
0
109




>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ဦးဘဂျမ်းလမ်း တန်ဆောင်တိုင် ကာတွန်းပြိုင်ပွဲကို “လူ့ကျင့်ဝတ်” ခေါင်းစဉ်နဲ့ ကျင်းပမယ်

ရန်ကုန်မြို့၊ လမ်းမတော်မြို့နယ်၊ အောက် (၁၃) လမ်း (ဦးဘဂျမ်းလမ်း) မှာ တန်ဆောင်တိုင် မီးထွန်းပွဲနဲ့ ကာတွန်းပြိုင်ပွဲ ကျင်းပမှာဖြစ်ပြီး အခုနှစ်အတွက် ပြိုင်ပွဲခေါင်းစဉ်က “လူ့ကျင့်ဝတ်” ဖြစ်ပါတယ်။

ပြိုင်ပွဲဝင်တစ်ဦးကို အများဆုံး ကာတွန်း သုံးပုံအထိ ရေးဆွဲနိုင်ပြီး ကလောင်အမည် တစ်မျိုးတည်းနဲ့သာ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။ ပုံဆွဲစက္ကူက A3 စက္ကူအရွယ်အစားဖြစ်ပြီး အဖြူအမည်း၊ ရောင်စုံ ရေးဆွဲရမှာ ဖြစ်ပါတယ်။

ကာတွန်းတွေကို နိုဝင်ဘာ ၁၆ ရက်နေ့ နောက်ဆုံးထားပြီး အမှတ် (၁၉)၊ ပထမထပ်၊ အောက် ၁၃ လမ်း၊ လမ်းမတော်မြို့နယ်ကို ပေးပို့ရမှာ ဖြစ်ပြီး ပထမဆု၊ ဒုတိယဆု၊ တတိယဆုနဲ့ အထူးဆု နှစ်ဆု ချီးမြှင့်မှာ ဖြစ်ပါတယ်။

?bph6