
0
119




>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ရဲတပ်ဖွဲ့အကြီးကဲ သေဆုံးပြီးနောက် အာဖန်ဂန်နစ္စတန် ရွေးကောက်ပွဲ ရွှေ့ဆိုင်း

အာဖန်ဂန်နစ္စတန်နိုင်ငံ ကန်ဒါဟာမြို့မှာ ထောက်လှမ်းရေး အကြီးအကဲနဲ့ ရဲတပ်ဖွဲ့အကြီးအကဲတို့ တိုက်ခိုက်မှုတွေကြောင့် သေဆုံးခဲ့ပြီးနောက် အာဖန်ဂန်နစ္စတန်နိုင်ငံအတွင်း ကျင်းပဖို့ စီစဉ်ထားတဲ့ လွှတ်တော် ရွေးကောက်ပွဲကို ရွှေ့ဆိုင်းလိုက်ရပါတယ်။

ရွေးကောက်ပွဲကို အစောပိုင်းက အောက်တိုဘာ ၂၀ ရက်မှာ ကျင်းပဖို့ စီစဉ်ထားခဲ့ပါတယ်။ ရဲချုပ် ရာဇစ်ဟာ ကြာသပတေးနေ့က ဖြစ်ခဲ့တဲ့ တိုက်ခိုက်မှုအတွင်းသေဆုံးခဲ့ရာ တာလီဘန်အဖွဲ့က သူတို့လက်ချက်ဖြစ်တယ်လို့ ပြောခဲ့ပါတယ်။

အာဖန်ဂန်နစ္စတန်အစိုးရ အာဏာပိုင်တွေဟာ ရွေးကောက်ပွဲကို ရွှေ့ဆိုင်းခဲ့ပေမယ့် လွှတ်တော် ရွေးကောက်ပွဲကျင်းပမယ့် ရက်ကို ပြန်လည်သတ်မှတ်ထားတာ မရှိသေးပါဘူး။

?bph6