တကၠသိုလ္ေက်ာင္းက လူငယ္ေတြ လူငယ္မူဝါဒေတြကုိ သိရွိေစဖုိ႔ အသိပညာေပးမယ္ (႐ုပ္/သံ)

0
117

လူငယ္မူဝါဒမွာပါတဲ့ အေၾကာင္းအရာေတြကုိ လူငယ္ေတြၾကား ပုိမုိသိျမင္လာေစဖုိ႔ တကၠသုိလ္ေက်ာင္းေတြက လူငယ္ေတြကုိ အသိေပးမႈေတြ စတင္လုပ္ေဆာင္သြားမွာ ျဖစ္ပါတယ္။ ဒီသတင္းကုိ MCN သတင္းေထာက္ သႏာၱမုိးက ေပးပုိ႔ထားပါတယ္။

၂၀၁၈ ခုႏွစ္ ဇန္နဝါရီလက အတည္ျပဳလုိက္တဲ့ လူငယ္မူ၀ါဒကုိ အသက္ဝင္လာေစဖုိ႕မဟာဗ်ဳဟာ ေရးဆြဲေနၿပီး လူငယ္မူ၀ါဒမွာပါ၀င္တဲ့ အေၾကာင္းအရာေတြကုိ လူငယ္ေတြၾကား ပုိမုိသိျမင္လာေစဖုိ႔ တကၠသုိလ္ ေက်ာင္းေတြက လူငယ္ေတြကုိအသိေပးမႈေတြ စတင္လုပ္ေဆာင္သြားမွာ ျဖစ္တယ္လုိ႔ လူငယ္ေရးရာေကာ္မတီ ကေျပာပါတယ္။

Soundbite မဂ်ဴးဂ်ဴးသန္း (အတြင္းေရးမွဴး)
လူငယ္ေရးရာေကာ္မတီ

ဒါအျပင္ ၂၀၁၈ခုႏွစ္ ေဖေဖာ္ဝါရီလက လူငယ္ေရးရာေကာ္မတီကုိ စတင္ဖြဲ႔စည္းခဲ့ၿပီး လူငယ္ေရးရာေကာ္မတီ သက္တမ္း ၅ ႏွစ္အတြင္း လူငယ္မူဝါဒမွာပါဝင္တဲ့ ဥပေဒကုိ လူငယ္ေတြ ပုိမုိသိရွိၿပီး ဥပေဒပါ အခြင့္အေရးကို ရရွိေစနုိင္ဖုိ႔ လုပ္ေဆာင္သြားမွာလည္း ျဖစ္ပါတယ္။
Soundbite မဂ်ဴးဂ်ဴးသန္း (အတြင္းေရးမွဴး)
လူငယ္ေရးရာေကာ္မတီ

လူငယ္ေရးရာမူဝါဒ မဟာဗ်ဳဟာေရးဆြဲေရး လုပ္ငန္းစဥ္ေတြကုိ လာမယ့္နုိဝင္ဘာလအတြင္း အၿပီးေရးဆြဲနုိင္ဖုိ႔ ျပဳလုပ္ေနၿပီး မဟာဗ်ဳဟာမွာပါဝင္တဲ႔ အေၾကာင္းအရာေတြကုိ တုိင္းေဒသႀကီးနဲ႔ ျပည္နယ္ေတြက လူငယ္ေတြနဲ႔ ဆက္လက္ေဆြးေႏြးမႈေတြ ျပဳလုပ္သြားမွာလည္း ျဖစ္ပါတယ္ရွင္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

တက္ကသိုလ်ကျောင်းက လူငယ်တွေ လူငယ်မူဝါဒတွေကို သိရှိစေဖို့ အသိပညာပေးမယ်

လူငယ်မူဝါဒမှာပါတဲ့ အကြောင်းအရာတွေကို လူငယ်တွေကြား ပိုမိုသိမြင်လာစေဖို့ တက္ကသိုလ်ကျောင်းတွေက လူငယ်တွေကို အသိပေးမှုတွေ စတင်လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။ ဒီသတင်းကို MCN သတင်းထောက် သန္တာမိုးက ပေးပို့ထားပါတယ်။

၂၀၁၈ ခုနှစ် ဇန်နဝါရီလက အတည်ပြုလိုက်တဲ့ လူငယ်မူဝါဒကို အသက်ဝင်လာစေဖို့မဟာဗျုဟာ ရေးဆွဲနေပြီး လူငယ်မူဝါဒမှာပါဝင်တဲ့ အကြောင်းအရာတွေကို လူငယ်တွေကြား ပိုမိုသိမြင်လာစေဖို့ တက္ကသိုလ် ကျောင်းတွေက လူငယ်တွေကိုအသိပေးမှုတွေ စတင်လုပ်ဆောင်သွားမှာ ဖြစ်တယ်လို့ လူငယ်ရေးရာကော်မတီ ကပြောပါတယ်။

Soundbite မဂျူးဂျူးသန်း (အတွင်းရေးမှူး)
လူငယ်ရေးရာကော်မတီ

ဒါအပြင် ၂၀၁၈ခုနှစ် ဖေဖော်ဝါရီလက လူငယ်ရေးရာကော်မတီကို စတင်ဖွဲ့စည်းခဲ့ပြီး လူငယ်ရေးရာကော်မတီ သက်တမ်း ၅ နှစ်အတွင်း လူငယ်မူဝါဒမှာပါဝင်တဲ့ ဥပဒေကို လူငယ်တွေ ပိုမိုသိရှိပြီး ဥပဒေပါ အခွင့်အရေးကို ရရှိစေနိုင်ဖို့ လုပ်ဆောင်သွားမှာလည်း ဖြစ်ပါတယ်။
Soundbite မဂျူးဂျူးသန်း (အတွင်းရေးမှူး)
လူငယ်ရေးရာကော်မတီ

လူငယ်ရေးရာမူဝါဒ မဟာဗျုဟာရေးဆွဲရေး လုပ်ငန်းစဉ်တွေကို လာမယ့်နိုဝင်ဘာလအတွင်း အပြီးရေးဆွဲနိုင်ဖို့ ပြုလုပ်နေပြီး မဟာဗျုဟာမှာပါဝင်တဲ့ အကြောင်းအရာတွေကို တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေက လူငယ်တွေနဲ့ ဆက်လက်ဆွေးနွေးမှုတွေ ပြုလုပ်သွားမှာလည်း ဖြစ်ပါတယ်ရှင်။

?bph6