ရပ္ဝန္းနဲ႔ ပိုးလမ္းမ စီမံကိန္းအရ ေဟာင္ေကာင္က ျမန္မာေက်ာင္းသားေတြကို ပညာသင္ဆုေပး

0
125

တ႐ုတ္ႏိုင္ငံရဲ႕ ရပ္ဝန္းနဲ႔ ပိုးလမ္းမ စီမံကိန္းအရ ေဟာင္ေကာင္ အထူးအုပ္ခ်ဳပ္ခြင့္ရေဒသ (HKSAR) အစိုးရက ျမန္မာေက်ာင္းသားေတြကို ပညာသင္ဆု ေပးမယ္လို႔ ေၾကညာလိုက္ပါတယ္။

ေဟာင္ေကာင္မွာ ၂၀၁၉/၂၀၂၀ ပညာသင္ႏွစ္အတြက္ ဘြဲ႔ႀကိဳပညာသင္ယူဖို႔ ျမန္မာႏိုင္ငံက ထူးခြ်န္တဲ့ေက်ာင္းသားေတြကို ပညာသင္ဆု ေပးအပ္ဖို႔ျဖစ္တယ္လို႔ ေဟာင္ေကာင္ ပညာေရး ျဗဴ႐ိုက ေျပာပါတယ္။

ေဟာင္ေကာင္ရွိ တကၠသိုလ္ေတြမွာ ပထမႏွစ္အတြက္ အေရြးခံရတဲ့ ျမန္မာေက်ာင္းသား ၁၀ ဦးနဲ႔ အထက္ကို ႏွစ္စဥ္ ပညာသင္ဆုေပးမွာ ျဖစ္ပါတယ္။ ပညာသင္ဆုမွာ သက္ဆိုင္ရာ ဘာသာရပ္အတြက္ ႏွစ္စဥ္ ေက်ာင္းလခအျပည့္ ေထာက္ပံ့မွာ ျဖစ္ပါတယ္။ ျမန္မာနဲ႔ ေဟာင္ေကာင္တို႔ ပညာေရးဆိုင္ရာ ပူးေပါင္းေဆာင္ရြက္မႈေတြ လုပ္ေဆာင္ႏိုင္ဖို႔ ျမန္မာပညာေရးဝန္ႀကီးဌာနနဲ႔ ေဟာင္ေကာင္ ပညာေရး ျဗဴ႐ိုတို႔ နားလည္မႈ စာခြ်န္လႊာ (MOU) လည္း ထိုးထားၿပီး ျဖစ္ပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ရပ်ဝန်းနဲ့ ပိုးလမ်းမ စီမံကိန်းအရ ဟောင်ကောင်က မြန်မာကျောင်းသားတွေကို ပညာသင်ဆုပေး

တရုတ်နိုင်ငံရဲ့ ရပ်ဝန်းနဲ့ ပိုးလမ်းမ စီမံကိန်းအရ ဟောင်ကောင် အထူးအုပ်ချုပ်ခွင့်ရဒေသ (HKSAR) အစိုးရက မြန်မာကျောင်းသားတွေကို ပညာသင်ဆု ပေးမယ်လို့ ကြေညာလိုက်ပါတယ်။

ဟောင်ကောင်မှာ ၂၀၁၉/၂၀၂၀ ပညာသင်နှစ်အတွက် ဘွဲ့ကြိုပညာသင်ယူဖို့ မြန်မာနိုင်ငံက ထူးချွန်တဲ့ကျောင်းသားတွေကို ပညာသင်ဆု ပေးအပ်ဖို့ဖြစ်တယ်လို့ ဟောင်ကောင် ပညာရေး ဗြူရိုက ပြောပါတယ်။

ဟောင်ကောင်ရှိ တက္ကသိုလ်တွေမှာ ပထမနှစ်အတွက် အရွေးခံရတဲ့ မြန်မာကျောင်းသား ၁၀ ဦးနဲ့ အထက်ကို နှစ်စဉ် ပညာသင်ဆုပေးမှာ ဖြစ်ပါတယ်။ ပညာသင်ဆုမှာ သက်ဆိုင်ရာ ဘာသာရပ်အတွက် နှစ်စဉ် ကျောင်းလခအပြည့် ထောက်ပံ့မှာ ဖြစ်ပါတယ်။ မြန်မာနဲ့ ဟောင်ကောင်တို့ ပညာရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုတွေ လုပ်ဆောင်နိုင်ဖို့ မြန်မာပညာရေးဝန်ကြီးဌာနနဲ့ ဟောင်ကောင် ပညာရေး ဗြူရိုတို့ နားလည်မှု စာချွန်လွှာ (MOU) လည်း ထိုးထားပြီး ဖြစ်ပါတယ်။

?bph6