
0
97




>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ချင်းရိုင်မှာ မက်သာဖက်တမင်း ဆေးပြား ၅ သိန်း ဖမ်းမိ

မြန်မာနယ်စပ်ကို ဖြတ်ပြီး သယ်ဆောင်လာတဲ့ မက်သာဖက်တမင်း မူးယစ်ဆေးပြား ၅ သိန်းကို ထိုင်းနိုင်ငံမြောက်ပိုင်း မယ့်ဖာလွန်ခရိုင်မှာ ဖမ်းမိခဲ့ပါတယ်။

သတင်းအရ ထိုင်းစစ်တပ်က ဘန်ဆမ်ဆွန်နဲ့ ဘန်ဆန်တိခီရီအကြား မနေ့က နိုဝင်ဘာ ၄ ရက်နေ့ မနက်ပိုင်းမှာ ကြားဖြတ် ဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။ ဘန်ဆမ်ဆွန်က ထွက်ခွာလာတဲ့ ဆိုင်ကယ် သုံးစီးအနက် ရှေ့ဆုံးက တစ်စီးကို စစ်ဆေးဖို့ တားဆီးစဉ် နောက်မှာ ပါလာတဲ့ ဆိုင်ကယ် နှစ်စီးက နောက်ပြန်လှည့်ပြီး မောင်းပြေးသွားခဲ့ပါတယ်။

ဆိုင်ကယ်သမားတွေ ပစ်ချထားခဲ့တဲ့ အိတ် ငါးအိတ်ထဲမှာ မက်သာဖက်တမင်း ဆေးပြား ၅ သိန်းကိုတွေ့ရှိခဲ့လို့ မယ့်ဖာလွန် ရဲစခန်းမှာ သိမ်းဆည်း စစ်ဆေးနေပါတယ်။

?bph6