ဖုယြင္သပိတ္စခန္းကို သပိတ္ေကာ္မတီရဲ႕ ဆံုးျဖတ္ခ်က္အတိုင္း ဆက္လက္ ေတာင္းဆိုမယ္ (႐ုပ္/သံ)

0
105

ဖုယြင္သပိတ္စခန္းကို သပိတ္ေကာ္မတီရဲ႕ ဆုံးျဖတ္ခ်က္နဲ႔အတူ ေတာင္းဆုိမႈေတြ လုပ္ေဆာင္သြားမွာျဖစ္တယ္လို႔ ဆႏၵျပအလုပ္သမားေတြက ေျပာပါတယ္။ ဒီသတင္းကုိ MCN သတင္းေထာက္ သႏၱာမုိးက ေပးပုိ႔ထားပါတယ္။

ေအာက္တုိဘာလ ၁၆ ရက္ေန႔က ဖုယြင္အလုပ္သမားေတြကုိ လူတစ္စုက အၾကမ္းဖက္႐ိုက္ႏွက္မႈေၾကာင့္ အလုပ္သမား ၂၈ ဦး ဒဏ္ရာ ရရွိခဲ႔ပါတယ္။

ဒါ့အျပင္ ျပည္သူ႔လႊတ္ေတာ္ကုိယ္စားလွယ္ ဦးျမစိန္နဲ႔ အလုပ္ရွင္ အလုပ္သမားေတြ ညွိႏႈိင္းခဲ့ေပမယ့္ အလုပ္ရွင္ဘက္က အစုိးရက သတ္မွတ္တဲ့ အေျခခံလုပ္ခလစာ ၄၈၀၀ က်ပ္ ေပးလုိက္ရတာေၾကာင့္ လုပ္သားအင္အား ေလ်ာ႔ခ်လုိက္ရတာ ျဖစ္တယ္လို႔ ေျပာပါတယ္။

၈ ႀကိမ္အထိ ညွိႏိႈင္းမႈေတြ အဆင္မေျပတာေၾကာင့္ ဖုယြင္သပိတ္စခန္းကုိ သပိတ္ေကာ္မတီရဲ႕ ဆုံးျဖတ္ခ်က္အတိုင္း ဆက္လက္ေတာင္းဆုိမႈေတြ လုပ္ေဆာင္သြားမွာ ျဖစ္ပါတယ္။

Soundbite မသန္းသန္းစုိး (အလုပ္မႈေဆာင္)
ဖုယြင္အလုပ္သမားသမဂၢ

ေအာက္တုိဘာလ ၁၆ ရက္ေန႔က ဆႏၵျပအလုပ္သမားေတြကို ႐ိုက္ႏွက္ခဲ့မႈျဖစ္စဥ္နဲ႔ ပတ္သက္ၿပီး ဒဂုံဆိပ္ကမ္းၿမိဳ႕နယ္ ရဲစခန္းကို တုိင္ၾကားခဲ႔ေပမယ့္ ပုဒ္မတစ္စုံတစ္ရာ ေဖာ္ျပေပးခဲ႔တာလည္း မရွိဘူးလုိ႔ ေသြးစည္းညီညြတ္ေသာ သမဂၢမ်ားအဖြဲ႕ခ်ဳပ္ (ျမန္မာ)က ေျပာပါတယ္။

Soundbite ေဒၚမ်ဳိးမ်ဳိးေအး (ဦးေဆာင္သူ)
ေသြးစည္းညီညႊတ္ေသာသမဂၢမ်ားအဖြဲ႔ခ်ဳပ္ (ျမန္မာ)

ဒါ့အျပင္ အလုပ္သမားေတြရဲ႕ အခြင္႔အေရးေတြကုိ ကာကြယ္ေစာင့္ေရွာက္ေပးရမယ္ဆုိတဲ့ အခ်က္ေတြကုိ MIC အေနနဲ႔ EC စာခ်ဳပ္ကုိ လက္မွတ္ေရးထုိးထားတာေၾကာင္႔ MIC က အလုပ္ရွင္ဘက္ကုိ ဘယ္လုိအေရးယူ လုိ႔ရမလဲ စဥ္းစားေနတာလည္း ျဖစ္တယ္လုိ႔ ရန္ကုန္တုိင္းေဒသႀကီး အလုပ္သမားဝန္ႀကီး ဦးေဇာ္ေအးေမာင္က မီဒီယာေတြကုိ ေျပာၾကားထားပါတယ္ ရွင္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ဖုယွင်သပိတ်စခန်းကို သပိတ်ကော်မတီရဲ့ ဆုံးဖြတ်ချက်အတိုင်း ဆက်လက် တောင်းဆိုမယ်

