တရားလွှတ်တော်ရှေ့နေ ဦးကိုနီ အမှု လာမယ့်ရုံးချိန်းမှာ ဇေယျာဖြိုးရဲ့သက်သေတွေ စစ်ဆေးမယ်

0
115

တရားလွှတ်တော်ရှေ့နေ ဦးကိုနီကို လုပ်ကြံသတ်ဖြတ်မှုမှာ တရားစွဲဆိုခံရထားတဲ့ အောင်ဝင်းဇော်နဲ့ အောင်ဝင်းထွန်းတို့မှာ စစ်ဆေးဖို့ သက်သေငါးဦးသာ ကျန်ရှိတော့တာဖြစ်ပြီး လာမယ့်ရုံးချိန်းမှာ ဇေယျာဖြိုးရဲ့ သက်သေတွေ စစ်ဆေးသွားမှာ ဖြစ်တယ်လို့ တရားစွဲဆိုခံရထားရသူတွေဘက်က တရားလွှတ်တော်ရှေ့နေ ဦးကော်ျကျော်ထိုက်က စက်တင်ဘာလ ၁၉ ရက်နေ့ ရုံးချိန်းမှာ ပြောဆိုခဲ့တာ ဖြစ်ပါတယ်။

လက်ရှိမှာ အမှုနဲ့ပတ်သက်ပြီး ရုံးချိန်းတစ်ချိန်းမှာ သက်သေလေးဦး စစ်ဆေးဖို့ စီစဉ်ထားပေမယ့် သက်သေတွေရဲ့ ကိုယ်ရေးကိုယ်တာ ကျန်းမာရေးအခြေအနေတွေကြောင့် လုပ်ထုံးလုပ်နည်းအရ သက်သေတွေ ဖယ်ထားရတာဖြစ်ကြောင်း ရှေ့နေ ဦးကျော်ကျော်ထိုက်က ပြောပါတယ်။


>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

တရားလွှတ်တော်ရှေ့နေ ဦးကိုနီအမှု လာမယ့်ရုံးချိနး်မှာ ဇေယျာဖြိုးရဲ့သက်သေတွေ စစ်ဆေးမယ်

တရားလွှတ်တော်ရှေ့နေ ဦးကိုနီကို လုပ်ကြံသတ်ဖြတ်မှုမှာ တရားစွဲဆိုခံရထားတဲ့ အောင်ဝင်းဇော်နဲ့ အောင်ဝင်းထွန်းတို့မှာ စစ်ဆေးဖို့သက်သေ ငါးဦးသာ ကျန်ရှိတော့တာဖြစ်ပြီး လာမယ့်ရုံးချိန်းမှာ ဇေယျာဖြိုးရဲ့ သက်သေတွေ စစ်ဆေးသွားမှာ ဖြစ်တယ်လို့ တရားစွဲဆိုခံရထားရသူတွေဘက်က တရားလွှတ်တော်ရှေ့နေ ဦးကျော်ကျော်ထိုက်က စက်တင်ဘာလ ၁၉ ရက်နေ့ ရုံးချိန်းမှာ ပြောဆိုခဲ့တာ ဖြစ်ပါတယ်။

လက်ရှိမှာ အမှုနဲ့ပတ်သက်ပြီး ရုံးချိန်းတစ်ချိနး်မှာ သက်သေလေးဦး စစ်ဆေးဖို့ စီစဉ်ထားပေမယ့် သက်သေတွေရဲ့ ကိုယ်ရေးကိုယ်တာ ကျန်းမာရေးအခြေအနေတွေကြောင့် လုပ်ထုံးလုပ်နည်းအရ သက်သေတွေ ဖယ်ထားရတာဖြစ်ကြောင်း ရှေ့နေ ဦးကျော်ကျော်ထိုက်က ပြောပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီရဲ့ ဥပဒေအကြံပေး ရှေ့နေ ဦးကိုနီကို သေနတ်နဲ့ လုပ်ကြံသတ်ဖြတ်ခဲ့တဲ့ ကြည်လင်း အပါအဝင် ဆက်စပ်တရားခံတွေဖြစ်တဲ့ ဇေယျာဖြိုး၊ အောင်ဝင်းဇော်နဲ့ ပုဒ်မ ၂၁၂ အရ အာမခံရ ရှိထားတဲ့ အောင်ဝင်းထွန်းတို့ရဲ့ ရုံးချိန်းကို လာမယ့် ရုံးချိန်းမှာ ဆက်လက်စစ်ဆေးသွားမှာ ဖြစ်ပါတယ်။

?bph6