လူငယ္္ေတြ ၿငိမ္းစုစီဥပေဒနဲ႔ တရားစြဲခံရတာေတြ အမ်ားဆုံးျဖစ္ (႐ုပ္/သံ)

0
131

လူငယ္ေတြ လြတ္လပ္စြာ ထုတ္ေဖာ္ေျပာဆို လႈပ္ရွားတ့ဲအခါ ၿငိမ္းစုစီဥပေဒနဲ႔ တရားစြဲဆိုခံရတာေတြ အမ်ားဆုံး ျဖစ္ေနတယ္လို႔ အသံအဖြဲ႕က ေျပာပါတယ္။

လူငယ္ေတြဟာ ရပိုင္ခြင့္ အခြင့္အေရးေတြအတြက္ လြတ္လပ္စြာ ထုတ္ေဖာ္ေျပာဆိုလႈပ္ရွားတ့ဲအခါ လြတ္လပ္စြာ ထုတ္ေဖာ္ ေျပာဆိုခြင့္ရဲ႕ အကန္႔အသတ္ေတြျဖစ္တ့ဲ ၿငိမ္းစုစီဥပေဒနဲ႕ တရားစြဲဆိုခံရတာေတြ အမ်ားဆုံး ျဖစ္ေနတယ္လို႔ အသံအဖြဲ႕က ေျပာပါတယ္။

ေအာက္တိုဘာလ ၁၈ ရက္ေန႔က ရန္ကုန္ၿမိဳ႕ ဖန္တီးရာ႐ုံးခန္းမွာ ျပဳလုပ္တ့ဲ လြတ္လပ္စြာ ထုတ္ေဖာ္ေျပာဆို ခြင့္ေတြကို စစ္တမ္းေကာက္ယူမႈေတြအရ အသံအဖြဲ႕ရဲ႕ လြတ္လပ္စြာထုတ္ေဖာ္ေျပာဆိုခြင့္ (အစိုးရ သက္တမ္းဝက္ အစီရင္ခံစာ) ထုတ္ျပန္တဲ့အခမ္းအနား ျပဳလုပ္ခ့ဲတာပါ။ ဒီသတင္းကိုေတာ့ MCN သတင္းေထာက္ စိုင္းဟန္က ေပးပို႔ထားပါတယ္။

Soundbite – ဦးေအာင္ခန္႔ (ပ႐ုိဂရမ္မန္ေနဂ်ာ)
အသံ-Athan (လြတ္လပ္စြာထုတ္ေဖာ္ေျပာဆိုခြင့္လႈပ္ရွားမႈအဖြဲ႕)

ဒါ့အျပင္ လူငယ္ေတြအပါအ၀င္ အမ်ားျပည္သူေတြအေနနဲ႔ လူမႈကြန္ရက္စာမ်က္ႏွာေပၚမွာ ေဝဖန္ေရးသားမႈေတြ ျပဳလုပ္တ့ဲအခါ မေက်နပ္သူေတြက ဆက္သြယ္ေရးဥပေဒနဲ႔ တရားစြဲလိုမရတ့ဲအမႈေတြမွာ “ႏိုင္ငံသားမ်ား၏ ပုဂၢဳိလ္ဆိုင္ရာ လုံၿခံဳမႈႏွင့္ ပုဂၢိဳလ္ဆိုင္ရာ လြတ္လပ္မႈကာကြယ္ေပးေရးဥပေဒ”နဲ႔ တရားစြဲလာတာေတြ ရွိလာတယ္လို႔ ေျပာပါတယ္။

Soundbite – ဦးေအာင္ခန္႔ (ပ႐ုိဂရမ္မန္ေနဂ်ာ)
အသံ-Athan(လြတ္လပ္စြာထုတ္ေဖာ္ေျပာဆိုခြင့္လႈပ္ရွားမႈအဖြဲ႕)

အစိုးရသက္တမ္းကာလ ၂ ႏွစ္ခြဲကာလအတြင္း လြတ္လပ္စြာထုတ္ေဖာ္ေျပာဆိုခြင့္ ခ်ိဳးေဖာက္ခံရမႈေတြကို အသံ အဖြဲ႕က မွတ္တမ္းတင္ခ့ဲရာ ဆက္သြယ္ေရးဥပေဒနဲ႔ တရားစြဲဆိုခံရတ့ဲ အမႈေပါင္း ၁၃၄ မႈရွိလာျပီး ၿငိမ္းစုစီ ဥပေဒနဲ႔ တက္ၾကြလႈပ္ရွားသူ ၁၄၂ ဦးအထိ တရားစြဲခံထားရပါတယ္။ ဒါ့အျပင္ ေမလတစ္လအတြင္း တက္ၾကြလႈပ္ရွားသူ ၄၇ ဦး ၿငိမ္းစုစီဥပေဒနဲ႔ တရားစြဲဆိုခံရတာေတြရွိတယ္လို႔ အသံအဖြဲ႕ရဲ႕ အစီရင္ခံစာမွာ ေဖာ္ျပထားပါတယ္ ခင္ဗ်ာ။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

