ၾကားျဖတ္ေရြးေကာက္ပြဲ မဲဆြယ္စည္႐ုံးေရး ေဟာေျပာမႈနဲ႔ ပတ္သက္ၿပီး တုိင္ၾကားမႈသုံးမႈရွိ

0
119

၂၀၁၈ ၾကားျဖတ္ေရြးေကာက္ပြဲအတြက္ ျပည္ေထာင္စုေရြးေကာက္ပြဲေကာ္မရွင္က ခြင့္ျပဳထားတဲ့ မဲဆြယ္စည္း႐ုံးကာလ ၅ ပတ္အတြင္း မဲဆႏၵနယ္ ၁၃ ေနရာမွာ မဲဆြယ္စည္း႐ုံးေရး ေဟာေျပာပြဲေတြနဲ႔ ပတ္သက္တဲ့ တုိင္ၾကားမႈ သံုးမႈပဲရွိခဲ့တာ ျဖစ္ပါတယ္။

အမ်ဳိးသားဒီမုိကေရစီအဖြဲ႕ခ်ဳပ္နဲ႔ ျပည္ခုိင္ၿဖိဳးပါတီတို႔က အျပန္အလွန္တိုင္ၾကားမႈ ၂ ခုနဲ႔၊ တစ္သီးပုဂၢလ ကိုယ္စားလွယ္ေလာင္း တစ္ဦးက ေက်းရြာအုပ္ခ်ဳပ္ေရးမွဴးကို တုိင္ၾကားခဲ့တဲ့အမႈတစ္ခုတို႔ ျဖစ္တယ္လို႔ ေရြးေကာက္ပြဲဆိုင္ရာ ျပည္သူ႔လႈပ္ရွားမႈအဖြဲ႔ရဲ႕ စီမံကိန္းမန္ေနဂ်ာ ဦးဟန္စုိးထြန္းက ေျပာပါတယ္။

ျပည္ခုိင္ၿဖိဳးပါတီက တုိင္ၾကားတဲ့အမႈအေနနဲ႔ NLD က ႏုိင္ငံေတာ္သမၼတနဲ႔ ႏုိင္ငံေတာ္အတုိင္ပင္ခံပုဂၢိဳလ္ရဲ႕ ႐ုပ္ပံုေတြ အသံုးျပဳၿပီး မဲဆြယ္တာနဲ႔ မဲဆြယ္စည္း႐ုံးေရးပစၥည္းေတြ ဖ်က္ဆီးခံခဲ့ရတာကို တုိင္ၾကားခဲ့တာ ျဖစ္ပါတယ္။

၂၀၁၈ ၾကားျဖတ္ေရြးေကာက္ပြဲ မဲဆြယ္စည္း႐ုံးေရးကာလ ေစာင့္ၾကည့္ေလ့လာတဲ့ အစီအစဥ္ကို ေရြးေကာက္ပြဲဆိုင္ရာ ျပည္သူ႔ လႈပ္ရွားမႈအဖြဲ႔နဲ႔ ဖန္တီးအိမ္အဖြဲ႔တုိ႔ ပူးေပါင္းၿပီး ေဆာင္ရြက္ခဲ့တာပါ။ ၾကားျဖတ္ေရြးေကာက္ပြဲကိုု မဲဆႏၵနယ္ ၁၃ ေနရာ က်င္းပမွာျဖစ္ၿပီး ကိုယ္စားလွယ္ေလာင္း ၆၉ ဦး ဝင္ေရာက္ယွဥ္ၿပိဳင္သြားမွာ ျဖစ္ပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ကြားဖြတ်ရွေးကောက်ပွဲမဲဆွယ်စည်ရုံးရေး ဟောပြောမှုနဲ့ပတ်သက်ပြီးတိုင်ကြားမှုသုံးမှုရှိ

၂၀၁၈ ကြားဖြတ်ရွေးကောက်ပွဲအတွက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ခွင့်ပြုထားတဲ့ မဲဆွယ်စည်းရုံးကာလ ၅ ပတ်အတွင်း မဲဆန္ဒနယ် ၁၃ နေရာမှာ မဲဆွယ်စည်းရုံးရေး ဟောပြောပွဲတွေနဲ့ ပတ်သက်တဲ့ တိုင်ကြားမှု သုံးမှုပဲရှိခဲ့တာ ဖြစ်ပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နဲ့ ပြည်ခိုင်ဖြိုးပါတီတို့က အပြန်အလှန်တိုင်ကြားမှု ၂ ခုနဲ့၊ တစ်သီးပုဂ္ဂလ ကိုယ်စားလှယ်လောင်း တစ်ဦးက ကျေးရွာအုပ်ချုပ်ရေးမှူးကို တိုင်ကြားခဲ့တဲ့အမှုတစ်ခုတို့ ဖြစ်တယ်လို့ ရွေးကောက်ပွဲဆိုင်ရာ ပြည်သူ့လှုပ်ရှားမှုအဖွဲ့ရဲ့ စီမံကိန်းမန်နေဂျာ ဦးဟန်စိုးထွန်းက ပြောပါတယ်။

ပြည်ခိုင်ဖြိုးပါတီက တိုင်ကြားတဲ့အမှုအနေနဲ့ NLD က နိုင်ငံတော်သမ္မတနဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ရဲ့ ရုပ်ပုံတွေ အသုံးပြုပြီး မဲဆွယ်တာနဲ့ မဲဆွယ်စည်းရုံးရေးပစ္စည်းတွေ ဖျက်ဆီးခံခဲ့ရတာကို တိုင်ကြားခဲ့တာ ဖြစ်ပါတယ်။

၂၀၁၈ ကြားဖြတ်ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးရေးကာလ စောင့်ကြည့်လေ့လာတဲ့ အစီအစဉ်ကို ရွေးကောက်ပွဲဆိုင်ရာ ပြည်သူ့ လှုပ်ရှားမှုအဖွဲ့နဲ့ ဖန်တီးအိမ်အဖွဲ့တို့ ပူးပေါင်းပြီး ဆောင်ရွက်ခဲ့တာပါ။ ကြားဖြတ်ရွေးကောက်ပွဲကို မဲဆန္ဒနယ် ၁၃ နေရာ ကျင်းပမှာဖြစ်ပြီး ကိုယ်စားလှယ်လောင်း ၆၉ ဦး ဝင်ရောက်ယှဉ်ပြိုင်သွားမှာ ဖြစ်ပါတယ်။

?bph6