ဖုယွင်သပိတ်စခန်းကို သပိတ်ကော်မတီရဲ့ ဆုံးဖြတ်ချက်နဲ့အတူ တောင်းဆိုမှုတွေ လုပ်ဆောင်သွား မှာဖြစ်တယ်လို့ ဆန္ဒပြအလုပ်သမားတွေက ပြောပါတယ်။ ဒီသတင်းကို MCN သတင်းထောက် သန္တာမိုးက ပေးပို့ထားပါတယ်။

အောက်တိုဘာလ ၁၆ ရက်နေ့က ဖုယွင်အလုပ်သမားတွေကို လူတစ်စုက အကြမ်းဖက်ရိုက်နှက်မှုကြောင့် အလုပ်သမား ၂၈ ဦး ဒဏ်ရာ ရရှိခဲ့ပါတယ်။

ဒါ့အပြင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမြစိန်နဲ့ အလုပ်ရှင် အလုပ်သမားတွေ ညှိနှိုင်းခဲ့ပေမယ့် အလုပ်ရှင်ဘက်က အစိုးရက သတ်မှတ်တဲ့ အခြေခံလုပ်ခလစာ ၄၈၀ဝ ကျပ် ပေးလိုက်ရတာကြောင့် လုပ်သားအင်အား လျော့ချလိုက်ရတာ ဖြစ်တယ်လို့ ပြောပါတယ်။

၈ ကြိမ်အထိ ညှိနှိုင်းမှုတွေ အဆင်မပြေတာကြောင့် ဖုယွင်သပိတ်စခန်းကို သပိတ်ကော်မတီရဲ့ ဆုံးဖြတ်ချက် အတိုင်း ဆက်လက်တောင်းဆိုမှုတွေ လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။

Soundbite မသန်းသန်းစိုး (အလုပ်မှုဆောင်)
ဖုယွင်အလုပ်သမားသမဂ္ဂ

အောက်တိုဘာလ ၁၆ ရက်နေ့က ဆန္ဒပြအလုပ်သမားတွေကို ရိုက်နှက်ခဲ့မှုဖြစ်စဉ်နဲ့ ပတ်သက်ပြီး ဒဂုံဆိပ်ကမ်းမြို့နယ် ရဲစခန်းကို တိုင်ကြားခဲ့ပေမယ့် ပုဒ်မတစ်စုံတစ်ရာ ဖော်ပြပေးခဲ့တာလည်း မရှိဘူးလို့ သွေးစည်းညီညွတ်သော သမဂ္ဂများအဖွဲ့ချုပ် (မြန်မာ)က ပြောပါတယ်။

Soundbite ဒေါ်မျိုးမျိုးအေး (ဦးဆောင်သူ)
သွေးစည်းညီညွှတ်သောသမဂ္ဂများအဖွဲ့ချုပ် (မြန်မာ)

ဒါ့အပြင် အလုပ်သမားတွေရဲ့ အခွင့်အရေးတွေကို ကာကွယ်စောင့်ရှောက်ပေးရမယ်ဆိုတဲ့ အချက်တွေကို MIC အနေနဲ့ EC စာချုပ်ကို လက်မှတ်ရေးထိုးထားတာကြောင့် MIC က အလုပ်ရှင်ဘက်ကို ဘယ်လိုအရေးယူ လို့ရမလဲ စဉ်းစားနေတာလည်း ဖြစ်တယ်လို့ ရန်ကုန်တိုင်းဒေသကြီး အလုပ်သမားဝန်ကြီး ဦးဇော်အေးမောင်က မီဒီယာတွေကို ပြောကြားထားပါတယ် ရှင်။

?bph6