NLD ေျပာေရးဆုိခြင့္ရွိသူကုိ ပါတီ၀င္ေဟာင္း လႊတ္ေတာ္ကုိယ္စားလွယ္ အမႈဖြင့္

0
1279

အမ်ဳိးသားဒီမုိကေရစီအဖြဲ႕ခ်ဳပ္ ေျပာေရးဆုိခြင့္ရွိသူ ေဒါက္တာမ်ိုဳးညႊန္႕ကုိ မေကြးတုိင္းေဒသႀကီးမဲဆႏၵနယ္ အမွတ္(၅)အမ်ဳိးသားလႊတ္ေတာ္ကုိယ္စားလွယ္က ဦးတင္ထြန္းေအာင္က နုိင္ငံသားမ်ား၏ ပုဂၢဳိလ္ဆုိင္ရာ လြတ္လပ္မႈနဲ႔ ပုဂၢဳိလ္ဆုိင္ရာလုံၿခံဳမႈကုိ ကာကြယ္ေပးေရး ဥပေဒပုဒ္မ ၁၀ နဲ႔ မင္းဘူးၿမိဳ႕နယ္ ၿမိဳ႕မရဲစခန္းမွာ ေအာက္တုိဘာလ ၂၃ ရက္ေန႔က အမႈဖြင့္ခဲ့ေၾကာင္း သိရပါတယ္။

အမ်ဳိးသားလႊတ္ေတာ္ကုိယ္စားလွယ္ ဦးတင္ထြန္းေအာင္ တာ၀န္ထမ္းေဆာင္ေနခ်ိန္အထိ အမ်ဳိးသားဒီမုိကေရစီပါတီက ပါတီဝင္နံပါတ္နဲ႔ ပါတီဝင္ကတ္ျပားေတြ ထုတ္ေပးျခင္းမရွိေသးတာေၾကာင့္ ပါတီဝင္အျဖစ္ မခံယူေၾကာင္းကုိလည္း ဇြန္လ ၁၁ ရက္ေန႔က အမ်ဳိးသားလႊတ္ေတာ္ကတစ္ဆင့္ စာတင္ခဲ့ေၾကာင္း သိရပါတယ္။

ပါတီဝင္အျဖစ္ကေန ႏႈတ္ထြက္တဲ့အေပၚ ပါတီစည္းကမ္းေတြကို တင္းက်ပ္တာ၊ အလွဴ ေငြထည့္ရတာေၾကာင့္ ႏုတ္ထြက္တာလို႔ ေျပာဆိုတာဟာ လူပုဂၢိဳလ္ဆိုင္ရာလြတ္လပ္ခြင့္ကို ထိခိုက္တာေၾကာင့္ အမႈဖြင့္ရတာလို႔ အမ်ိဳးသားလႊတ္ေတာ္ကိုယ္စားလွယ္ ဦးတင္ေအာင္ထြန္းက ေျပာဆုိထားပါတယ္။

အခုလုိ စာတင္ထားေပမယ့္ တစ္စုံတစ္ရာ အေၾကာင္းျပန္ၾကားျခင္းမရွိေသးေၾကာင္းနဲ႔ အခုလုိ အမႈဖြင့္တုိင္ၾကားထားတာနဲ႔ပက္သက္ၿပီး သတင္္းၾကားသိရေပမယ့္ တရားဝင္အေၾကာင္းၾကားထားျခင္းမရွိေသးေၾကာင္း NLD ပါတီေျပာေရးဆုိခြင့္ရွိသူ ေဒါက္တာမ်ိဳးညႊန္႔ေျပာၾကားထားပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

NLD ပြောရေးဆိုခွင့်ရှိသူကို ပါတီဝင်ဟောင်း လွှတ်တော်ကိုယ်စားလှယ် အမှုဖွင့်

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာမျိုးညွှန့်ကို မကွေးတိုင်းဒေသကြီးမဲဆန္ဒနယ် အမှတ်(၅)အမျိုးသားလွှတ်တော်ကိုယ်စားလှယ်က ဦးတင်ထွန်းအောင်က နိုင်ငံသားများ၏ ပုဂ္ဂိုလ်ဆိုင်ရာ လွတ်လပ်မှုနဲ့ ပုဂ္ဂိုလ်ဆိုင်ရာလုံခြုံမှုကို ကာကွယ်ပေးရေး ဥပဒေပုဒ်မ ၁၀ နဲ့ မင်းဘူးမြို့နယ် မြို့မရဲစခန်းမှာ အောက်တိုဘာလ ၂၃ ရက်နေ့က အမှုဖွင့်ခဲ့ကြောင်း သိရပါတယ်။

အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးတင်ထွန်းအောင် တာဝန်ထမ်းဆောင်နေချိန်အထိ အမျိုးသားဒီမိုကရေစီပါတီက ပါတီဝင်နံပါတ်နဲ့ ပါတီဝင်ကတ်ပြားတွေ ထုတ်ပေးခြင်းမရှိသေးတာကြောင့် ပါတီဝင်အဖြစ် မခံယူကြောင်းကိုလည်း ဇွန်လ ၁၁ ရက်နေ့က အမျိုးသားလွှတ်တော်ကတစ်ဆင့် စာတင်ခဲ့ကြောင်း သိရပါတယ်။

ပါတီဝင်အဖြစ်ကနေ နှုတ်ထွက်တဲ့အပေါ် ပါတီစည်းကမ်းတွေကို တင်းကျပ်တာ၊ အလှူ ငွေထည့်ရတာကြောင့် နုတ်ထွက်တာလို့ ပြောဆိုတာဟာ လူပုဂ္ဂိုလ်ဆိုင်ရာလွတ်လပ်ခွင့်ကို ထိခိုက်တာကြောင့် အမှုဖွင့်ရတာလို့ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးတင်အောင်ထွန်းက ပြောဆိုထားပါတယ်။

အခုလို စာတင်ထားပေမယ့် တစ်စုံတစ်ရာ အကြောင်းပြန်ကြားခြင်းမရှိသေးကြောင်းနဲ့ အခုလို အမှုဖွင့်တိုင်ကြားထားတာနဲ့ပက်သက်ပြီး သတင်းကြားသိရပေမယ့် တရားဝင်အကြောင်းကြားထားခြင်းမရှိသေးကြောင်း NLD ပါတီပြောရေးဆိုခွင့်ရှိသူ ဒေါက်တာမျိုးညွှန့်ပြောကြားထားပါတယ်။