လြတ္လပ္ၿငိမ္းခ်မ္း ပန္းရဲ႕လမ္း ဂီတအဖြဲ႔ကို ကိုရဲလြင္နဲ႔အတူ တည္ေထာင္ၿပီး ၿငိမ္းခ်မ္းေရး ေတာင္းဆိုလႈပ္ရွားမႈေတြ လုပ္ေဆာင္ခဲ့ပါတယ္။

အဆိုေတာ္ သားေထြးရဲ႕ စ်ာပနကို ႏိုဝင္ဘာ ၈ ရက္ မြန္းလြဲ ၂ နာရီ ေရေဝးသုႆန္မွာ က်င္းပမွာ ျဖစ္ပါတယ္။ ကြယ္လြန္ခ်ိန္မွာ ဇနီး ေဒၚမာလာဝင္းနဲ႔ သမီး ၃ ဦး က်န္ရစ္ပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

အဆိုတော် သားထွေး ကွယ်လွန်

လွတ်လပ်ငြိမ်းချမ်း ပန်းရဲ့လမ်း ဂီတအဖွဲ့က တေးရေး၊ တေးဆို ကိုသားထွေး (၅၀ နှစ်) ဟာ ရန်ကုန်မြို့၊ အောင်ရတနာ ဆေးရုံမှာ အသည်းရောဂါနဲ့ ဒီနေ့ နိုဝင်ဘာ ၆ ရက်၊ မနက် ၇ နာရီ ၁၅ မိနစ်မှာ ကွယ်လွန်သွားပါတယ်။

အဆိုတော် သားထွေးဟာ ပျိုး၊ အတူတူနေချင်တယ်၊ အချစ်မဲ့သဘော၊ မနွမ်းပန်း အခွေတွေ ထွက်ရှိခဲ့ပြီး စုပေါင်းခွေတွေမှာလည်း ပါဝင် သီဆိုခဲ့ပါတယ်။ ပျိုး၊ ချစ်ရတဲ့သူ စတဲ့ သီချင်းတွေဟာ ကြော်ကြားပါတယ်။ ၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲမှာ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီ မဲဆွယ်ပွဲအတွက် သီချင်းတွေ သီဆိုပေးခဲ့ပါတယ်။ ၂၀၁၂ ခုနှစ်မှာ လွတ်လပ်ငြိမ်းချမ်း ပန်းရဲ့လမ်း ဂီတအဖွဲ့ကို ကိုရဲလွင်နဲ့အတူ တည်ထောင်ပြီး ငြိမ်းချမ်းရေး တောင်းဆိုလှုပ်ရှားမှုတွေ လုပ်ဆောင်ခဲ့ပါတယ်။

အဆိုတော် သားထွေးရဲ့ ဈာပနကို နိုဝင်ဘာ ၈ ရက် မွန်းလွဲ ၂ နာရီ ရေဝေးသုဿန်မှာ ကျင်းပမှာ ဖြစ်ပါတယ်။ ကွယ်လွန်ချိန်မှာ ဇနီး ဒေါ်မာလာဝင်းနဲ့ သမီး ၃ ဦး ကျန်ရစ်ပါတယ်။

?bph6