အသက္အာမခံ ထားရွိတဲ့ ေအဂ်င္စီ ၃၈ ခုသာ ရွိ (႐ုပ္/သံ)

0
113

ျပည္ပအလုပ္အကုိင္ ေအဂ်င္စီေပါင္း ၂၀၀ ေက်ာ္မွာ အသက္အာမခံထားရွိတဲ့ ေအဂ်င္စီ ၃၈ ခုသာ ရွိတာ ျဖစ္တယ္လုိ႔ ျမန္မာျပည္ပ အလုပ္အကုိင္၀န္ေဆာင္မႈ လုပ္ငန္းရွင္မ်ားအဖြဲ႔ခ်ဳပ္က ေျပာပါတယ္။ ဒီသတင္းကုိ MCN သတင္းေထာက္ သႏာၱမိုးက ေပးပုိ႔ထားပါတယ္။

ထုိင္း၊ မေလးရွား၊ စကၤာပူ၊ ဂ်ပန္နုိင္ငံေတြကုိ ေစလႊတ္ေနတဲ့ ျပည္ပအလုပ္အကုိင္ဧဂ်င္စီ ၃၈ ခုက ျပည္ပေရာက္ အလုပ္သမားေပါင္း တစ္ေသာင္းေက်ာ္သာ အသက္အာမခံေၾကး ထားရွိတာလည္း ျဖစ္တာေၾကာင့္ အသက္ အာမခံထားရွိမႈ နည္းပါးေနတာျဖစ္တယ္လုိ႔ ျမန္မာျပည္ပ အလုပ္အကုိင္ဝန္ေဆာင္မႈ လုပ္ငန္းရွင္မ်ားအဖြဲ႔ခ်ဳပ္ ဥကၠ႒က ေျပာပါတယ္။

ေအာက္တုိဘာလ ၂၀ ရက္ေန႔ ျမန္မာျပည္ပအလုပ္အကုိင္ ဝန္ေဆာင္မႈလုပ္ငန္းရွင္မ်ား အဖြဲ႔ခ်ဳပ္႐ုံးမွာ အသက္အာမခံေၾကး ေပးအပ္ပြဲ ျပဳလုပ္ခဲ႔တာပါ။

Soundbite ဦးပီတာညႊန္႕ေမာင္ (ဥကၠ႒)
ျမန္မာျပည္ပအလုပ္အကုိင္ဝန္ေဆာင္မႈလုပ္ငန္းရွင္မ်ားအဖြဲ႔ခ်ဳပ္

ထုိင္းႏုိင္ငံေရာက္ ျမန္မာလုပ္သားတစ္ဦးျဖစ္တဲ့ ကုိရဲႏုိင္စုိးကုိ အလုပ္ခြင္အတြင္း ထိခုိက္မႈေၾကာင္႔ ေသဆုံး သြားခဲ႔တဲ့အတြက္ ပထမအႀကိမ္ အသက္အာမခံေၾကးအျဖစ္ ျမန္မာ့အာမခံ႐ုံးက သိန္း ၅၀ နဲ႔ ကုမၸဏီဘက္က ၁၀ သိန္း ေပးအပ္ခဲ့ပါတယ္။

Soundbite ေဒၚညဳိညဳိဝင္း (ဒါ႐ုိက္တာ)
Actual Tokyo Max Ltd

ဒါ့အျပင္ ျပည္ပေရာက္ ျမန္မာအလုပ္သမားေတြအေနနဲ႔ အလုံးစုံ အာမခံေၾကးအျဖစ္တစ္ႏွစ္ကုိ သုံးေသာင္း ေပးသြင္းသြားရတာလည္း ျဖစ္ပါတယ္။ ျပည္ပေရာက္ ျမန္မာအလုပ္သမားေတြ အသက္အာမခံေၾကးထားရွိႏုိင္ဖို႔ အတြက္ ျမန္မာအာမခံလုပ္ငန္းနဲ႔ ျမန္မာျပည္ပအလုပ္ အကုိင္ဝန္ေဆာင္မႈငန္းရွင္မ်ားအဖြဲ႔ခ်ဳပ္တုိ႔က ၂၀၁၈ ခုႏွစ္ ဇူလုိင္လ ၁၃ ရက္ေန႔ကစတင္ၿပီး စာခ်ဳပ္ခ်ဳပ္ဆုိထားခဲ့တာလည္း ျဖစ္ပါတယ္ရွင္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

