Water Bus စီမံကိန္း ေရရွည္လုပ္ကုိင္နုိင္ဖို႔ အစုိးရ ကူညီပံ့ပိုးဖို႔ လိုအပ္ (႐ုပ္/သံ)

0
122

လုပ္ငန္းရပ္ဆုိင္းရမယ့္ အေျခအေနႀကံဳေတြ႔ခဲ့ရတဲ့ Water Bus စီမံကိန္းကို ပစ္မထားေစခ်င္ပဲ ေရရွည္လုပ္ကုိင္နုိင္ဖုိ႔ အစိုးရအေနနဲ႕ ပံပိုး ကူညီမႈေတြေပးဖို႔ လိုအပ္တယ္လို႔ တင့္တင့္ျမန္မာ ကုမၸဏီ လီမိတက္ေျပာပါတယ္။ ဒီသတငး္ကုိ MCN သတင္းေထာက္ ေမာင္ထက္ေပးပုိ႔ထားပါတယ္။

Yangon Water Bus စီမံကိန္း တစ္ႏွစ္တာကာလ အတြင္းမွာ ဘ႑ာေရးအခက္အခဲေတြ အပါအဝင္ အခက္အခဲ မ်ားစြာ ႀကံဳေတြ႔ခဲ့ရၿပီး လုပ္ငန္းရပ္ဆိုင္းရမယ့္ အေျခအေနမ်ဳိးအထိ ႀကံဳေတြ႕ခဲ့ရတဲ့အတြက္ အစိုးရဘက္က ပံပိုးကူညီမႈေတြလိုအပ္ေနတယ္လို႕ ေအာက္တိုဘာလ၂၀ရက္ေန႔ ဗိုလ္တစ္ေထာင္ဆိပ္ကမ္းမွာ က်င္းပတဲ့ Water Bus စီမံကိန္း တစ္ႏွစ္ျပည့္သတင္းစာရွင္းပြဲမွာ တင့္တင့္ျမန္မာ ကုမၸဏီလီမိတက္ ဥကၠ႒ ေဒၚတင့္တင့္လြင္ကေျပာပါတယ္ ။

Soundbites-ေဒၚတင့္တင့္လြင္ (ဥကၠ႒)
တင့္တင့္ျမန္မာ ကုမၸဏီလီမိတက္

ဒါ့အျပင္ ပြင့္လင္းရာသီေရာက္မွလုပ္ေဆာင္ဖုိ႔စီစဥ္ထားတဲ့အစီအစဥ္ေတြကို ျပည္သူေတြရဲ့ လိုအပ္ခ်က္ ေၾကာင့္ ဒလဘက္ကမ္း ခရီးစဥ္ေတြကို ေျပးဆြဲခဲ့ရာ ခရီးသည္စီးနင္းမႈမ်ားျပားလာတဲ့ အတြက္တစ္ႏွစ္အတြင္း အခက္အခဲေတြႀကံဳေတြ႕ခဲ့ရေပမယ့္ စီမံကိန္းေအာင္ျမင္ေနတယ္လို႔ ေဒၚတင့္တင့္လြင္က ေျပာပါတယ္ ။

Soundbites-ေဒၚတင့္တင့္လြင္ (ဥကၠ႒)
တင့္တင့္ျမန္မာ ကုမၸဏီလီမိတက္

yangon water bus ကို ျမန္မာႏိုင္ငံသား ျပည္တြင္းလုပ္ငန္းရွင္ျဖစ္တဲ့ တင့္တင့္ျမန္မာ ကုမၸဏီက လုပ္ကိုင္ေနတာျဖစ္ၿပီး လက္ရွိမွာေတာ့ ျပည္ပက သေဘၤာ သံုးစင္ ထိုင္းႏိုင္ငံက သေဘၤာသံုးစင္းနဲ႔ ျပည္တြင္း သေဘၤာ ၇ စီး စုစုေပါင္း ၁၃စီးအျပင္ လူဦးေရ ၃၀၀ နဲ႔၄၀၀ ၾကားခရီးသည္စီးနင္းနိုင္တဲ့ သေဘၤာ ၂ စီးနဲ႔ ေျပးဆြဲေပးေနတာျဖစ္ပါတယ္ခင္ဗ်ာ။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

