ဝန္ႀကီး ဦးေသာင္းထြန္း ေဟာင္ေကာင္ အထူးအုပ္ခ်ဳပ္ေရးေဒသ အမႈေဆာင္ အႀကီးအကဲနဲ႔ ေတြ႔ဆုံ

0
133

ေဟာင္ေကာင္ အထူးအုပ္ခ်ဳပ္ေရးေဒသကို ေခတၱေရာက္ရွိေနတဲ့ ျပည္ေထာင္စု အစိုးရအဖြဲ႔႐ုံး ဝန္ႀကီး၊ ျမန္မာႏိုင္ငံ ရင္းႏွီးျမႇဳပ္ႏွံမႈ ေကာ္မရွင္ဥကၠ႒ ဦးေသာင္းထြန္းဟာ တ႐ုတ္ႏိုင္ငံ၊ ေဟာင္ေကာင္ အထူးအုပ္ခ်ဳပ္ေရးေဒသရဲ႕ အမႈေဆာင္ အႀကီးအကဲ မစၥက္ ကယ္ရီ လင္းခ်န္ ယြတ္ငိုနဲ႔ ေတြ႔ဆံုခဲ့ပါတယ္။

ဝန္ႀကီး ဦးေသာင္းထြန္းက ၂၃ ႀကိမ္ေျမာက္ မကာအို အျပည္ျပည္ဆိုင္ရာ ကုန္သြယ္မႈႏွင့္ ရင္းႏွီးျမႇဳပ္ႏွံမႈျပပြဲကို တက္ေရာက္ဖို႔ ေဟာင္ေကာင္ကို ေရာက္ရွိေနတာ ျဖစ္ပါတယ္။

ေအာက္တိုဘာလ ၁၆ ရက္ေန႔က ေတြ႔ဆံုပြဲမွာ ျမန္မာႏိုင္ငံနဲ႔ ေဟာင္ေကာင္ အထူးအုပ္ခ်ဳပ္ေရး ေဒသၾကား ရင္းႏွီးျမႇဳပ္ႏွံမႈ ျမႇင့္တင္ေရး၊ ခရီးသြားလုပ္ငန္း ျမႇင့္တင္ေရး၊ သဘာဝေဘး အႏၲရာယ္ဆိုင္ရာ စီမံခန္႔ခြဲမႈ၊ အေျခခံ အေဆာက္အအုံဆိုင္ရာ စီမံခန္႔ခြဲမႈ၊ အသက္ေမြး ပညာဆိုင္ရာ က႑နဲ႔ ဝန္ထမ္းေတြရဲ႕ စြမ္းေဆာင္ရည္ ျမႇင့္တင္ေရးဆိုင္ရာတို႔မွာ ပူးေပါင္းေဆာင္ရြက္ေရးေတြကို ေဆြးေႏြးခဲ့ပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ဝန်ကြီး ဦးသောင်းထွန်း ဟောင်ကောင် အထူးအုပ်ချုပ်ရေးဒေသ အမှုဆောင် အကြီးအကဲနဲ့ တွေ့ဆုံ

ဟောင်ကောင် အထူးအုပ်ချုပ်ရေးဒေသကို ခေတ္တရောက်ရှိနေတဲ့ ပြည်ထောင်စု အစိုးရအဖွဲ့ရုံး ဝန်ကြီး၊ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်ဥက္ကဋ္ဌ ဦးသောင်းထွန်းဟာ တရုတ်နိုင်ငံ၊ ဟောင်ကောင် အထူးအုပ်ချုပ်ရေး ဒေသရဲ့ အမှုဆောင် အကြီးအကဲ မစ္စက် ကယ်ရီ လင်းချန် ယွတ်ငိုနဲ့ တွေ့ဆုံခဲ့ပါတယ်။

ဝန်ကြီး ဦးသောင်းထွန်းက ၂၃ ကြိမ်မြောက် မကာအို အပြည်ပြည်ဆိုင်ရာ ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုပြပွဲကို တက်ရောက်ဖို့ ဟောင်ကောင်ကို ရောက်ရှိနေတာ ဖြစ်ပါတယ်။

အောက်တိုဘာလ ၁၆ ရက်နေ့က တွေ့ဆုံပွဲမှာ မြန်မာနိုင်ငံနဲ့ ဟောင်ကောင် အထူးအုပ်ချုပ်ရေး ဒေသကြား ရင်းနှီးမြှုပ်နှံမှု မြှင့်တင်ရေး၊ ခရီးသွားလုပ်ငန်း မြှင့်တင်ရေး၊ သဘာဝဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု၊ အခြေခံ အဆောက်အအုံဆိုင်ရာ စီမံခန့်ခွဲမှု၊ အသက်မွေး ပညာဆိုင်ရာ ကဏ္ဍနဲ့ ဝန်ထမ်းတွေရဲ့ စွမ်းဆောင်ရည် မြှင့်တင်ရေးဆိုင်ရာတို့မှာ ပူးပေါင်းဆောင်ရွက်ရေးတွေကို ဆွေးနွေးခဲ့ပါတယ်။

?bph6