အသက်အာမခံထားရှိတဲ့ အေဂျင်စီ ၃၈ ခုသာ ရှိ

ပြည်ပအလုပ်အကိုင် အေဂျင်စီပေါင်း ၂၀ဝ ကျော်မှာ အသက်အာမခံထားရှိတဲ့ အေဂျင်စီ ၃၈ ခုသာ ရှိတာ ဖြစ်တယ်လို့ မြန်မာပြည်ပ အလုပ်အကိုင်ဝန်ဆောင်မှု လုပ်ငန်းရှင်များအဖွဲ့ချုပ်က ပြောပါတယ်။ ဒီသတင်းကို MCN သတင်းထောက် သန္တာမိုးက ပေးပို့ထားပါတယ်။

ထိုင်း၊ မလေးရှား၊ စင်္ကာပူ၊ ဂျပန်နိုင်ငံတွေကို စေလွှတ်နေတဲ့ ပြည်ပအလုပ်အကိုင်ဧဂျင်စီ ၃၈ ခုက ပြည်ပရောက် အလုပ်သမားပေါင်း တစ်သောင်းကျော်သာ အသက်အာမခံကြေး ထားရှိတာလည်း ဖြစ်တာကြောင့် အသက် အာမခံထားရှိမှု နည်းပါးနေတာဖြစ်တယ်လို့ မြန်မာပြည်ပ အလုပ်အကိုင်ဝန်ဆောင်မှု လုပ်ငန်းရှင်များအဖွဲ့ချုပ် ဥက္ကဋ္ဌက ပြောပါတယ်။

အောက်တိုဘာလ ၂၀ ရက်နေ့ မြန်မာပြည်ပအလုပ်အကိုင် ဝန်ဆောင်မှုလုပ်ငန်းရှင်များ အဖွဲ့ချုပ်ရုံးမှာ အသက်အာမခံကြေး ပေးအပ်ပွဲ ပြုလုပ်ခဲ့တာပါ။

Soundbite ဦးပီတာညွှန့်မောင် (ဥက္ကဋ္ဌ)
မြန်မာပြည်ပအလုပ်အကိုင်ဝန်ဆောင်မှုလုပ်ငန်းရှင်များအဖွဲ့ချုပ်

ထိုင်းနိုင်ငံရောက် မြန်မာလုပ်သားတစ်ဦးဖြစ်တဲ့ ကိုရဲနိုင်စိုးကို အလုပ်ခွင်အတွင်း ထိခိုက်မှုကြောင့် သေဆုံး သွားခဲ့တဲ့အတွက် ပထမအကြိမ် အသက်အာမခံကြေးအဖြစ် မြန်မာ့အာမခံရုံးက သိန်း ၅၀ နဲ့ ကုမ္ပဏီဘက်က ၁၀ သိန်း ပေးအပ်ခဲ့ပါတယ်။

Soundbite ဒေါ်ညိုညိုဝင်း (ဒါရိုက်တာ)
Actual Tokyo Max Ltd

ဒါ့အပြင် ပြည်ပရောက် မြန်မာအလုပ်သမားတွေအနေနဲ့ အလုံးစုံ အာမခံကြေးအဖြစ်တစ်နှစ်ကို သုံးသောင်း ပေးသွင်းသွားရတာလည်း ဖြစ်ပါတယ်။ ပြည်ပရောက် မြန်မာအလုပ်သမားတွေ အသက်အာမခံကြေးထားရှိနိုင်ဖို့ အတွက် မြန်မာအာမခံလုပ်ငန်းနဲ့ မြန်မာပြည်ပအလုပ် အကိုင်ဝန်ဆောင်မှုငန်းရှင်များအဖွဲ့ချုပ်တို့က ၂၀၁၈ ခုနှစ် ဇူလိုင်လ ၁၃ ရက်နေ့ကစတင်ပြီး စာချုပ်ချုပ်ဆိုထားခဲ့တာလည်း ဖြစ်ပါတယ်ရှင်။

?bph6