လုပ်ငန်းရပ်ဆိုင်းရမယ့် အခြေအနေကြုံတွေ့ခဲ့ရတဲ့ Water Bus စီမံကိန်းကို ပစ်မထားစေချင်ပဲ ရေရှည်လုပ်ကိုင်နိုင်ဖို့ အစိုးရအနေနဲ့ ပံပိုး ကူညီမှုတွေပေးဖို့ လိုအပ်တယ်လို့ တင့်တင့်မြန်မာ ကုမ္ပဏီ လီမိတက်ပြောပါတယ်။ ဒီသတငး်ကို MCN သတင်းထောက် မောင်ထက်ပေးပို့ထားပါတယ်။

Yangon Water Bus စီမံကိန်း တစ်နှစ်တာကာလ အတွင်းမှာ ဘဏ္ဍာရေးအခက်အခဲတွေ အပါအဝင် အခက်အခဲ များစွာ ကြုံတွေ့ခဲ့ရပြီး လုပ်ငန်းရပ်ဆိုင်းရမယ့် အခြေအနေမျိုးအထိ ကြုံတွေ့ခဲ့ရတဲ့အတွက် အစိုးရဘက်က ပံပိုးကူညီမှုတွေလိုအပ်နေတယ်လို့ အောက်တိုဘာလ၂၀ရက်နေ့ ဗိုလ်တစ်ထောင်ဆိပ်ကမ်းမှာ ကျင်းပတဲ့ Water Bus စီမံကိန်း တစ်နှစ်ပြည့်သတင်းစာရှင်းပွဲမှာ တင့်တင့်မြန်မာ ကုမ္ပဏီလီမိတက် ဥက္ကဋ္ဌ ဒေါ်တင့်တင့်လွင်ကပြောပါတယ် ။

Soundbites-ဒေါ်တင့်တင့်လွင် (ဥက္ကဋ္ဌ)
တင့်တင့်မြန်မာ ကုမ္ပဏီလီမိတက်

ဒါ့အပြင် ပွင့်လင်းရာသီရောက်မှလုပ်ဆောင်ဖို့စီစဉ်ထားတဲ့အစီအစဉ်တွေကို ပြည်သူတွေရဲ့ လိုအပ်ချက် ကြောင့် ဒလဘက်ကမ်း ခရီးစဉ်တွေကို ပြေးဆွဲခဲ့ရာ ခရီးသည်စီးနင်းမှုများပြားလာတဲ့ အတွက်တစ်နှစ်အတွင်း အခက်အခဲတွေကြုံတွေ့ခဲ့ရပေမယ့် စီမံကိန်းအောင်မြင်နေတယ်လို့ ဒေါ်တင့်တင့်လွင်က ပြောပါတယ် ။

Soundbites-ဒေါ်တင့်တင့်လွင် (ဥက္ကဋ္ဌ)
တင့်တင့်မြန်မာ ကုမ္ပဏီလီမိတက်

yangon water bus ကို မြန်မာနိုင်ငံသား ပြည်တွင်းလုပ်ငန်းရှင်ဖြစ်တဲ့ တင့်တင့်မြန်မာ ကုမ္ပဏီက လုပ်ကိုင်နေတာဖြစ်ပြီး လက်ရှိမှာတော့ ပြည်ပက သင်္ဘော သုံးစင် ထိုင်းနိုင်ငံက သင်္ဘောသုံးစင်းနဲ့ ပြည်တွင်း သင်္ဘော ၇ စီး စုစုပေါင်း ၁၃စီးအပြင် လူဦးရေ ၃၀ဝ နဲ့၄၀ဝ ကြားခရီးသည်စီးနင်းနိုင်တဲ့ သင်္ဘော ၂ စီးနဲ့ ပြေးဆွဲပေးနေတာဖြစ်ပါတယ်ခင်ဗျာ။

?bph6