ဖိလစ္ပိုင္ ABS-CBN က ျမန္မာနဲ႔ ဗီယက္နမ္မွာ ဇာတ္လမ္းတြဲေတြ ျပသဖို႔ သေဘာတူ

0
117

ဖိလစ္ပိုင္း မီဒီယာနဲ႔ ေဖ်ာ္ေျဖေရးေကာ္ပိုေရးရွင္းျဖစ္တဲ့ ABS-CBN က ျမန္မာႏိုင္ငံနဲ႔ ဗီယက္နမ္ ႏိုင္ငံေတြမွာ ဇာတ္လမ္းတြဲေတြ ျပသဖို႔ သေဘာတူလိုက္ပါတယ္။

ဂ်ဴလီယာ ေမာင့္စ္ အဓိက သ႐ုပ္ေဆာင္ထားတဲ့ “အာဆင္တာဒို” ဇာတ္လမ္းတြဲကို ျမန္မာႏိုင္ငံမွာ ျပသဖို႔ S&E Syndication နဲ႔ သေဘာတူလိုက္တာ ျဖစ္ပါတယ္။ အမ်ိဳးသမီး တစ္ဦးက ေပ်ာက္ဆံုးေနတဲ့ ညီမျဖစ္သူကို ရွာရင္း မိသားစုကို သတ္သြားသူေတြကို လက္စားေခ်ဖို႔ ႀကိဳးစားတဲ့အေၾကာင္း ႐ိုက္ကူးထားတာ ျဖစ္ပါတယ္။ ဗီယက္နမ္ႏိုင္ငံမွာေတာ့ ဂ်ယ္ရီခ်ိဳ ႐ိုေဆးလ္ အဓိက သ႐ုပ္ေဆာင္တဲ့ “မက္ဂပါဟန္ဂန္ ဝါကတ္စ္” (ဘယ္ေတာ့မွာ ႏုတ္မဆက္ဘူး) အမည္ရွိ ျပန္ေပါင္းထုပ္တဲ့ ခ်စ္သူႏွစ္ေယာက္ အေၾကာင္း ဇာတ္လမ္းတြဲကို ျပသဖို႔ ဗီယက္ ကြန္တန္႔နဲ႔ သေဘာထူးထားတာ ျဖစ္ပါတယ္။

ျမန္မာႏိုင္ငံမွာ Canl+ နဲ႔ တြဲၿပီးေတာ့လည္း အလြမ္းအေဆြးနဲ႔ လွ်ိဳ႕ဝွက္သည္းဖို ဇာတ္လမ္း “The Better Half” ကို ျပသမယ္လို႔ ABS-CBN က ေျပာပါတယ္။ ABS-CBN ဟာ ထိုင္း၊ ကေမာၻဒီးယားတို႔မွာလည္း ဇာတ္လမ္းတြဲေတြ ျပသေနပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ဖိလစ်ပိုင် ABS-CBN က မြန်မာနဲ့ ဗီယက်နမ်မှာ ဇာတ်လမ်းတွဲတွေ ပြသဖို့ သဘောတူ

ဖိလစ်ပိုင်း မီဒီယာနဲ့ ဖျော်ဖြေရေးကော်ပိုရေးရှင်းဖြစ်တဲ့ ABS-CBN က မြန်မာနိုင်ငံနဲ့ ဗီယက်နမ် နိုင်ငံတွေမှာ ဇာတ်လမ်းတွဲတွေ ပြသဖို့ သဘောတူလိုက်ပါတယ်။

ဂျူလီယာ မောင့်စ် အဓိက သရုပ်ဆောင်ထားတဲ့ “အာဆင်တာဒို” ဇာတ်လမ်းတွဲကို မြန်မာနိုင်ငံမှာ ပြသဖို့ S&E Syndication နဲ့ သဘောတူလိုက်တာ ဖြစ်ပါတယ်။ အမျိုးသမီး တစ်ဦးက ပျောက်ဆုံးနေတဲ့ ညီမဖြစ်သူကို ရှာရင်း မိသားစုကို သတ်သွားသူတွေကို လက်စားချေဖို့ ကြိုးစားတဲ့အကြောင်း ရိုက်ကူးထားတာ ဖြစ်ပါတယ်။ ဗီယက်နမ်နိုင်ငံမှာတော့ ဂျယ်ရီချို ရိုဆေးလ် အဓိက သရုပ်ဆောင်တဲ့ “မက်ဂပါဟန်ဂန် ဝါကတ်စ်” (ဘယ်တော့မှာ နုတ်မဆက်ဘူး) အမည်ရှိ ပြန်ပေါင်းထုပ်တဲ့ ချစ်သူနှစ်ယောက် အကြောင်း ဇာတ်လမ်းတွဲကို ပြသဖို့ ဗီယက် ကွန်တန့်နဲ့ သဘောထူးထားတာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ Canl+ နဲ့ တွဲပြီးတော့လည်း အလွမ်းအဆွေးနဲ့ လျှို့ဝှက်သည်းဖို ဇာတ်လမ်း “The Better Half” ကို ပြသမယ်လို့ ABS-CBN က ပြောပါတယ်။ ABS-CBN ဟာ ထိုင်း၊ ကမ္ဘောဒီးယားတို့မှာလည်း ဇာတ်လမ်းတွဲတွေ ပြသနေပါတယ်။

?bph6