MCPA Quiz 2018 ႏိုင္ငံအဆင့္ၿပိဳင္ပြဲမွာ မေကြး ကြန္ပ်ဴတာတကၠသိုလ္က ပထမဆုရရွိ (႐ုပ္/သံ)

0
170

နည္းပညာက႑နယ္ပယ္က ေက်ာင္းသားလူငယ္ေတြအတြက္ ျပဳလုပ္က်င္းပတ့ဲ MCPA Quiz 2018 ႏိုင္ငံအဆင့္ၿပိဳင္ပြဲမွာ မေကြး ကြန္ပ်ဴတာတကၠသိုလ္က ေက်ာင္းသူေတြ ပထမဆု ရရွိခဲ့ပါတယ္။ ဒီသတင္းကိုေတာ့ MCN သတင္းေထာက္ စိုင္းဟန္က ေပးပို႔ထားပါတယ္။

ျပည္နယ္နဲ႔ တိုင္းေဒသႀကီးေတြမွာရွိတ့ဲ ကြန္ပ်ဴတာတကၠသိုလ္၊ နည္းပညာတကၠသိုလ္၊ အျခားတကၠသိုလ္ ေကာလိပ္ေတြနဲ႕ ျပင္ပသင္တန္းေက်ာင္းေတြက ေက်ာင္းသားလူငယ္ေတြရဲ႕ အဖြဲ႕လိုက္ သတင္းအခ်က္ နည္းပညာဆိုင္ရာ ဥာဏ္စမ္းပေဟဠိၿပိဳင္ပြဲ MCPA Quiz 2018 ႏိုင္ငံအဆင့္ၿပိဳင္ပြဲကို မေကြး ကြန္ပ်ဴတာတကၠသိုလ္က ေက်ာင္းသူအသင္းက ပထမဆုရရွိခဲ့တာ ျဖစ္ပါတယ္။

ေအာက္တိုဘာလ ၂၀ရက္ေန႔က ရန္ကုန္ၿမိဳ႕ MICT Park မွာ “MCPA Quiz 2018 ႏိုင္ငံအဆင့္ၿပိဳင္ပြဲနဲ႔ ဆုေပးပြဲ” အခမ္းအနား က်င္းပျပဳလုပ္ခ့ဲတာပါ။

Soundbite- မေဌးေဌးေအာင္ (MCPA Quiz 2018 Winner)
မေကြးကြန္ပ်ဴတာတကၠသိုလ္

ဒီကေန႔ က်င္းပတ့ဲ သတင္းအခ်က္နည္းပညာဆိုင္ရာ ဥာဏ္စမ္းပေဟဠိၿပိဳင္ပြဲ ဝင္ေရာက္ယွဥ္ၿပိဳင္တ့ဲ ေက်ာင္းသားလူငယ္ေတြအေနနဲ႔ ျမန္မာ၊ ဂ်ပန္အပါအ၀င္ ႏိုင္ေပါင္း ၇ ႏိုင္ငံက အသိအမွတ္ျပဳ လက္မွတ္ေပးတ့ဲ နည္းပညာဆိုင္ရာစာေမးပြဲ ဝင္ယွဥ္ၿပိဳင္ေျဖဆိုႏိုင္ဖို႔ ရည္ရြယ္ထားတာလည္း ျဖစ္ပါတယ္။

Soundbites – ဦးထြန္းခိုင္ (ဒုတိယဥကၠ႒-၁)
ျမန္မာႏိုင္ငံကြန္ပ်ဴတာပညာရွင္အသင္း

MCPA Quiz ၿပိဳင္ပြဲကို ျမန္မာႏိုင္ငံကြန္ပ်ဴတာပညာရွင္အသင္းက ၂၀၁၂ခုႏွစ္က စတင္က်င္းပျပဳလုပ္ေပးခ့ဲတာ ျဖစ္ပါတယ္။ ဒီကေန႔က်င္းပတ့ဲၿပိဳင္ပြဲကို တိုင္းနဲ႕႔ျပည္နယ္အသီးသီးက တိုင္းအဆင့္ အႏိုင္ရရွိတ့ဲ ၁၁သင္းက ၀င္ေရာက္ယွဥ္ၿပိဳင္တာျဖစ္ၿပီး သတင္းအခ်က္အလက္နည္းပညာနဲ႔ဆိုင္တ့ဲ ေမးခြန္းေတြကို အဆင့္ဆင့္ ေျဖဆိုကာ ေက်ာင္းသူ သုံးဦးပါ၀င္တ့ဲ မေကြးကြန္ပ်ဴတာတကၠသိုလ္ အႏိုင္ရရွိခ့ဲတာ ျဖစ္ပါတယ္ခင္ဗ်ာ။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

