
0
125




>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ရာသီတုပ်ကွေး ပြင်းထန်စွာ ခံစားခဲ့ရတဲ့ ကျေးရွာတွေကို ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းက ထောက်ပံ့

စစ်ကိုင်းတိုင်း၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နန်းယွန်းမြို့နယ်အတွင်း ရာသီတုပ်ကွေးရောဂါ အပြင်းအထန် ခံစားခဲ့ရသော ကျေးရွာတွေရှိ ပြည်သူတွေကို ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းက အာဟာရဖြည့် အစားအစာတွေ သွားရောက်ထောက်ပံ့ခဲ့ပါတယ်။

နန်းယွန်းမြို့နယ် အတွင်းရှိ ဟဟောင်၊ ဝန်ရုတ်၊ ရှန်ဟဲနုတ်ညို၊ ရှန်ဟဲ ပေါ်ကွန်၊ လန်းပန်း၊ ဟချွန်းဆာနဲ့ ရန်နောစန်ရီကျေးရွာတွေမှာ သြဂုတ် ၁၈ ရက်ကနေ စက်တင်ဘာ ၁၅ ရက်အထိ ၁၃၈၆ ဦး ရာသီတုပ်ကွေး ရောဂါ အပြင်းအထန် ဖြစ်ပွားခဲ့လို့ ခုနစ်ဦး သေဆုံးခဲ့ပါတယ်။

အောက်တိုဘာ ၂၂ ရက်မှ ၂၅ ရက်အထိ ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းက တုပ်ကွေးရောဂါ ဖြစ်ပွားခဲ့တဲ့ကျေးရွာတွေကို ငွေကျပ် ၁၆၃ သိန်းကျော်တန်ဖိုးရှိ ဆန် ၁ဝ ပြည်အိတ် ၆၃၉ အိတ်၊ နို့ဆီ ၁၂၇၈ ဘူး၊ မိုင်လို ၆၃၉ ထုပ်၊ ကွေကာအုပ် ၆၃၉ ထုပ်၊ Family မုန့်ပုံး ၆၃၉ ပုံး တို့ကို ထောက်ပံ့ပေးခဲ့တာ ဖြစ်ပါတယ်။

?bph6