အလယ်တန်းအဆင့် လူငယ်တွေအတွက် သက်မွေးပညာရပ် သင်ကြားပေးမယ် (ရုပ်/သံ)

0
121

အခြေခံပညာ အလယ်တန်းအဆင့် အောင်မြင်ပြီးတဲ့ လူငယ်တွေအတွက် အသက်မွေးဝမ်းကြောင်း ပညာရပ်တွေကို အချိန်တိုအတွင်း ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းက သင်ကြားပေးသွားဖို့ ရှိနေပါတယ်။ ဒီသတင်းကို MCN သတင်းထောက် မြတ်မင်းသူက ပေးပို့ထားပါတယ်။





ဒ်ါခင်ကြည်ဖောင်ဒေးရှင်း


>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

အလယ်တန်းအဆင့် လူငယ်တွေအတွက် သက်မွေးပညာရပ် သင်ကြားပေးမယ်

အခြေခံပညာ အလယ်တန်းအဆင့် အောင်မြင်ပြီးတဲ့ လူငယ်တွေအတွက် အသက်မွေးဝမ်းကြောင်း ပညာရပ်တွေကို အချိန်တိုအတွငး် ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းက သင်ကြားပေးသွားဖို့ ရှိနေပါတယ်။ ဒီသတင်းကို MCN သတင်းထောက် မြတ်မငး်သူက ပေးပို့ထားပါတယ်။

ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းက လူငယ်တွေရဲ့ ပညာရေးအတွက် လိုအပ်တဲ့နေရာတွေကို ထောက်ပံ့ကြေးပေးနေတဲ့အပြင် အခြေခံပညာအလယ်တန်းအဆင့် အောင်မြင်ပြီးတဲ့ လူငယ်တွေအတွက် အချိန်တိုအတွင်းမှာ တတ်မြောက်နိုင်မဲ့ အသက်မွေးဝမ်းကျောင်း ပညာရပ်တစ်ခုကိုလည်း သင်ကြားပေးဖို့ စီစဉ်နေတာ ဖြစ်ပါတယ်။

အောက်တိုဘာလ ၃၀ ရက်နေ့က ရန်ကုန်မြို့ ဆီဒိုးနားဟိုတယ်မှာ ပြုလုပ်တဲ့ ရန်ပုံငွေပေးအပ်ပွဲအခမ်းအနားမှာ ဒေါက်တာ သန့်သော်ကောင်းက အခုလို ပြောကြားခဲ့တာပါ။

Soundbite ဒေါက်တာသန့်သော်ကောင်း(အလုပ်မှုဆောင်ကော်မတီဝင်)
ဒေါ်ခင်ကြည်ဖောင်ဒေးရှင်း

အဲ့ဒီသင်တန်းကာလမှာ ၆ လ တက်ရောက်ရမှာဖြစ်ပြီး ၂ လကို အလုပ်သင်အနေနဲ့ ဆီဒိုးနားဟိုတယ်အပါအဝင် အခြားဟိုတယ်တွေမှာ အလုပ်ဆင်းရမှာလည်း ဖြစ်ပါတယ်။ ဒီအသက်မွေးကျောင်းသင်တန်းမှာ အရင်က တက္ကသိုလ်ဝင်တန်း အောင်မြင်တဲ့လူငယ်တွေသာ တက်ရာက်သင်ကြားနိုင်ခဲ့တာဖြစ်ပါတယ်။

Soundbite ဒေါက်တာသန့်သော်ကောင်း(အလုပ်မှုဆောင်ကော်မတီဝင်)
ဒါ်ခင်ကြည်ဖောင်ဒေးရှင်း

ဒါ့အပြင် ဟိုတယ်နဲ့ ချက်နည်းပြုတ်နည်း သင်တန်းကျောင်းကနေ လူငယ်တွေ အလုပ်ကိုင်ရရှိအောင် မွေးထုတ် ပေးနေတာဖြစ်ပြီး ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းကနေ ပညာရေး၊ လူမှုရေး၊ ကျန်းမာရေး စတဲ့နေရာတွေအတွက် လိုအပ်တာတွေကို ထောက်ပံ့ပေးနေတာလည်း ဖြစ်ပါတယ် ခင်ဗျာ။

?bph6