MCPA Quiz 2018 နိုင်ငံအဆင့်ပြိုင်ပွဲမှာ မကွေးကွန်ပျူတာတက္ကသိုလ်က ပထမဆုရရှိ

နည်းပညာကဏ္ဍနယ်ပယ်က ကျောင်းသားလူငယ်တွေအတွက် ပြုလုပ်ကျင်းပတဲ့ MCPA Quiz 2018 နိုင်ငံအဆင့်ပြိုင်ပွဲမှာ မကွေး ကွန်ပျူတာတက္ကသိုလ်က ကျောင်းသူတွေ ပထမဆု ရရှိခဲ့ပါတယ်။ ဒီသတင်းကိုတော့ MCN သတင်းထောက် စိုင်းဟန်က ပေးပို့ထားပါတယ်။

ပြည်နယ်နဲ့ တိုင်းဒေသကြီးတွေမှာရှိတဲ့ ကွန်ပျူတာတက္ကသိုလ်၊ နည်းပညာတက္ကသိုလ်၊ အခြားတက္ကသိုလ် ကောလိပ်တွေနဲ့ ပြင်ပသင်တန်းကျောင်းတွေက ကျောင်းသားလူငယ်တွေရဲ့ အဖွဲ့လိုက် သတင်းအချက် နည်းပညာဆိုင်ရာ ဉာဏ်စမ်းပဟေဠိပြိုင်ပွဲ MCPA Quiz 2018 နိုင်ငံအဆင့်ပြိုင်ပွဲကို မကွေး ကွန်ပျူတာတက္ကသိုလ်က ကျောင်းသူအသင်းက ပထမဆုရရှိခဲ့တာ ဖြစ်ပါတယ်။

အောက်တိုဘာလ ၂၀ရက်နေ့က ရန်ကုန်မြို့ MICT Park မှာ “MCPA Quiz 2018 နိုင်ငံအဆင့်ပြိုင်ပွဲနဲ့ ဆုပေးပွဲ” အခမ်းအနား ကျင်းပပြုလုပ်ခဲ့တာပါ။

Soundbite- မဌေးဌေးအောင် (MCPA Quiz 2018 Winner)
မကွေးကွန်ပျူတာတက္ကသိုလ်

ဒီကနေ့ ကျင်းပတဲ့ သတင်းအချက်နည်းပညာဆိုင်ရာ ဉာဏ်စမ်းပဟေဠိပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်တဲ့ ကျောင်းသားလူငယ်တွေအနေနဲ့ မြန်မာ၊ ဂျပန်အပါအဝင် နိုင်ပေါင်း ၇ နိုင်ငံက အသိအမှတ်ပြု လက်မှတ်ပေးတဲ့ နည်းပညာဆိုင်ရာစာမေးပွဲ ဝင်ယှဉ်ပြိုင်ဖြေဆိုနိုင်ဖို့ ရည်ရွယ်ထားတာလည်း ဖြစ်ပါတယ်။

Soundbites – ဦးထွန်းခိုင် (ဒုတိယဥက္ကဋ္ဌ-၁)
မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်း

MCPA Quiz ပြိုင်ပွဲကို မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်းက ၂၀၁၂ခုနှစ်က စတင်ကျင်းပပြုလုပ်ပေးခဲ့တာ ဖြစ်ပါတယ်။ ဒီကနေ့ကျင်းပတဲ့ပြိုင်ပွဲကို တိုင်းနဲ့ပြည်နယ်အသီးသီးက တိုင်းအဆင့် အနိုင်ရရှိတဲ့ ၁၁သင်းက ဝင်ရောက်ယှဉ်ပြိုင်တာဖြစ်ပြီး သတင်းအချက်အလက်နည်းပညာနဲ့ဆိုင်တဲ့ မေးခွန်းတွေကို အဆင့်ဆင့် ဖြေဆိုကာ ကျောင်းသူ သုံးဦးပါဝင်တဲ့ မကွေးကွန်ပျူတာတက္ကသိုလ် အနိုင်ရရှိခဲ့တာ ဖြစ်ပါတယ်ခင်ဗျာ။

?bph6