ေျမာက္ဦးၿမိဳ႕ရွိ ေလးမ်က္ႏွာပုထုိးေတာ္ရွိ ဆင္းတုု ၁၁ ဆူ ဖ်က္ဆီးခံရ

0
118

ရခိုင္ျပည္နယ္ရဲ႕ ေရွးေဟာင္းအေမြအႏွစ္ေတြ တည္ရွိရာ ေျမာက္ဦးၿမိဳ႕ရွိ သမိုင္းဝင္ပုထိုးတစ္ဆူျဖစ္တဲ့ ေလးမ်က္ႏွာပုထိုးအတြင္္းက ဆင္းတုုေတာ္ ၁၁ ဆူတို႔မွာ ေအာက္တုိဘာလ ၁၇ ရက္ေန႔ ညက ဖ်က္ဆီးခံလိုက္္ရတာ ျဖစ္ပါတယ္။ ေလးမ်က္ႏွာပုထိုးေတာ္မွာ သကၠရာဇ္ ၇၉၂ ခုႏွစ္မွာ ဘုရင္မင္း ေစာမြန္ တည္ထားတဲ့ ထီးတည္နန္းတည္ ပုထိုးတစ္ဆူျဖစ္ကာ ႏွစ္ေပါင္း ၅၈၀ ေက်ာ္ခန္႔ရွိၿပီ ျဖစ္ပါတယ္။

အခုလုိ ဆင္းတုေတာ္ေတြ ဖ်က္ဆီးခံရတာဟာ လံုၿခံဳမႈအားနည္းၿပီး ညအခ်ိန္မေတာ္ ေသာက္စားသူေတြနဲ႔ မူးယစ္ေဆးဝါးသံုးစြဲသူေတြေၾကာင့္ ျဖစ္ႏိုင္ေၾကာင္း ၿမိဳ႕ခံေတြက ေျပာပါတယ္။ ဒါ့အျပင္ ဆင္းတုေတာ္မ်ား ဖ်က္ဆီးခံလိုက္ရမႈနဲ႔ ပတ္သက္ၿပီး က်ဴးလြန္သူေတြကို ေရွးေဟာင္းယဥ္္ေက်းမႈ အေဆာက္အအံုေတြ ထိန္းသိမ္းေရးဥပေဒအရ အေရးယူေဆာင္ရြက္သြားမည္ျဖစ္ေၾကာင္း ေရွးေဟာင္းယဥ္ေက်းမႈအေမြအႏွစ္ ထိန္းသိမ္းေရးအဖြဲ႕က ေျပာပါတယ္။

လက္ရွိမွာ ေျမာက္ဦးယဥ္ေက်းမႈဇံံုကို ကမာၻ႕ယဥ္္ေက်းမႈအေမြအႏွစ္ စာရင္းဝင္အျဖစ္ အသိအမွတ္ျပဳခံရေရး အစိုးရက ႀကိဳးပမ္းေဆာင္္ရြက္ေနတဲ့ကာလလည္း ျဖစ္ပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

မြောက်ဦးမြို့ရှိ လေးမျက်နှာပုထိုးတော်ရှိ ဆင်းတု ၁၁ ဆူ ဖျက်ဆီးခံရ

ရခိုင်ပြည်နယ်ရဲ့ ရှေးဟောင်းအမွေအနှစ်တွေ တည်ရှိရာ မြောက်ဦးမြို့ရှိ သမိုင်းဝင်ပုထိုးတစ်ဆူဖြစ်တဲ့ လေးမျက်နှာပုထိုးအတွင်းက ဆင်းတုတော် ၁၁ ဆူတို့မှာ အောက်တိုဘာလ ၁၇ ရက်နေ့ညက ဖျက်ဆီးခံလိုက်ရတာ ဖြစ်ပါတယ်။ လေးမျက်နှာပုထိုးတော်မှာ သက္ကရာဇ် ၇၉၂ ခုနှစ်မှာ ဘုရင်မင်း စောမွန် တည်ထားတဲ့ ထီးတည်နန်းတည် ပုထိုးတစ်ဆူဖြစ်ကာ နှစ်ပေါင်း ၅၈၀ ကျော်ခန့်ရှိပြီ ဖြစ်ပါတယ်။

အခုလို ဆင်းတုတော်တွေ ဖျက်ဆီးခံရတာဟာ လုံခြုံမှုအားနည်းပြီး ညအချိန်မတော် သောက်စားသူတွေနဲ့ မူးယစ်ဆေးဝါးသုံးစွဲသူတွေကြောင့် ဖြစ်နိုင်ကြောင်း မြို့ခံတွေက ပြောပါတယ်။ ဒါ့အပြင် ဆင်းတုတော်များ ဖျက်ဆီးခံလိုက်ရမှုနဲ့ ပတ်သက်ပြီး ကျူးလွန်သူတွေကို ရှေးဟောင်းယဉ်ကျေးမှု အဆောက်အအုံတွေ ထိန်းသိမ်းရေးဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ် ထိန်းသိမ်းရေးအဖွဲ့က ပြောပါတယ်။

လက်ရှိမှာ မြောက်ဦးယဉ်ကျေးမှုဇုံကို ကမ္ဘာ့ယဉ်ကျေးမှုအမွေအနှစ် စာရင်းဝင်အဖြစ် အသိအမှတ်ပြုခံရရေး အစိုးရက ကြိုးပမ်းဆောင်ရွက်နေတဲ့ကာလလည်း ဖြစ်ပါတယ်။

?bph6