လူငယ်တွေ ငြိမ်းစုစီဥပဒေနဲ့ တရားစွဲခံရတာတွေ အများဆုံးဖြစ်

လူငယ်တွေ လွတ်လပ်စွာ ထုတ်ဖော်ပြောဆို လှုပ်ရှားတဲ့အခါ ငြိမ်းစုစီဥပဒေနဲ့ တရားစွဲဆိုခံရတာတွေ အများဆုံး ဖြစ်နေတယ်လို့ အသံအဖွဲ့က ပြောပါတယ်။

လူငယ်တွေဟာ ရပိုင်ခွင့် အခွင့်အရေးတွေအတွက် လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုလှုပ်ရှားတဲ့အခါ လွတ်လပ်စွာ ထုတ်ဖော် ပြောဆိုခွင့်ရဲ့ အကန့်အသတ်တွေဖြစ်တဲ့ ငြိမ်းစုစီဥပဒေနဲ့ တရားစွဲဆိုခံရတာတွေ အများဆုံး ဖြစ်နေတယ်လို့ အသံအဖွဲ့က ပြောပါတယ်။

အောက်တိုဘာလ ၁၈ ရက်နေ့က ရန်ကုန်မြို့ ဖန်တီးရာရုံးခန်းမှာ ပြုလုပ်တဲ့ လွတ်လပ်စွာ ထုတ်ဖော်ပြောဆို ခွင့်တွေကို စစ်တမ်းကောက်ယူမှုတွေအရ အသံအဖွဲ့ရဲ့ လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့် (အစိုးရ သက်တမ်းဝက် အစီရင်ခံစာ) ထုတ်ပြန်တဲ့အခမ်းအနား ပြုလုပ်ခဲ့တာပါ။ ဒီသတင်းကိုတော့ MCN သတင်းထောက် စိုင်းဟန်က ပေးပို့ထားပါတယ်။

Soundbite – ဦးအောင်ခန့် (ပရိုဂရမ်မန်နေဂျာ)
အသံ-Athan (လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်လှုပ်ရှားမှုအဖွဲ့)

ဒါ့အပြင် လူငယ်တွေအပါအဝင် အများပြည်သူတွေအနေနဲ့ လူမှုကွန်ရက်စာမျက်နှာပေါ်မှာ ဝေဖန်ရေးသားမှုတွေ ပြုလုပ်တဲ့အခါ မကျေနပ်သူတွေက ဆက်သွယ်ရေးဥပဒေနဲ့ တရားစွဲလိုမရတဲ့အမှုတွေမှာ “နိုင်ငံသားများ၏ ပုဂ္ဂိုလ်ဆိုင်ရာ လုံခြုံမှုနှင့် ပုဂ္ဂိုလ်ဆိုင်ရာ လွတ်လပ်မှုကာကွယ်ပေးရေးဥပဒေ”နဲ့ တရားစွဲလာတာတွေ ရှိလာတယ်လို့ ပြောပါတယ်။

Soundbite – ဦးအောင်ခန့် (ပရိုဂရမ်မန်နေဂျာ)
အသံ-Athan(လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်လှုပ်ရှားမှုအဖွဲ့)

အစိုးရသက်တမ်းကာလ ၂ နှစ်ခွဲကာလအတွင်း လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့် ချိုးဖောက်ခံရမှုတွေကို အသံ အဖွဲ့က မှတ်တမ်းတင်ခဲ့ရာ ဆက်သွယ်ရေးဥပဒေနဲ့ တရားစွဲဆိုခံရတဲ့ အမှုပေါင်း ၁၃၄ မှုရှိလာပြီး ငြိမ်းစုစီ ဥပဒေနဲ့ တက်ကြွလှုပ်ရှားသူ ၁၄၂ ဦးအထိ တရားစွဲခံထားရပါတယ်။ ဒါ့အပြင် မေလတစ်လအတွင်း တက်ကြွလှုပ်ရှားသူ ၄၇ ဦး ငြိမ်းစုစီဥပဒေနဲ့ တရားစွဲဆိုခံရတာတွေရှိတယ်လို့ အသံအဖွဲ့ရဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ် ခင်ဗျာ။

?bph6