စိတ္ၾကြေဆးျပားေတြကို ေရေၾကာင္းကေန သြင္းေန

0
93

ဘဂၤလားေဒ့ရွ္ႏိုင္ငံ၊ ေကာက္ဘဇားနဲ႔ ျမန္မာႏိုင္ငံ၊ ရခိုင္ျပည္နယ္ ေျမာက္ပိုင္းတို႔က ယာဘ မူးယစ္ေဆးေတြကို ပိုလံုၿခံဳၿပီး စရိတ္သက္သာတဲ့ ေရေၾကာင္းကေန မူးယစ္ကုန္ကူးသူေတြက သယ္ယူခိုးသြင္းေနတယ္လို႔ ဘဂၤလားေဒ့ရွ္ႏိုင္ငံ၊ ကာလာပရာ ခ႐ိုင္ခြဲရွိ လူထု ကိုယ္စားလွယ္ေတြနဲ႔ ေဒသခံ ၾသဇာရွိသူေတြက ေျပာပါတယ္။

ဘဂၤလားေဒ့ရွ္ တာဝန္ရွိသူေတြဟာ ေအာက္တိုဘာ ၆ ရက္ေန႔က ကာလာပရာ တံတားအနီးမွာ ယာဘ မူးယစ္ေဆးျပား ၆ သိန္းခြဲေက်ာ္ ဖမ္းမိခဲ့ပါတယ္။ ၾသဂုတ္လ ၈ ရက္မွာ ယာဘ ၄၄၅ ျပား၊ ၾသဂုတ္လ ၃ ရက္ေန႔မွာ ယာဘ အျပား ၄၀၀၊ ဇူလိုင္လ ၁၂ ရက္ေန႔မွာ ယာဘ အျပား ၂ ေထာင္တို႔ကို ဖမ္းမိခဲ့ပါတယ္။

မူးယစ္ေဆး ကုန္ကူးသူေတြဟာ ျမန္မာ-ဘဂၤလားေဒ့ရွ္ နယ္စပ္က ယာဘေဆးျပားေတြကို ငါးဖမ္းေလွေတြနဲ႔ သယ္ယူေနတာ ျဖစ္ေၾကာင္း၊မုိဟီပူရ္ ဧရိယာမွာ ဖမ္းမိခဲ့တဲ့ မူးယစ္ေဆး ကုန္ကူးသူ ႏွစ္ဦးကို ဖမ္းဆီးထားၿပီး ကြင္းဆက္ေတြကို ဆက္လက္ စံုစမ္းေနေၾကာင္း ကာလာပရာ ခ႐ိုင္ခြဲ ေကာ္မတီ ဥကၠ႒ အန္ဆာ အူဒင္ မိုလာက ေျပာပါတယ္။

ကာလာပရာ ၿမိဳ႕ေတာ္ဝန္ ဘီပူ ကူးမား ေဟာ္လ္ဒါက ဘဂၤါလီ ဒုကၡသည္တခ်ိဳ႕ဟာ ဒီမူးယစ္ေဆး ကုန္ကူးမႈမွာ ပါဝင္ပတ္သက္တယ္လို႔ သံသယ ရွိေနပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

စိတ်ကြွဆေးပြားတွေကို ရေကြောင်းကနေ သွင်းနေ

ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ကောက်ဘဇားနဲ့ မြန်မာနိုင်ငံ၊ ရခိုင်ပြည်နယ် မြောက်ပိုင်းတို့က ယာဘ မူးယစ်ဆေးတွေကို ပိုလုံခြုံပြီး စရိတ်သက်သာတဲ့ ရေကြောင်းကနေ မူးယစ်ကုန်ကူးသူတွေက သယ်ယူခိုးသွင်းနေတယ်လို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ကာလာပရာ ခရိုင်ခွဲရှိ လူထု ကိုယ်စားလှယ်တွေနဲ့ ဒေသခံ သြဇာရှိသူတွေက ပြောပါတယ်။

ဘင်္ဂလားဒေ့ရှ် တာဝန်ရှိသူတွေဟာ အောက်တိုဘာ ၆ ရက်နေ့က ကာလာပရာ တံတားအနီးမှာ ယာဘ မူးယစ်ဆေးပြား ၆ သိန်းခွဲကျော် ဖမ်းမိခဲ့ပါတယ်။ သြဂုတ်လ ၈ ရက်မှာ ယာဘ ၄၄၅ ပြား၊ သြဂုတ်လ ၃ ရက်နေ့မှာ ယာဘ အပြား ၄၀ဝ၊ ဇူလိုင်လ ၁၂ ရက်နေ့မှာ ယာဘ အပြား ၂ ထောင်တို့ကို ဖမ်းမိခဲ့ပါတယ်။

မူးယစ်ဆေး ကုန်ကူးသူတွေဟာ မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်က ယာဘဆေးပြားတွေကို ငါးဖမ်းလှေတွေနဲ့ သယ်ယူနေတာ ဖြစ်ကြောင်း၊မိုဟီပူရ် ဧရိယာမှာ ဖမ်းမိခဲ့တဲ့ မူးယစ်ဆေး ကုန်ကူးသူ နှစ်ဦးကို ဖမ်းဆီးထားပြီး ကွင်းဆက်တွေကို ဆက်လက် စုံစမ်းနေကြောင်း ကာလာပရာ ခရိုင်ခွဲ ကော်မတီ ဥက္ကဋ္ဌ အန်ဆာ အူဒင် မိုလာက ပြောပါတယ်။

ကာလာပရာ မြို့တော်ဝန် ဘီပူ ကူးမား ဟော်လ်ဒါက ဘင်္ဂါလီ ဒုက္ခသည်တချို့ဟာ ဒီမူးယစ်ဆေး ကုန်ကူးမှုမှာ ပါဝင်ပတ်သက်တယ်လို့ သံသယ ရှိနေပါတယ်။

?bph6