ပြည်ပအေဂျင်စီတွေရဲ့ လိုင်စင်ကြေး တိုးမြှင့်ပါက တရားမဝင် အေဂျင်စီတွေ ဖြစ်သွားနိုင် (ရုပ်/သံ)

0
116








>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ပြည်ပအေဂျင်စီတွေရဲ့ လိုင်စင်ကြေး တိုးမြှင့်ပါက တရားမဝင် အေဂျင်စီတွေ ဖြစ်သွားနိုင်

တရားဝင် ပြည်ပအေဂျင်စီတွေရဲ့ လိုင်စင်ကြေး တိုးမြှင့်သတ်မှတ်ပါက တရားမဝင် အေဂျင်စီတွေ ဖြစ်သွားနိုင်တယ်လို့ မြန်မာပြည်ပ အလုပ်အကိုင်ဝန်ဆောင်မှု လုပ်ငန်းရှင်များအဖွဲ့ချုပ်က ပြောပါတယ်။ ဒီသတင်းကို MCN သတင်းထောက် သန္တာမိုးက ပေးပို့ထားပါတယ်။

မြန်မာပြည်ပအလုပ်အကိုင် ဝန်ဆောင်မှုလုပ်ငန်းရှင်များအဖွဲ့ချုပ်အနေနဲ့ ပြည်ပအေဂျင်စီတွေရဲ့ လိုင်စင်ကြေး အရင်ထိုင်းနိုင်ငံ လိုင်စင်ကြေး ကျပ်သိန်း ၅၀ အပါအဝင် တိုးမြှင့်လိုင်စင်ကြေး ကျပ်သိန်း၂၀ဝ သတ်မှတ်ပေးဖို့ အလုပ်သမားဝန်ကြီးဌာနကို တင်ပြထားပါတယ်။

လိုင်စင်ကြေး ကျပ်သိန်း ၂၀ဝ ထက် တိုးမြှင့်သတ်မှတ်လိုက်မယ်ဆိုရင် တရားဝင်အေဂျင်စီတွေကနေ တရားမဝင် အေဂျင်စီတွေ ဖြစ်သွားနိုင်တယ်လို့ အဖွဲချုပ် ဥက္ကဋ္ဌက ပြောပါတယ်။

Soundbite ဦးပီတာညွှန့်မောင် (ဥက္ကဋ္ဌ)
မြန်မာပြည်ပအလုပ်အကိုင်ဝန်ဆောင်မှုလုပ်ငန်းရှင်များအဖွဲ့ချုပ်

ပြီးခဲ့တဲ စက်တင်ဘာလက အလုပ်သမားဝန်ကြီးဌာနအနေနဲ့ လိုင်စင်ကြေး ကျပ်သိန်း ၅၀ဝ တိုးမြှင့်သတ်မှတ်ဖို့ ဆောင်ရွက်နေမှုအပေါ် အေဂျင်စီတွေနဲ့ ညှိနှိုင်းမှုတွေပြုလုပ်ခဲ့ပေမယ့် အေဂျင်စီတွေက လက်မခံတာကြာင့် ဆက်လက်ညှိနှိုင်းမှုတွေ ပြုလုပ်နေတာပါ။

Soundbite ဦးပီတာညွှန့်မောင် (ဥက္ကဋ္ဌ)
မြန်မာပြည်ပအလုပ်အကိုင်ဝန်ဆောင်မှုလုပ်ငန်းရှင်များအဖွဲ့ချုပ်

အရင်က အေဂျင်စီတွေရဲ့ လိုင်စင်ကြေးကို ကျပ်သိန်း ၅၀ သတ်မှတ်ထားခဲ့တာပါ။ ဒေါ်လာဈေး မြင့်တက်မှုကြောင့် ကျပ်ငွေစနစ်နဲ့ဆောင်နေရတဲ့ ထိုင်းနိုင်ငံအတွက် လိုင်စင်ကြေးကို ကျပ်သိန်း ၂၀ဝ သတ်မှတ်ပေးဖို့ တင်ပြထားတာဖြစ်ပြီး ဝန်ကြီးဌာနဘက်က ဆုံးဖြတ်ထားတာ မရှိသေးပါဘူးရှင်။

?bph6