ကုန္သြယ္ေရး အထူးအခြင့္အေရး ႐ုပ္သိမ္းမွာကို လူ႔အခြင့္အေရး အဖဲြ႔အစည္းေတြ လက္မခံ

0
88

ျမန္မာႏိုင္ငံအေပၚ ဥေရာပ သမဂၢက ကုန္သြယ္ေရး အထူးအခြင့္အေရး ႐ုပ္သိမ္းမယ့္ ကိစၥဟာ အထည္ခ်ဳပ္လုပ္ငန္းနဲ႔ တျခား စက္မႈလုပ္ငန္းေတြက အလုပ္သမားေတြ၊ သာမန္ျပည္သူေတြကိုပဲ ထိခိုက္ေစမွာေၾကာင့္ လူ႔အခြင့္အေရး အဖဲြ႔အစည္းေတြက လက္မခံေၾကာင္း ၿဗိတိန္အေျခစိုက္ Burma Campaign UK အဖဲြ႔ရဲ႕ အမႈေဆာင္ညြန္ၾကားေရးမွဴး မာ့ခ္ ဖာမနာက ေျပာပါတယ္။

ဥေရာပ သမဂၢဟာ ပြင့္လင္းျမင္သာမႈ မရွိတဲ့အတြက္ အကဲျဖတ္ဖို႔ ခက္ခဲေၾကာင္း၊ သူတို႔ သိထားသေလာက္ကေတာ့ ဥေရာပ ကုန္သြယ္ေရးဆိုင္ရာ ေကာ္မရွင္နာ မစၥ ဆက္စီလီယာ မယ္လ္စထရြန္းဟာ အလြန္ကို ဗ်ဴ႐ိုကေရစီ ဆန္တဲ့နည္းလမ္းနဲ႔ ခ်ဥ္းကပ္ေနတာ ျဖစ္ေၾကာင္း မစၥတာ မာ့ခ္ ဖာမနာက ဗီအိုေအ သတင္းဌာနကို ေျပာထားပါတယ္။

ျမန္မာ့အထည္ခ်ဳပ္ လုပ္ငန္းေတြမွာ လူ ၄ သိန္းခြဲေက်ာ္ရွိၿပီး ဥေရာပ သမဂၢက ကုန္သြယ္ေရး အထူးအခြင့္အေရး ႐ုပ္သိမ္းရင္ အထည္ခ်ဳပ္လုပ္သား ၂ သိန္းေက်ာ္ အလုပ္လက္မဲ့ ျဖစ္ႏိုင္တယ္လို႔ ခန္႔မွန္းေနၾကပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

န်သွယ်ရေး အထူးအခွင့်အရေး ရုပ်သိမ်းမှာကို လူ့အခွင့်အရေး အဖွဲ့အစည်းတွေ လက်မခံ

မြန်မာနိုင်ငံအပေါ် ဥရောပ သမဂ္ဂက ကုန်သွယ်ရေး အထူးအခွင့်အရေး ရုပ်သိမ်းမယ့် ကိစ္စဟာ အထည်ချုပ်လုပ်ငန်းနဲ့ တခြား စက်မှုလုပ်ငန်းတွေက အလုပ်သမားတွေ၊ သာမန်ပြည်သူတွေကိုပဲ ထိခိုက်စေမှာကြောင့် လူ့အခွင့်အရေး အဖွဲ့အစည်းတွေက လက်မခံကြောင်း ဗြိတိန်အခြေစိုက် Burma Campaign UK အဖွဲ့ရဲ့ အမှုဆောင်ညွန်ကြားရေးမှူး မာ့ခ် ဖာမနာက ပြောပါတယ်။

ဥရောပ သမဂ္ဂဟာ ပွင့်လင်းမြင်သာမှု မရှိတဲ့အတွက် အကဲဖြတ်ဖို့ ခက်ခဲကြောင်း၊ သူတို့ သိထားသလောက်ကတော့ ဥရောပ ကုန်သွယ်ရေးဆိုင်ရာ ကော်မရှင်နာ မစ္စ ဆက်စီလီယာ မယ်လ်စထရွန်းဟာ အလွန်ကို ဗျူရိုကရေစီ ဆန်တဲ့နည်းလမ်းနဲ့ ချဉ်းကပ်နေတာ ဖြစ်ကြောင်း မစ္စတာ မာ့ခ် ဖာမနာက ဗီအိုအေ သတင်းဌာနကို ပြောထားပါတယ်။

မြန်မာ့အထည်ချုပ် လုပ်ငန်းတွေမှာ လူ ၄ သိန်းခွဲကျော်ရှိပြီး ဥရောပ သမဂ္ဂက ကုန်သွယ်ရေး အထူးအခွင့်အရေး ရုပ်သိမ်းရင် အထည်ချုပ်လုပ်သား ၂ သိန်းကျော် အလုပ်လက်မဲ့ ဖြစ်နိုင်တယ်လို့ ခန့်မှန်းနေကြပါတယ်။

?bph6